YSP visits Natural Resources and Environmental Conservation Committee on Groundwater Management Bill

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science) မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သွားရောက်ရှင်းလင်းတင်ပြ
—————————————————————-
၂၀-၀၈-၂၀၂၀ (ကြာသာပတေး) နေ့က ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း(Yangon School of Political Science)ဦးဆောင်သော CSOများ၊ ဉပဒေပညာရှင်များ၊ မြေအောက်ရေပညာရှင်များပါဝင်သည့် အဖွဲ့သည် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသို့ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့် ပါတ်သက်၍သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေအမြင်စကားဝိုင်းမှ သက်ဆိုင်ရာပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဆွေးနွေးခဲ့သည့် အကြံပြုချက်များပါဝင်သည့် Three Column Recommendation ကို အခြေခံကာ ဆွေးနွေးပြောကြားခဲ့ကြပြီး ကော်မတီမှလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
“၂၀၁၉ခုနှစ်က ပြည်သူ့လွတ်တော်မှာ မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းကို အဆိုပြုတင်သွင်းခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ဆက်လက်တင်ပြဆွေးနွေးရာတွင် မြေအောက်ရေအရင်းအမြစ်များစီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာဥပဒေပြဌာန်းချက်များ ပိုမိုပြည့်စုံစွာပါဝင်လာနိုင်စေရေးအတွက် မိမိတို့ သက်ဆိုင်ရာပညာရှင်များ၊ ဥပဒေပညာရှင်များပါဝင်သော အဖွဲ့မှ လာရောက် ဆွေးနွေးခြင်းဖြစ်သည်” ဟု ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သော စိမ်းလန်းအမိမြေမှ မြေအောက်ရေကျွမ်းကျင်သူ ဦးဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *