Training on Rural Development and Environmental Management in NAGA

စိမ်းလန်းအမိမြေ မှ ကြီးမှူးကျင်းပသော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း အား တို

၌ ပြုလုပ်

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် သစ်တောစီမံအုပ်ချုပ်မှုကောင်းမွန်ရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာဆောင်ရွက်လိုသည့် လူငယ် များကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိရာ ယခုအခါတွင် “ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း”အား ၂၀၂၀ခုနှစ် မတ်လ ၁၀ရက်နေ့မှ ၁၂ ရက်နေ့အထိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော လေရှီးမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဒေသဖွံ့ဖြိုးရေး အတွက်အားထားရသော လူ့စွမ်းအားအရင်း အမြစ်များ တိုးပွားလာစေရေးနှင့် ကျေးလက်နေ ဒေသခံများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖော်ထုတ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပြီး၊ သင်တန်းကြေးမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် တက်ရောက်လာသော လေရှီးဒေသခံများအား စိမ်းလန်းအမိမြေ၏ သင်တန်းနည်းပြများမှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအယူအဆနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ဖွံ့ဖြိုးရေးလိုအပ်ချက်များဖော်ထုတ်သည့် နည်းလမ်းများ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ စီမံခန့်ခွဲမှုလည်ပတ်ပုံ စသည့် အသိပညာများအပြင် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို လက်တွေ့ဖော်ထုတ်နိုင်သည့် နည်းလမ်းများဖြစ်သော ပြဿနာဆန်းစစ်ခြင်းနှင့် လူထူပူးပေါင်းပါဝင်သော အကဲဖြတ်ခြင်းနည်းလမ်းများ ကို သင်ထောက်ကူပြု ပျော်ရွင်ဖွယ်ကစားနည်းများ ဖြင့် သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
သင်တန်းသို့ လေရှီးမြို့နယ်မှ ဒေသခံ သင်တန်းသား ကျား၊မ စုစုပေါင်း ၅၂ ယောက် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့ တွင် ပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း လက်ရှိ အဆုတ်ရောင်ကူးစက်မြန်ရောဂါ အန္တရာယ်ကြောင့် လဟယ်မြို့နယ်၌ ပြုလုပ်မည့် “ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်တန်း” အား ဆိုင်းငံထားကြောင်းနှင့် လက်ရှိတွင် လေရှီးမြို့နယ်တစ်ခုတည်းသာပြုလုပ်ပြီးစီးကြောင်း သင်တန်းတွင် ဆရာအဖြစ်ပါဝင်ပို့ချခဲ့သော စိမ်းလန်းအမိမြေ၏ သင်တန်းကျွမ်းကျင်သူဦးသီဟထွန်းမှ ပြောကြားခဲ့သည်။

Project circle management

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *