Workshop on Reformation of State-Owned Enterprises in MEITI

ဒုတိယအကြိမ် တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပ

သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့မှ ကျင်ပပြုလုပ်သော တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မြတော်ဝင်ဟိုတယ်၌ (၁၁.၉.၂၀၁၉)ရက်နေ့မှ (၁၂.၉.၂၀၁၉)ရက်နေ့အထိ (၂) ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ နှင့် ဗဟိုစာရင်းအင်းအဖွဲ့အစည်း၊ ငွေတိုက်ဦးစီးဌာနမှ သက်ဆိုင်ရာကိုယ်စားလှယ်များမှ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင်ပါဝင်တက်ရောက်ခဲ့ပြီး၊ ဒုတိယနေ့တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန နှင့် စီမံကိန်းစစ်ဆေးရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များပါဝင်တက်ရောက် ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် MEITI သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ဝင်ဖြစ်သော စိမ်းလန်းအမိမြေဥက္ကဌ ဦးဝင်းမျိုးသူအပါအဝင် ညွှန်ပေါင်းအဖွဲ့ဝင်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာဌာနတစ်ခုချင်းစီနှင့် တွေ့ဆုံကာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး (SOEs Reform) နှင့်စပ်လျဉ်း၍ ၎င်းတို့၏ တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့် ပထမအကြိမ်မှ စတုထ္ထအကြိမ်ထိ ထုတ်ပြန်ထားသည့် MEITI အစီရင်ခံစာများနှင့် သစ်တောကဏ္ဍအစီရင်ခံစာများတွင်ပါဝင်သည့် အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိသည်များကို သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်းသတင်းရရှိသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၏ ရလာဒ်များကိုအခြေခံ၍ ဒုတိယအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။    

(ZawGyi ျဖင့္ဖတ္ရန္)

ဒုတိယအၾကိမ္ တြင္းထြက္သယံဇာတထုတ္ယူသံုးစြဲမႈႏွင့္ သက္ဆိုင္ေသာ ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႔အစည္းမ်ား ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာအလုပ္ရံုေဆြးေႏြးပြဲ ေနျပည္ေတာ္တြင္က်င္းပ

MEITI သံုးပြင့္ဆိုင္ ညႊန္ေပါင္းအဖြဲ႔မွ က်င္ပျပဳလုပ္ေသာ တြင္းထြက္သယံဇာတထုတ္ယူသံုးစြဲမႈႏွင့္သက္ဆိုင္ေသာ ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႔အစည္းမ်ား ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ဒုတိယအၾကိမ္ အလုပ္ရုံေဆြးေႏြးပြဲကို ေနျပည္ေတာ္၊ ျမေတာ္ဝင္ဟိုတယ္၌ (၁၁.၉.၂၀၁၉)ရက္ေန႔မွ (၁၂.၉.၂၀၁၉)ရက္ေန႔အထိ (၂) ရက္ၾကာ   က်င္းပျပဳလုပ္ခဲ့ပါသည္။

အလုပ္ရံုေဆြးေႏြးပြဲသို႔ သစ္ေတာဦးစီးဌာန၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ၾကီးဌာနမွ ကိုယ္စားလွယ္မ်ား၊ ရသံုးမွန္းေျခေငြစာရင္းဦးစီးဌာန၊ စီမံကိန္းႏွင့္ ဘ႑ေရးဝန္ၾကီးဌာနမွ ကိုယ္စားလွယ္မ်ား ႏွင့္ ဗဟိုစာရင္းအင္းအဖြဲ႔အစည္း၊ ေငြတိုက္ဦးစီးဌာနမွ သက္ဆိုင္ရာကိုယ္စားလွယ္မ်ားမွ အလုပ္ရံုေဆြးေႏြးပြဲ ပထမေန႔တြင္ပါဝင္တက္ေရာက္ခဲ့ျပီး၊ ဒုတိယေန႔တြင္ စီမံကိန္းေရးဆြဲေရးဦးစီးဌာန  ႏွင့္ စီမံကိန္းစစ္ေဆးေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာန၊ ျမန္မာ့ေရနံႏွင့္သဘာဝဓါတ္ေငြ႔လုပ္ငန္း ေရနံႏွင့္သဘာဝဓါတ္ေငြ႔စီမံေရးဦးစီးဌာန၊ သတၱဳတြင္းဦးစီးဌာန ႏွင့္ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ သက္ဆိုင္ရာ ကိုယ္စားလွယ္မ်ားပါဝင္တက္ေရာက္ ခဲ့သည္။

အလုပ္ရံုေဆြးေႏြးပြဲတြင္ MEITI သံုးပြင့္ဆိုင္ ညႊန္ေပါင္းအဖြဲ႔ဝင္ျဖစ္ေသာ စိမ္းလန္းအမိေျမဥကၠဌ ဦးဝင္းမ်ိဳးသူအပါအဝင္ ညႊန္ေပါင္းအဖြဲ႔ဝင္ကိုယ္စားလွယ္မ်ားမွ သက္ဆိုင္ရာဌာနတစ္ခုခ်င္းစီႏွင့္ ေတြ႔ဆံုကာ ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႔အစည္းမ်ား ျပဳျပင္ေျပာင္းလဲေရး (SOEs Reform) ႏွင့္စပ္လ်ဥ္း၍ ၎တို႔၏ တိုးတက္မႈအေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

ဆက္လက္၍ သက္ဆိုင္ရာအစိုးရဌာနမ်ားအေနျဖင့္ ပထမအၾကိမ္မွ စတုထၳအၾကိမ္ထိ ထုတ္ျပန္ထားသည့္ MEITI အစီရင္ခံစာမ်ားႏွင့္ သစ္ေတာက႑အစီရင္ခံစာမ်ားတြင္ပါဝင္သည့္ အၾကံျပဳခ်က္မ်ားအေပၚ ေဆာင္ရြက္ျပီးစီးမႈမ်ား၊ လက္ရွိေဆာင္ရြက္ခ်က္မ်ားႏွင့္ ဆက္လက္ေဆာင္ရြက္မည့္လုပ္ငန္းစဥ္မ်ားႏွင့္ ေဆာင္ရြက္ထားရွိသည္မ်ားကို သံုးပြင့္ဆိုင္ညႊန္ေပါင္းအဖြဲ႔ ကိုယ္စားလွယ္မ်ားႏွင့္ ညိွႏိႈင္းေဆြးေႏြးခဲ့ ေၾကာင္းသတင္းရရွိသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲ ကို ပထမအၾကိမ္ အလုပ္ရံုေဆြးေႏြးပြဲ၏ ရလာဒ္မ်ားကိုအေျခခံ၍ ဒုတိယအၾကိမ္က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း၊ ပထမအၾကိမ္ တြင္းထြက္သယံဇာတထုတ္ယူသံုးစြဲမႈႏွင့္သက္ဆိုင္ေသာ ႏိုင္ငံပိုင္စီးပြားေရးအဖြဲ႔အစည္းမ်ား ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာအလုပ္ရံုေဆြးေႏြးပြဲ ကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔မွ (၂၂) ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *