ကိုဗစ်ရန်ကုန်နဲ့ social distancing
မြန်မာနိုင်ငံရဲ့ ကိုဗစ်၁၉ ဖြစ်ပွားမှုက စဖြစ်ခါစ အချိန်ကနေ လက်ရှိ အောက်တိုဘာ ၁၆ ရက်နေ့အထိ မြင်တွေ့ရတဲ့ ပုံပြမျဉ်း ကို ဖော်ပြထားတာပါ။ ဒီပုံအရ အခြားနိုင်ငံများမှာလို သိသာစွာအတက်အကျတန်းသွားတာမျိုး ပြီးတော့ တခါပြန်ပြီး ထောင်တက်လာတာမျိုး မရှိတဲ့အတွက် ကိုဗစ်အမှန်တကယ် ပထမ လှိုင်းဟာ ဩဂုတ်လ အကုန် စက်တင်ဘာ လဆန်းမှာ ဆိုက်ရောက်လာတာ လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်းမတ်လကနေ ဩဂုတ်လအတွင်း ပုံပြမျဉ်း အတွန့်လေး ၂ ခု ထောင်တက်ထားတာရှိလို့ စက်တင်ဘာလ ဖြစ်ပွားမှုကို တတိယလှိုင်းလို့ဆိုချင်လည်းဆိုနိုင်ပါတယ်။ လက်ရှိမှာ ပြန်ကျလာတာ ဖြစ်တဲ့အတွက် ဒီထက် ပိုမြန်မြန် ကျဆင်းပါစေလို့ ဆုတောင်းပါတယ်။ နောက်နှစ်ပတ်အတွင်း သိသာစွာ ကျဆင်းသွားမယ်လို့လဲ ထင်ပါတယ်။
ကျန်းမာရေးညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာရင် ရောဂါဖြစ်သူတယောက်က သုံးယောက်လောက်ကို ပဲကူးနိုင် တယ် လို့ ရောဂါဗေဒကျွမ်းကျင်သူတွေက ဆိုတာမို့ အောက်တိုဘာလကုန်လောက်မှာ ပိုးတွေ့ လူနာ ၂၀,၀၀၀ လောက်ရန်ကုန်မှာ ရှိနိုင်တယ်လို့ စက်တင်ဘာ လလယ်လောက်က ခန့်မှန်းခဲ့ဘူးပါတယ်။ လက်ရှိ ရန်ကုန်မှာ Oct 14 မှာကို ၂၅၀၀၀ ဖြစ်သွားတာ ဖြစ်လို့ တယောက်ကနေ သုံးယောက်မက ကူးဆက်ပြန့်နံ့ တယ်လို့ယူဆရမလား၊ ဒါမှမဟုတ် unreported cases တွေ ဆေးရုံမရောက်ပဲ လူမသိသူမသိဖြစ်နေတာတွေက ပိုများနေသလား အစရှိသဖြင့်တွေးတောစရာတွေ ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်ဃန်းကျွန်း၊ မရမ်းကုန်းတို့ဟာ ပိုးတွေ့ လူနာ ထောင်ချီကျော်နေပြီး တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်တို့ကလည်း တထောင်နီးပါးကပ်လာနေတာ တွေ့ရပါတယ်။ ကျွန်တော်နေတဲ့ ကမာရွတ်က ခုနစ်ရာနီးပါးနဲ့ အလယ်အလတ်ဖြစ်ပွားမှုရှိတာတွေ့ရပြီး မြို့လယ်ခေါင်မြို့နယ်တွေဖြစ်တဲ့ ဒဂုံ၊လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်ဟာ ၃၀၀ ကျော်လောက်ပဲရှိတာ စိတ်ဝင်စားဘွယ်တွေ့ရပါတယ်။(ပန်းဘဲတန်းဟာ ၅၆၄ နဲ့ လမ်းမတော် က ၅၈၄ နဲ့ ဖြစ်ပွားမှုအလယ်အလတ်ရှိပါတယ်) ကျောက်တံတားမြို့နယ်ကလည်း ၂၄၁ ဦးပဲရှိလို့ ဒဂုံမြို့နယ်ထက် လူနေပိုစိတ်ပေမဲ့ ဖြစ်ပွားမှု ပိုနည်းပါသေးတယ်။ social distancing ကို ပို ဂရုပြုအလေးထား လိုက်နာကျလို့လား လို့လည်းတွေးမိပါတယ်။
ဝင်းမျိုးသူ (၁၅.၁၀.၂၀၂၀)
![]()

0 Comments