ကိုဗစ်၁၉၊ ငွေလဲနှုန်း နှင့် Stagflation
Stagflation က ငွေကြေးဖောင်းပွမှု နှုန်း နှင့် အလုပ်လက်မဲ့များနေတဲ့ အခြေအနေပြိုင်တူဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ ပုံမှန်အခြေအနေအရ လူတွေများများအလုပ်ရမယ်ဆိုရင် (အလုပ်လက်မဲ့နှုန်းနည်းရင်) လုပ်ခဝင်ငွေလက်ယားလေးရှိတော့ သုံးကြ ဖြုန်းကျနဲ့ ဝယ်လိုအားတွေတက်ပြီး ငွေဖောင်းပွမှုလဲဖြစ်လေ့ရှိပါတယ်။ ငွေဖောင်းပွပေမဲ့ အလုပ်လေးရှိ အရောင်းအဝယ်တွေဖြစ်နေတော့ တော်သေးတာပေါ့နော်လို့ပြောရပါတယ်။
အဲ့လိုအခြေအနေမျိုးမဟုတ်ပဲ အလုပ်လက်မဲ့တွေများ လို့ ဝယ်လိုအား မယ်မယ်ရရမရှိပေမဲ့ ငွေဖောင်းပွတာ၊ မြင့်တက်တာ ကုန်ဈေးနှုန်းတက်တာ ငွေလဲနှုန်းကျတာတွေ ဖြစ်ရင် Stagflation ဖြစ်ပြီ၊ အလုပ်လဲမရှိ အရောင်းအဝယ်တွေလဲ မဖြစ် ငွေတွေလည်းမလည်ပတ်တော့ပဲ ဂျမ်းဖြစ်သွားမျိုးတွေ တွေ့ကြုံရပြီး Phillips Curve နဲ့ ရှင်းပြလေ့ရှိပါတယ်။ ငွေစက္ကူတွေပိုရိုက်ထုတ်လိုက်လို့ ခုလိုကိုဗစ်ကာလလိုမျိုးမှာ နိုင်ငံခြားကငွေချေးပြီးလူတွေ သုံးရစွဲရအောင်အစိုးရက ဖြန့်ဝေပေးတာမျိုးတွေ၊ စစ်ဖြစ်လို့ ကိုဗစ်လိုကပ်ရောဂါဖြစ်လို့၊ ရေနံဈေးတက်ပြီးရေနံထောက်ပံမှုကို ဖြတ်လိုက်လို့ သယံဇာတကုန်ကြမ်းတွေပြတ်တောက်လို့ စိုက်ပျိုးမြေအသုံးချနိုင်ခြင်တွေမရှိတော့လို့ အစရှိတဲ့ aggregated supply shock and push or aggregated demand pull တွေကြောင့်ဖြစ်တတ်ပါတယ်။
ခုတလော ဒေါ်လာဈေးလဲနှုန်းတွေထိုးကျသွားတာ နောက်ပိုင်း ဗဟိုဘဏ်ဝယ်အားကြောင့်ထင်တယ် နည်းနည်းပြန်တက်လာတာ၊ တရုပ်ယွမ်ဈေးမှာလဲ မြန်မာငွေဈေးက အကျဖက်ရောက်နေတာတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဒေါ်လာလဲနှုန်းကျတော့ပုံစံတမျိုးနဲ့ဖြစ်ပေါ်နေပြီး ငွေလဲနှုန်းနှစ်ခုအပေါ်မှာ ဖြစ်နေတဲ့ မြန်မာငွေကြေး တန်ဖိုးက ကမ္ဘာ့ဈေးကွက်အနေအထားနဲ့ တသမတ်တည်းဖြစ်ပေါ်ပြောင်းလဲနေတာမဟုတ်ပဲ ထူးခြားဖြစ်စဉ်အနေနဲ့ သီးခြားသီဖြစ်ပေါ်နေဟန်ရှိပါတယ်။
အဓိက ဈေးကွက်သဘာဝအရ ဖြစ်နေတာတွေထက် Phillips curve မှာ ရှင်းပြနေသလို အစိုးရရဲ့ မူဝါဒ အကိုင်အတွယ်တွေ အပေါ်မှာ တည်မှီနေတယ်လို့ထင်ပါတယ်။ စစ်မှန်တဲ့လစာဝင်ငွေမဟုတ်တဲ့ ငွေကြေး artificial money supply က ဖန်တီထားတဲ့ ဝယ်လိုအား artificial demand နဲ့ temporary purchasing power ကို ပုံမှန်စီးပွားရေး ကာလ ဈေးကွက်သဘောငြိမ်သွားတဲ့အထိ ဆက်နိုင်မှ recovery စီးပွားရေးနလံထူနိုင်ပါမယ်။ ဒါကြောင့် ကိုဗစ်ကျော်လွန်ပြီးသည့်အချိန် ကာလတခုအထိကို စီးပွားရေးကျားကန်ပေးထားဖို့လိုပါတယ်။
ကိုဗစ်ကပ်ဘေး ကော နောက်ဆက်တွဲ stagflation ကပါ ကျော်လွှားနိုင်ဖို့ ဆုတောင်းပါတယ်။
ဆရာဝင်းမျိုးသူ (၂၂.၁၁.၂၀၂၀)
0 Comments