“ငြိမ်းချမ်းရေးအတွက် သယံဇာတစီမံကိန်းရဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှု သုတေသနလုပ်ငန်းစဉ်ကို ကျွန်တော်တို့ တနသာင်္ရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးကျွန်းမြို့မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ (၃) ရက်ကြာ ဆောင်ရွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကရင်၊ဗမာ၊ဆလုံလူမျိုးများ၏ မြေယာစီမံခန့်ခွဲမှုအားသိရှိရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု စိမ်းလန်းအမိမြေအသင်း၏ ပတ်ဝန်းကျင်ရေးရာ အရာရှိ ဦးအေးချမ်းမောင်က ပြောသည်။

သုတေသနလုပ်ငန်းစဉ်များအနေဖြင့် သယံဇာတမြေပုံရေးဆွဲခြင်း၊ အဖွဲ့အစည်းဆက်စပ်မှု၊ ရာသီစက်ဝန်းမြေပုံ၊ သမိုင်းကြောင်းများမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြ ကွင်းဆင်းလေ့လာမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပါဝင်ဆောင်ရွက်ခဲ့သူပေါင်း ၂၁ ဦး(ကျား- ၁၇ ဦး၊ မ- ၄ ဦး) ခန့်ရှိခဲ့ပြီး ရလဒ်အနေနဲ့ ဒုံးကျွန်းရှိ မြေယာစီမံခန့်ခွဲမှုမြေပုံ ထွက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

0 Comments