Research Method Training at LWF

သုသေတန နည်းနာသင်တန်း

အရပ်ဘက်အဖွဲ့အစည်းများ၏ သုတေသနအစီရင်ခံစာများသည် အများသောအားဖြင့် အရည်အသွေးပိုင်းဆိုင်ရာ (Qualitative Research) လေ့လာမှုများကိုသာ ဇောင်းပေးရေးသားလေ့ရှိသည်။
အစီရင်ခံစာများတွင် ကိန်းဂဏန်းအချက်အလက်များ စနစ်တကျရယူတင်ပြနိုင်မှုမှာ အကန့်သတ်ရှိနေပါသည်။

အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စေရန်အတွက် စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းသည် IDRC (International Development Research Centre) ၏ ထောက်ပံ့မှုဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် စိမ်းလန်းအမိမြေဝန်ထမ်းများ၏ သုတေသနစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍ “သုသေတန နည်းနာသင်တန်း” ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၅) ရက် မှ နိုဝင်ဘာလ (၂၉) ရက် နေ့အထိ LWF (The Lutheran World Federation) Big Meeting Room (အမှတ် (၁၁) ၊ ကန်လမ်း၊ လှိုင်မြို့နယ်။) ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

သင်တန်းကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ပတ်ဝန်းကျင်ရေးရာသုတေသနများ ဆောင်ရွက်လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စိမ်းလန်းအမိမြေ၏ဝန်ထမ်းများမှ ကျား (၁၀) ဉီး၊ မ (၅) ဉီး စုစုပေါင်း (၁၅) ဉီးအားဖိတ်ကြားထားကြောင်း သင်တန်းအား စီစဉ်ဆောင်ရွက်နေသည့် ဒေါ်ခေမာအေးမွန်မှ ပြောသည်။

သင်တန်းပြီးဆုံးပါက ကိန်းဂဏန်းအခြေပြု သုတေသနနည်းနာများကိုသိရှိနားလည်စေမည်ဖြစ်ပြီး ၎င်းတို့ရှေ့ဆက်ဆောင်ရွက်မည့် ပတ်ဝန်းကျင်ရေးရာသုတေသနလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းကြောင်း ၎င်းမှဆက်လက်ပြောကြားသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *