Which one will be prioritized: Water distribution or Biodiversity Conservation?

“မိုးယွန်းကြီးအင်းက လက်ရှိရေပေးဝေရေးမှာလည်းအဓိကဖြစ်နေတယ်၊ သားငှက်ထိန်းသိမ်းရေးမှာလည်း နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ရမ်ဆာဒေသ ဖြစ်နေတယ်၊ အဲဒီတော့ ရေပေးဝေရေးကိုဦးစားပေးမလား၊ သားငှက်ထိန်းသိမ်းရေးကို ဦးစားပေးမလား ဆိုတာ မူဝါဒတစ်ခုချမှတ်ပေးမှ ဖြစ်မယ်” ဟု ပဲခူးတိုင်းသယံဇာတ ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။

အဆိုပါကိစ္စရပ်ကို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပတ်ဝန်းကျင်ရေးရာကော်မတီ မှ ဦးဆောင်၍ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့်အတူ ၁၂.၁.၂ဝ၁၉ ရက်နေ့မှ ၁၃.၂.၂ဝ၁၉ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ဝေါမြို့နယ်တွင်းရှိ မိုးယွန်းကြီးအင်းဘေးမဲ့တော (MoeYunGyi Wildlife Sanctuary) သို့လေ့လာရေးခရီး သွားရောက်ခဲ့စဉ်က ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုးယွန်းကြီးအင်းသည်ယခင်က စစ်တောင်းနှင့်ပဲခူးမြစ်တို့ကို ဆက်သွယ်ထားသည့် တူးမြောင်းသို့ရေဖြည့်ပေးနိုင် ရန် ၁၉ဝ၄ ခုနှစ်က တည်ဆောက်ခဲ့သည့် ရေလှောင်တမံဖြစ်ပြီး ၄ဝ စတုရန်းမိုင် (၂၅၆ဝဝဧက) ကျယ်ဝန်းသည်။ ၁၉၈၈ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မိုးယွန်းကြီးအင်းဘေးမဲ့တောအဖြစ်သတ်မှတ်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Ramsar Site အဖြစ်နိုင်ငံတကာအသိအမှတ်ပြုခြင်းခံရသည့် နေရာဒေသတစ်ခုလည်းဖြစ်သည်။

မိုးယွန်းကြီးအင်းသည် ဒေသခံတို့အတွက် စိုက်ပျိုးရေရရှိရေးအတွက်သာမကဘဲ တနိုင်တပိုင်ငါးဖမ်းခြင်း၊ တိရစ္ဆာန်အစာနှင့် စားကျက်များအတွက်အသုံးပြုနိုင်ခြင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေ နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း တို့ကြောင့် လူနှင့်ဂေဟစနစ်ကို အကျိုးပြုလျက်ရှိနေသည်။

“ကျွန်တော်တို့က NLD ပါတီအနေနဲ့ပတ်ဝန်းကျင်ရေးရာကော်မတီပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးလေ့လာ ရေးခရီးဖြစ်တယ်၊ ဒီခရီးစဉ်ရဲ့နောက်ဆက်တွဲအနေနဲ့ လိုအပ်တဲ့သုတေသနလုပ်ငန်းတွေကို စိမ်းလန်းအမိမြေ အဖွဲ့နဲ့ပဲဆက်လုပ်သွားမှာဖြစ်တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခင်ဇော်လင်းက ပြောသည်။

အဆိုပါခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပဲခူးတိုင်းဝန်ကြီးချုပ်၊ ပဲခူးတိုင်းသယံဇာတဝန်ကြီး၊ သစ်တော၊ ဆည်/မြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ နှင့်တွေ့ဆုံဆွေးနွေးခြင်း။ မိုးယွန်းကြီးရေဝပ်ဒေသပညာပေးပြခန်းတွင်းလှည့်လည်ကြည့်ရှုခြင်း မိုးယွန်းကြီးအင်းအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ မိုးယွန်းကြီးအင်းကိုမှီခိုနေသည့် အနီးနားကျေးရွာ(၂)ရွာသို့သွားရောက်၍ ကျေးရွာသူ/သားများဖြင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည် ဟုသတင်းရရှိပါသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *