မိတ်ဖက်အဖွဲ့အစည်းများနှင့် စိမ်းလန်းအမိမြေဝန်ထမ်းများ၏ သုတေသနစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သော “သုသေတန နည်းနာသင်တန်း” LWF Big Meeting Room ၌ပြုလုပ်
အရပ်ဘက်လူ မှုအဖွဲ့အစည်းများအနေဖြင့် ပတ်ဝန်းကျင်ရေးရာသုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရည်သွေးပြည့် မှီစွာ ဆောင်ရွက်နိုင်ရေးကိုရည်ရွယ်၍ ၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် IDRC (International Development Research Centre) ၏ ထောက်ပံ့မှုဖြင့် “သုတေသန နည်းနာ သင်တန်းကို” နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ရန်ကုန်မြို့၊ ဆင်ဖြူတော်ဟိုတယ်ရှိ LWF Big Meeting Room တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့ အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ပြဿနာအရင်းအမြစ်များကို ဖော်ထုတ်ခြင်း၊ Literature review ပြုလုပ်ခြင်း ၊ သုတေသန မေးခွန်းပြုလုပ်ခြင်း နှင့် ဒီဇိုင်းတည်ဆောက်ခြင်း ၊ Sampling and Sample Size and Variables များဖေါ် ထုတ်ခြင်း ၊ သတင်းအချက်အလက်ကောက်ယူသည့်နည်းစနစ် နှင့် ကောက်ယူမည့်နည်းလမ်းများ ရွေးချယ်ခြင်း ၊ သတင်းအချက်အလက်အားစီမံခန့်ခွဲခြင်း နှင့် သုံးသပ်ခြင်း အပြင် Research ethnics တို့ကို သင်တန်းသားများအားလုံးပါဝင်ဆွေးနွေးနိုင်သည့် အုပ်စုဖွဲ့ဆွေးနွေးခြင်းနည်းစနစ်များ အသုံးပြု၍ ပို့ချခဲ့ကြောင်း သိရသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ သုတေသနအစီရင်ခံစာများသည် အရည်သွေးပိုင်းဆိုင်ရာ (Qualitative Research) လေ့လာမှုများကိုသာ ဇောင်းပေးရေးသားလေ့ရှိကြောင်း ၊ အရည်အတွက်ပိုင်းဆိုင်ရာ (Quantitative Research) ကိုရေးသားမှုကို လည်းအားနည်းလေ့ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အရပ်ဘက်လူ မှုအဖွဲ့အစည်းများအနေဖြင့် ပတ်ဝန်းကျင်ရေးရာသုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရည်သွေးပြည့် မှီစွာ ဆောင်ရွက်နိုင်ရေးကိုရည်ရွယ်၍ အဆိုပါသင်တန်းအားကျင်းပရခြင်းဖြစ်ကြောင်း သင်တန်းသို့တက်ရောက်သော သင်တန်းသား တစ်ဖြစ်လဲ စိမ်းလန်းအမိမြေ၏ Training Assistant ဦးတင်ဦးမှ ပြောကြားခဲ့သည်။
သင်တန်းအား အရည်အသွေးနှင့် အရည်အတွက် သုတေသန နည်းလမ်းများ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်စေရန် နှင့်၊ လူမှုရေး နှင့် သိပ္ပံနည်းပညာဆိုင်ရာ သုတေသနများအား စုစည်းချိတ်ဆက်ဆောင်ရွက်စေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး၊ ပေါင်းကူးအဖွဲ့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားစိတ်ပါဝင်စား သည့်သူများ ၊ သူရိယစန္ဒအဖွဲ့ နှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဝန်ထမ်း စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


“သင်တန်းတက်ရောက်ပြီး သင်တန်းသားများအနေဖြင့် သုတေသနနည်းနာနှင့်ပတ် သက်သည့် အခြေခံသဘောတရားများကိုသိရှိနားလည်လာကြောင်း ၊ ထို့ကြောင့် မိမိတို့လုပ်ဆောင်နေသည့် တိုင်းနှင့်ပြည်နယ်အ သီးသီးရှိပြဿနာရပ်များကို သိရှိနားလည်ပြီး Research Questions များပြုလုပ်လာနိုင်ကြောင်း နှင့် ပြန်လည်ကောက် ယူမည့်အချိန်များကိုလည်းသတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအား သင်တန်းပြီးဆုံးပြီး နေရပ် (သို့) မိမိတို့တာဝန်ကျရာနေရာများသို့ပြန်လည်ရောက်ရှိလျှင် ယခုသင်တန်းတွင် ဖော်ထုတ်ထားသည့် ပြဿနာရပ်များကို သုတေသနည်းနာပြုလုပ်ပြီး ပြန်လည်ကောက်ယူမည်ကြောင်း၊ ဆက်လက်၍ ပြန်လည် ကောက်ယူရရှိလာသည့် သတင်းအချက်အလက်များကို ဖေဖော်ဝါရီ လတွင် ပြုလုပ်မည့် ဒုတိယအကြိမ်သင်တန်းတွင် ပြန်လည်အသုံးချသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်း သားတို့၏ မိခင်အဖွဲ့အစည်း ၊ အလုပ်လုပ်ရာနေရာဒေတွင် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ် များကို ဖေါ်ထုတ်ရာတွင် အသုံးဝင်သည့် သင်တန်းတစ်ခုဖြစ်သည့်အပြင် ၊ ဒေသခံလူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အသုံးဝင်သည့် သင်တန်းတစ်ခုဖြစ်ကြောင်း” သင်တန်းတက်ရောက်သူ ဦးနိုင်တိုးအောင်မှ ပြောကြားခဲ့သည်။


0 Comments