ToT on Role of CSOs for Conflict Resolution held in Yangon for five days

သင်တန်းကို ရန်ကုန်မြို့ စကားဝါခန်းမ၊ ဒိုင်းမွန်းကွန်ဒို၊ တာဝါ – E တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းတွင် ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်း အကြောင်း၊ ကွဲပြားမှုကြီးမားသည့် လူ့အဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သယံဇာတ ထုတ်ယူ သုံးစွဲမှု ဆက်စပ်ပုံ၊ FLEGT/EITI နှင့်ပတ်သက်သော အကြောင်းအရာများ၊ သယံဇာတ မြေပုံရေးဆွဲခြင်း ဆိုင်ရာ နည်းစနစ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းဆရာများဖြစ်ကြသော ဦးခင်မောင်ရင်(ဖယ်ဒရယ်နှင့် ဒီမိုကရေစီ လေ့လာသူ) ၊ ဦးဝင်းမျိုးသူ (စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်အသင်းဥက္ကဌ)၊ ဦးထူးအောင်(Program Coordinator, MATA) ၊ ဦးဘောမ်ဇွန်း(သစ်တောနှင့် မြေယာအစီအစဉ်ညှိနှိုင်းရေးမှုး) နှင့် ဦးအေမိုးနိုင် (လူမှုရေးသိပ္ပံပညာရပ်ကျွမ်းကျင်သူ)တို့က ဟောပြောပို့ချခဲ့ကြသည်ဟု သတင်းရရှိသည်။

ဒီသင်တန်းကနေ “ပိုင်ဆိုင်မှုတွေသေချာဖို့ တို့ပိုင်နက်မြေဖော်ထုတ်စို့” ဆိုတဲ့ ကြွေးကျော်သံ ဆောင်ပုဒ်တစ်ခုကို သင်တန်းမှာ ပါဝင်တက်ရောက်သူတွေက စုပေါင်း ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီသင်တန်းကပြန်ရင် သူတို့ရဲ့တိုင်းရင်းသားဒေသတွေမှာ မြေလွတ်မြေရိုင်းဆိုတာမရှိ၊ တိုင်းရင်းသားတွေရဲ့မိရိုးဖလာပိုင်မြေသာလျှင်ရှိသည် ဆိုတဲ့ အစီအစဉ်ကို ရေးဆွဲလုပ်ဆောင်ကြမှာပါ။ အဲဒီအတွက် စိမ်းလန်းအမိမြေအသင်းက နည်းပညာပိုင်းဆိုင်ရာနဲ့ ငွေကြေး ပံ့ပိုးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သင်တန်းတာဝန်ခံ ဦးအေးချမ်းမောင်ကပြောသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် အမြင်ဖွင့်ပညာပေးစည်းရုံးလှုံ့ဆော်ခြင်းနှင့် နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး လက်ရှိ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သယံဇာတ စီမံခန့်ခွဲမှုများကို အရပ်ဘက် အဖွဲ့အစည်းများ  မှန်ကန်ကောင်းမွန်စွာ နားလည်လာစေပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး၊ Joint Peace Fund ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးမှ ပတ်ဝန်းကျင်နှင့် မြေယာအရေး လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်းများကို ဖိတ်ကြားကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

1 Comment

  1. အေးချမ်းမောင်

    တကယ့်အကျိုးရှိတဲ့ သင်တန်းလေးပါ လက်တွေ့ပါတစ်ခါတည်း မိမိဒေသတွေမှာ ပြန်ဆွေးနွေးကြမှာဆိုတော့ အတိုင်းထက်အလွန်ပါဘဲ နောက်သင်တန်းတွေထပ်လုပ်ပါမယ် တက်ရောက်ပေးကြပါခင်ဗျာ

    Reply

Submit a Comment

Your email address will not be published. Required fields are marked *