“Toward the Sustainable Urban Development” Technical Seminar held in Yangon

“မြို့ပြတွေဖွံ့ဖြိုးတိုးတက်နေတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့တော့ လိုအပ်ပါတယ်၊ မြို့ပြတွေဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ အအောက်အအုံကြီးတွေ အထပ်အမြင့်တွေ အမြောက်အများ တည်ဆောက်လာတာကို ပြောခြင်း မဟုတ်ဘဲနှင့် မြို့သူ မြို့သားတွေ နေချင်စဖွယ် ဖြစ်အောာင် အောင်မြင်လာခြင်းကို ဆိုလိုပါတယ်၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေ၊ ဥပဒေရေးရာပညာရှင်တွေ ၊ Building Codes and Planning for Urban ပညာရှင်တွေ ၊ Finance ပညာရှင်တွေ ပိုက်ဆံ ဘယ်က ရမလဲ ဘယ်ငွေ နှင့် Develop လုပ်မလဲ အဲငွေက ဘယ်လိုမျိုးပြန်လာမလဲ၊ ပြည်သူ့ ပိုက်ဆံတွေနှင့် ဖွံ့ဖြိုးအောင်လုပ်ရသလို private ပိုက်ဆံ နှင့်ပေါင်းပီး လုပ်ရတာ ရှိတယ်၊ အချို့ စီးပွားရေး ပညာရှင်တွေနှင့် ပေါင်းလုပ်ရတာတွေ ရှိတယ်” ဟု ဦးဆောင်ကျင်းပသူ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ ဦးဝင်းမျိုးသူက ပြောသည်။

“စဉ်ဆက်မပြတ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆွေးနွေးပွဲကို Sule Shangri-La Hotel တွင် ၂၀၁၉ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် နံနက် ၈း၃၀ မှ နေ့လည် ၁၂း၃၀ အထိ ကျင်းပခဲ့သည်။ “စဉ်ဆက်မပြတ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆွေးနွေးပွဲကို မြို့ပြစီမံခန့်ခွဲရေး ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ အမှုထမ်းအရာထမ်းများ၊ လွှတ်တော်အမတ်များ၊ အင်ဂျင်နီယာပညာရှင်များ၊ မြို့ပြစီမံခန့်ခွဲမှုပညာရှင်များနှင့် ကျောင်းသားများ၊ လေ့လာသူများ၊ ကျား (၄၁)၊ မ (၃၉)၊ စုစုပေါင်း (၈၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဓိကရည်ရွယ်ချက်မှာ မြို့ပြဖွံဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော လမ်းကြောင်းပေါ်မှ ဆွေးနွေးညှိနှိုင်းစေရန် ဖြစ်ပြီး မျှော်မှန်းရလဒ်များမှာ (၁) မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေပြုရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အဓိကကျသော အချက်များဖြည့်ဆည်းပေးနိုင်ခြင်း၊ (၂) မြို့ပြ အစီအစဉ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းများတွင် ဆန်းသစ်သော နည်းလမ်းများ ပေါ်ထွက်လာခြင်းနှင့် စဉ်ဆက်မပြတ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လူထုအကြားတွင် အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာစေခြင်းတို့ ဖြစ်သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ Block Chain နည်းပညာအကြောင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ပတ်သက်နေသည့် မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ ကျင့်သုံးနေသည့် Planning Code နှင့် Building Code များအကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိနေသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများ အကြောင်း လေ့လာဆွေးနွေးခွင့် ရရှိခဲ့ကြပြိး “မြို့ပြဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ပညာရှင်များက ဦးဆောင်ဆွေးနွေး ပေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်း တက်ကြွစွာ မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *