Water Turning Black in Hpa-An

တန်၄၀၀၀ ကျောက်မီးသွေးဘိလပ်မြေစက်ရုံအနီးကျေးရွာများရေအမဲရောင်ပြောင်းလဲနေခြင်းကို သိရှိနိုင်ရန် ALARM မှရေနမူနာကောက်ယူ

တန်၄၀၀၀ ကျောက်မီးသွေးဘိလပ်မြေစက်ရုံအနီး ကျေးရွာများ ရေအမဲရောင်ပြောင်းလဲနေခြင်း အကြောင်းအရင်းကိုသိရှိနိုင်ရန် ကရင်ပြည်နယ် MATA အဖွဲ့၏ တောင်းဆိုမှုအရ အဆိုပါကျေးရွာတစ်ချို့မှ ရေနမူနာများကို ALARM မှ သွားရောက်ရယူပြီး Alarm-EcoLab တွင် စမ်းသပ်စစ်ဆေးမှုပြုလုပ်နေပြီဖြစ်သည်။
ဖြစ်ပုံမှာ လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က ကရင်ပြည်နယ်၊ ဖားအံမြို့ တစ်ဝိုက် ကျေးရွာများရှိ ကန်များ၊ ချောင်းများတွင် ရေများမည်းနက်လာမှုကြောင့် ဒေသခံများစိုးရိမ်ပူပန်မှု မြင့်တက်ခဲ့ရသည်။ အဆိုပါရေများ မည်းနက်လာမှုကြောင့် ကန်များ၊ ချောင်းများ ရှိ ငါးများ သေဆုံးခဲ့သည်ဟုသိရှိရသည်။
အောက်တိုဘာလအစောပိုင်းခန့်က ဖားအံမြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ ဘားကပ် ကျေးရွာ ဒေသခံတို့မှ ၎င်းတို့နေအိမ်ရှိ ရေတွင်းများ၊ ရေကန်များ အနက်ရောင်ပြောင်းလဲသွားသည်ကို တွေ့ရှိရာကစပြီး ရေများကိုအသုံးမပြုရန် အဝံ့မရဲဖြစ်နေကြသည်။
ဖြစ်ပုံမှာ ဒေသခံများပြောကြားချက်အရ ဤသို့ရေများအရောင်ပြောင်းလဲလာခြင်းမှာ အနီးရှိ မြိုင်ကလေး တန်၄၀၀၀ ကျောက်မီးသွေးဘိလပ်မြေစက်ရုံအနီး မှ ကျောက်မီးသွေးများကို ကျေးရွာများအနီး မဆင်မခြင် စွန့်ပြစ်မှုကြောင့် ဖြစ်သည်ဟု သိရသည်။ စက်ရုံမှ စွန့်ပြစ်ပစ္စည်းများကို အပြင်မှာ ပုံထားကြောင်း၊ ထိုအချိန်တွင်မိုးရွာသဖြင့် အနီးရှိ ကျေးရွာများ သို့စိမ့်ဝင်သည်လည်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရသိရသည်။
ကောက်ယူရရှိသောရေနမူနာများ၏ ရလဒ်များကို မကြာမီအချိန်တွင် ALARM Myanmar page, Myanmar Green affair page နှင့် ဝက်ဆိုဒ် www.alarmmyanmar.org တို့၌ ထုတ်ပြန်သွားပါမည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *