Review of Environmental Affairs and Management Seminar WorkShop at YU

ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ ရန်ကုန်တက္ကသိုလ်၌ ကျင်းပ

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ရန်ကုန်တက္ကသိုလ် Environment and Water Studies (EWS) ဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆွေးနွေးပွဲ ကို ရန်ကုန်တက္ကသိုလ် EWS ဌာနတွင် စက်တင်ဘာ (၃၀) ရက်နေ့မှ အောက်တိုဘာ (၂) ရက်နေ့အထိ(၃) ရက်တာ ကျင်းပခဲ့သည်။

သင်တန်းတွင် ပတ်ဝန်းကျင်ရေးရာ အခြေခံ ဗဟုသုတ၊ ပတ်ဝန်းကျင်ရေးရာ ဥပဒေများ၊ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း နည်းစနစ်များ အခြေခံသိကောင်းစရာများ၊ ပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချနိုင်မည့်နည်းလမ်းများသိကောင်းစရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ လူထု အခြေပြု ဆွေးနွေးညှိုနှိုင်း တိုင်ပင်ခြင်းနည်းလမ်းများကို အဓိကထား သင်ကြားခဲ့သည်။

သင်တန်းသို့ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ဌာန၊ ဉပဒေ ဌာန နှင့် ပထဝီ ဌာန မှ ဆရာ/ဆရာမ များ၊ သတ္တုတွင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ MATA မှ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့သည်။

zawgyi


0 Comments

Submit a Comment

Your email address will not be published. Required fields are marked *