“Training on Land and Politics” and “Organizational Capacity Building Training” held in Mawlamyine

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ “မြေယာနှင့် နိုင်ငံရေးသင်တန်း”  နှင့် “အဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” များ ကို မော်လမြိုင်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့မှ နိုင်ဝင်ဘာ (၂) ရက်နေ့အထိ တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်မှ (၁၂) ရက်အထိတစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ကျင်းပခဲ့သည်။ သင်တန်းတွင် အသစ်ပြန်လည်ဖွဲ့စည်းသည့် မွန်ညီညွှတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း  ခေါင်းဆောင်၊  ကျား ၆၃ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၇၄ ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် “မြေယာနှင့်ပတ်သက်၍ ဖယ်ဒရယ်နှင့် ဆန့်ကျင်နေသော မြေယာ ပုဒ်မများ၊ ဖယ်ဒရယ် စင်တာ၊ ဖြစ်သင့်သော ဖက်ဒရယ် မြေအသုံးချမှုပုံစံများ၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဖယ်ဒရယ်စနစ်နှင့် ဒီမိုကရေစီနှင့် သက်ဆိုင်သည့် နိုင်ငံရေး သီအိုရီများအပြင်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည်များ ဆွေးနွေးသင်ကြားခဲ့ကြသည်” ဟု သင်တန်းတာဝန်ခံဖြစ်သူ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးခင်မောင်ရင်က ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ မွန်နိုင်ငံရေးပါတီသစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့်အခါ နိုင်ငံရေးအခြေခံအသိ ရသွားစေရန် ဖြစ်ကြောင်းသိရသည်။ “အဓိကအနေနဲ့ ပါတီနှစ်ခု ပူးပေါင်းတဲ့အချိန်မှာ ထိပ်ပိုင်းခေါင်ဆောင် အတန်းမှာ လူသစ်တန်းတွေ အများကြီး ပါဝင်လာပါတယ်။ ပီးတော့ ပါတီအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်ပြီးပါဝင်ရမယ့်အနေအထားကလည်း ရှိနေပါတယ်။ ပါတီခေါင်းဆောင်ငယ်တော်တော်များများက ဒီမြေယာတို့၊ သယံဇာတကိစ္စတို့ စတာတွေမှာ အတွေ့အကြုံနဲနေသေးတယ်။ ဒီသင်တန်းမှာ အသေးစိတ်လေ့လာသင်ယူခွင့် ရကြပါတယ်”ဟု မွန်ပါတီ၏ ဒုတိယဥက္ကဋ္ဌ နိုင်ချမ်းတွဲကပြောသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *