ပတ္ဝန္းက်င္ေရးရာ ဆန္းစစ္ျခင္းႏွင့္ စီမံခန္႔ခြဲမႈသင္တန္း (UMFCCI)၌ က်င္းပ
ျမန္မာႏိုင္ငံသတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (MFMA)ႏွင့္ စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္းတို႔ ပူးေပါင္းက်င္းပေသာ ပတ္ဝန္းက်င္ေရးရာဆန္းစစ္ျခင္း ႏွင့္ စီမံခန္႔ခြဲမႈသင္တန္း ကို ၾသဂုတ္လ၊ ၂၃ ရက္မွ ၂၆ ရက္အထိ ၄ ရက္ၾကာ ရန္ကုန္ျမိဳ႕၊ လမ္းမေတာ္ျမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္း ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI)၌ က်င္းပခဲ့သည္။
ျမန္မာႏိုင္ငံ တြင္းရွိ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား သည္ ၎တို႔ သတၱဳတူးေဖာ္ရာ၌ ECC (Environmental Compliance Certificate)၏လက္ရွိဥပေဒေရးရာ လိုအပ္ခ်က္ေၾကာင့္ Environmental Impact Assessment (EIA)/ Environmental Management Plan (EMP) ကိုေရးဆြဲရာ၌ လက္ရွိတြင္ EIA/EMP စုစုေပါင္း ၁၀၀၀ ေက်ာ္ရွိသည့္အနက္ အမ်ားစုမွာအရည္အေသြးမျပည့္မွီေၾကာင္း၊ ထို EIA/EMP မ်ားကို သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ၾကီးဌာန မွ ျပန္လည္စစ္ေဆးသည့္အခါတြင္လည္း အခက္အခဲမ်ားရွိေနေသာေၾကာင့္ လိုင္စင္ ျပန္ခ်ေပးရာ၌ ေႏွာင့္ေႏွးၾကန္႔ၾကာေနေၾကာင္း၊ ထို႔ေၾကာင့္ လိုင္စင္ျပန္လည္ခ်ေပးေရး အေထာက္အကူျဖစ္ေစရန္၊ သတၱဳ တူးေဖာ္ေရးကုမၸဏီမ်ား EIA/EMP မ်ားေရးဆြဲရာ၌ အေထာက္အကူရေစႏိုင္ရန္ရည္ရြယ္၍ ပတ္ဝန္းက်င္ေရးရာ ဆန္းစစ္ျခင္းႏွင့္ စီမံခန္႔ခြဲမႈသင္တန္း ကို က်င္းပရျခင္းျဖစ္သည္ဟု သတင္းရရွိသည္။
ပတ္ဝန္းက်င္ထိခိုက္မႈ ဆန္းစစ္ျခင္းဆိုင္ရာ လုပ္ထံုးလုပ္နည္း(EIA Procedure) သည္ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္း ျပဳလုပ္ရန္လိုအပ္သည့္ စီမံကိန္းတစ္ခု (တစ္နည္းအားျဖင့္) ဆိုးက်ိုးသက္ေရာက္မႈမ်ား ျဖစ္ေပၚလာႏိုင္သည္ဟု ဝန္ၾကီးဌာန က သတ္မွတ္ထားသည့္ ယင္းစီမံကိန္း ၏ ပတ္ဝန္းက်င္အေပၚအက်ိဳးသက္ေရာက္မႈကို လုပ္ငန္းမစမွီ ဆန္းစစ္ေသာ လုပ္ထံုးလုပ္နည္းတစ္ခုျဖစ္ျပီး၊ ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈအစီအစဥ္ (EMP) သည္ EIA ၏ လုပ္ထံုးလုပ္နည္းတြင္ ပါဝင္၍ ေရးဆြဲတင္ျပရန္ လိုအပ္ေၾကာင္း သတ္မွတ္သည့္ စီမံကိန္းအမ်ိဳးအစားအတြက္ စီမံကိန္းအဆိုျပဳသူသည္ ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈအစီအစဥ္ေရးဆြဲျခင္းကို မိမိကိုယ္တိုင္ေသာ္ လည္းေကာင္း၊ လုပ္ပိုင္ခြင့္ရရွိထားေသာ အဖြဲ့အစည္းကိုခန္႔အပ္၍ လည္းေကာင္း ေရးဆြဲႏိုင္သည္။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ လိုက္နာေဆာင္ရြက္မႈ သက္ေသခံလက္မွတ္ (ECC) ကို ျမန္မာႏိုင္ငံအတြက္ EIA Procedure ကို သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဌာနမွ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ စတင္ျပဌာန္းခဲ့သည္။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ လိုက္နာေဆာင္ရြက္မႈ သက္ေသခံလတ္မွတ္ (ECC) ကို သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ၾကီးဌာနမွ ခ်မွတ္ထားေသာ ECC စည္းကမ္းစည္းမ်ဥ္းမ်ားႏွင့္အညီ၊ လိုက္နာေဆာင္ရြက္ေသာ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စီမံကိန္းမ်ားကိုသာ ဝန္ၾကီးဌာနမွ ထုတ္ေပးျခင္းျဖစ္သည္။
သင္တန္းတြင္ ပထမေန႔တြင္ ပတ္ဝန္းက်င္တည္တံ့ခိုင္ျမဲ၍ ေရရွည္အစဥ္မျပတ္ ဖြံ႔ ျဖိဳးတိုးတက္ေရး သယံဇာတအျမတ္ထုတ္ျခင္း၏ မညီမွ်ေသာတန္ဖိုးႏွင့္ အက်ိဳးအျမတ္မ်ား၊ ပတ္ဝန္းက်င္ေရးရာ အယူမွားမ်ား စသည္တို႔ကို အဓိကထားသင္ၾကားခဲ့ေၾကာင္း၊ ဒုတိယေန႔တြင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဥပေဒပါ ျပဌာန္းခ်က္မ်ား၊ ျမန္မာ့သတၱဳတြင္း လုပ္ငန္းမ်ားအတြက္ ပတ္ဝန္းက်င္ဆိုင္ရာ စည္းေဘာင္မ်ား၊ State of the Environment သဘာဝပတ္ဝန္းက်င္ အေျခအေနေဖာ္ျပခ်က္ စသည္တို႔ကို အဓိကထားသင္ၾကားခဲ့ေၾကာင္း၊ တတိယေန႔တြင္ ပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္မည့္ ေနရာျပေျမပံု၊ သဘာဝပတ္ဝန္းက်င္ ၾကည္ရႈေစာင့္ေရွာက္ေရးႏွင့္ စီမံခန္႔ခြဲမႈဆိုင္ရာ အစီအစဥ္မ်ား၊ အဓိကထားသင္ၾကားခဲ့ေၾကာင္း၊ သင္တန္းေနာက္ဆံုးေန႔တြင္ ပတ္ဝန္းက်င္ထိခိုက္မႈ ေလ်ာ့နည္းေအာင္ သတၱဳတူးေဖာ္ျခင္းဆိုင္ရာ အေၾကာင္းအရာမ်ား၊ လုပ္ငန္းခြင္ အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ဗဟုသုတမ်ား ႏွင့္ ျပည္သူပူးေပါင္းပါဝင္ေရးဆိုင္ရာ လမ္းညြန္ မ်ား အား အဓိကထားသင္ၾကားခဲ့ျပီး၊ ေနာက္ဆံုးတြင္ သင္တန္းဆင္းလက္မွတ္ ေပးအပ္ပြဲျဖင့္ သင္တန္းအားအဆံုးသတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါသင္တန္းသို႔ စိမ္းလမ္းအမိေျမ၏ ဥကၠဌ ဦးဝင္းမ်ိုးသူ မွ သင္တန္းနည္းျပအျဖစ္ တက္ေရာက္ခဲ့ျပီး၊ သင္တန္းသားမ်ားအျဖစ္ ျမန္မာႏိုင္ငံ သတၱဳလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ အသင္းဝင္မ်ား၊ အနယ္နယ္ အရပ္ရပ္မွ စီးပြားေရးသမားမ်ား၊ က်ြမ္းက်င္ ပညာရွင္မ်ား တက္ေရာက္ခဲ့သည္ဟု သတင္းရရွိသည္။

သင္တန္းဆင္း လတ္မွတ္ ေပးအပ္ေနစဥ္

သင္တန္းသားမ်ား

သင္တန္းသားမ်ားသိလိုသည္မ်ားကို ALARM ဥကၠဌမွ ရွင္းလင္းေျဖၾကားေနစဥ္

ဦးသီဟထြန္း (ALARM) ႏွင့္ သင္တန္းသားမ်ား ေလ့က်င့္ခန္းျပဳလုပ္ ေနစဥ္



စိမ္းလန္းအမိေျမ အသင္းသားမ်ားႏွင့္ သင္တန္းသားမ်ား အမွတ္တရ ဓါတ္ပံုရိုက္စဥ္
Unicode##
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် (MFMA)နှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော ပတ်ဝန်းကျင်ရေးရာဆန်းစစ်ခြင်း နှင့် စီမံခန့်ခွဲမှုသင်တန်း ကို သြဂုတ်လ၊ ၂၃ ရက်မှ ၂၆ ရက်အထိ ၄ ရက်ကြာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ တွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ သည် ၎င်းတို့ သတ္တုတူးဖော်ရာ၌ ECC (Environmental Compliance Certificate)၏လက်ရှိဥပဒေရေးရာ လိုအပ်ချက်ကြောင့် Environmental Impact Assessment (EIA)/ Environmental Management Plan (EMP) ကိုရေးဆွဲရာ၌ လက်ရှိတွင် EIA/EMP စုစုပေါင်း ၁၀၀၀ ကျော်ရှိသည့်အနက် အများစုမှာအရည်အသွေးမပြည့်မှီကြောင်း၊ ထို EIA/EMP များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ပြန်လည်စစ်ဆေးသည့်အခါတွင်လည်း အခက်အခဲများရှိနေသောကြောင့် လိုင်စင် ပြန်ချပေးရာ၌ နှောင့်နှေးကြန့်ကြာနေကြောင်း၊ ထို့ကြောင့် လိုင်စင်ပြန်လည်ချပေးရေး အထောက်အကူဖြစ်စေရန်၊ သတ္တု တူးဖော်ရေးကုမ္ပဏီများ EIA/EMP များရေးဆွဲရာ၌ အထောက်အကူရစေနိုင်ရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုသင်တန်း ကို ကျင်းပရခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(EIA Procedure) သည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းတစ်ခု (တစ်နည်းအားဖြင့်) ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဝန်ကြီးဌာန က သတ်မှတ်ထားသည့် ယင်းစီမံကိန်း ၏ ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုကို လုပ်ငန်းမစမှီ ဆန်းစစ်သော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) သည် EIA ၏ လုပ်ထုံးလုပ်နည်းတွင် ပါဝင်၍ ရေးဆွဲတင်ပြရန် လိုအပ်ကြောင်း သတ်မှတ်သည့် စီမံကိန်းအမျိုးအစားအတွက် စီမံကိန်းအဆိုပြုသူသည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းကို မိမိကိုယ်တိုင်သော် လည်းကောင်း၊ လုပ်ပိုင်ခွင့်ရရှိထားသော အဖွဲ့အစည်းကိုခန့်အပ်၍ လည်းကောင်း ရေးဆွဲနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို မြန်မာနိုင်ငံအတွက် EIA Procedure ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနမှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စတင်ပြဌာန်းခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလတ်မှတ် (ECC) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော ECC စည်းကမ်းစည်းမျဉ်းများနှင့်အညီ၊ လိုက်နာဆောင်ရွက်သော စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကိုသာ ဝန်ကြီးဌာနမှ ထုတ်ပေးခြင်းဖြစ်သည်။
သင်တန်းတွင် ပထမနေ့တွင် ပတ်ဝန်းကျင်တည်တံ့ခိုင်မြဲ၍ ရေရှည်အစဉ်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေး သယံဇာတအမြတ်ထုတ်ခြင်း၏ မညီမျှသောတန်ဖိုးနှင့် အကျိုးအမြတ်များ၊ ပတ်ဝန်းကျင်ရေးရာ အယူမှားများ စသည်တို့ကို အဓိကထားသင်ကြားခဲ့ကြောင်း၊ ဒုတိယနေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပါ ပြဌာန်းချက်များ၊ မြန်မာ့သတ္တုတွင်း လုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ စည်းဘောင်များ၊ State of the Environment သဘာဝပတ်ဝန်းကျင် အခြေအနေဖော်ပြချက် စသည်တို့ကို အဓိကထားသင်ကြားခဲ့ကြောင်း၊ တတိယနေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည့် နေရာပြမြေပုံ၊ သဘာဝပတ်ဝန်းကျင် ကြည်ရှုစောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များ၊ အဓိကထားသင်ကြားခဲ့ကြောင်း၊ သင်တန်းနောက်ဆုံးနေ့တွင် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် သတ္တုတူးဖော်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ နှင့် ပြည်သူပူးပေါင်းပါဝင်ရေးဆိုင်ရာ လမ်းညွန် များ အား အဓိကထားသင်ကြားခဲ့ပြီး၊ နောက်ဆုံးတွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲဖြင့် သင်တန်းအားအဆုံးသတ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းသို့ စိမ်းလမ်းအမိမြေ၏ ဥက္ကဌ ဦးဝင်းမျိုးသူ မှ သင်တန်းနည်းပြအဖြစ် တက်ရောက်ခဲ့ပြီး၊ သင်တန်းသားများအဖြစ် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ အသင်းဝင်များ၊ အနယ်နယ် အရပ်ရပ်မှ စီးပွားရေးသမားများ၊ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

0 Comments