သယံဇာတစီမံအုပ္ခ်ဳပ္မႈႏွင့္ အမ်ိဳးသမီးမ်ား၏အခန္းက႑ျမွင့္တင္ျခင္းဆိုင္ရာမြမ္းမံသင္တန္း မႏၱေလး၌က်င္းပ
သစ္ထုတ္လုပ္ျခင္းလုပ္ငန္းစဥ္အဆင့္ဆင့္ကိုသိရိွၿပီး လြတ္လပ္ေသာ ေစာင့္ၾကည့္စစ္ေဆးျခင္း လုပ္ငန္းစဥ္ကို သေဘာေပါက္နားလည္ေစရန္၊ အဆင့္တစ္ခုျခင္းအလုိက္ ေစာင့္ၾကည့္ရမည့္ အခ်က္မ်ားႏွင့္ စစ္ေဆးရာတြင္ ေမးျမန္းရသည့္ ေမးခြန္းမ်ား ထြက္ေပၚလာေစရန္ သယံဇာတစီမံအုပ္ခ်ဳပ္မႈႏွင့္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ျမွင့္တင္ျခင္းဆိုင္ရာ မြမ္းမံသင္တန္းကို က်င္းပခဲ့သည္ဟု စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္း၏ Field Facilitator ကိုဟိန္းထက္စုိးထံမွ သတင္းရရွိသည္။
မိမိတို႔အေနျဖင့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အမ်ဳိးသား အဆင့္ MSG ကုိယ္စားလွယ္အခ်ဳိ႕ႏွင့္ စစ္ကုိင္း၊ မႏၱေလး၊ ရွမ္းႏွင့္ ကခ်င္ျပည္နယ္တုိ႔မွ SNWG အဖြဲ႔ဝင္မ်ားျဖင့္ အလုပ္ရုံေဆြးေႏြးပြဲ တစ္ခုက်င္းပျပဳလုပ္ခဲ႔ေၾကာင္း၊ အဆိုပါ SNWG မ်ားမွ မိမိတုိ႔ေဒသအတြင္း FLEGT VPA ႏွင့္ ပတ္သက္ေသာ အသိပညာ ျပန္႔ပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေရးအတြက္ အဖြဲ႔တြင္းမွ လူငယ္မ်ား၊ အမ်ဳိးသား အမ်ဳိးသမီးမ်ား၏ စြမ္းေဆာင္ရည္ကုိ ျမွင့္တင္ၿပီး ဆင့္ပြားသင္တန္းႏွင့္ အသိအျမင္ဖြင့္ပြဲမ်ား လုပ္ေဆာင္ရန္ သေဘာတူညီမႈ ရရွိခဲ႔ျခင္းျဖစ္ေၾကာင္း ကိုယ္ဟိန္းထက္စိုးမွေျပာၾကားသည္။
ထို႔ေနာက္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အလုပ္အဖြဲ႔မ်ားတြင္ ပါဝင္ေသာ အမ်ဳိးသမီးမ်ား အခန္းက႑ ပီျပင္စြာ အေကာင္ထည္ေဖာ္ႏုိင္ရန္၊ လူငယ္မ်ား အေနျဖင့္ သယံဇာတ စီမံအုပ္ခ်ဳပ္ျခင္းဆုိင္ရာ အသိပညာႏွင့္ လုိအပ္ေသာ စြမ္းေဆာင္ရည္မ်ား တည္ေဆာက္ႏုိင္ရန္အတြက္ “သယံဇာတစီမံအုပ္ခ်ဳပ္ျခင္းႏွင့္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ျမွင့္ တင္ျခင္းဆုိင္ရာ ဆရာျဖစ္သင္တန္း” ကုိ ၂၀၁၉ ခုႏွစ္ မတ္လတြင္ က်င္းပခဲ႔ ေၾကာင္း၊ ဆက္လက္ျပီးCOC လုပ္ငန္းစဥ္တစ္ေလွ်ာက္တြင္ ပထမအဆင့္အေနျဖင့္ COC ၏ အစျဖစ္ေသာ သစ္ငုတ္ရင္းစစ္ျခင္းႏွင့္ ေတာတြင္းသစ္ဆိပ္တုိ႔အား ႀကိဳးဝုိင္း (၄)ခုတြင္ ေလ႔လာဆန္းစစ္သည့္ လုပ္ငန္းမ်ားကုိ လက္ေတြ႔ ကြင္းဆင္း ေဆာင္ရြက္ခဲ႔ၾကေၾကာင္း၊ ယခုအခါတြင္ COC ၏ က်န္ရွိေသာ လပ္ပုံထုိင္သည့္ သစ္ဆိပ္ႏွင့္ သစ္စက္မ်ားသုိ႔ သြားေရာက္ ေလ႔လာရန္အတြက္ ယခင္သင္တန္းသားမ်ားအား ထပ္မံဖိတ္ေခၚ၍ “သယံဇာတစီမံ အုပ္ခ်ဳပ္ျခင္းႏွင့္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ျမွင့္ တင္ျခင္းဆုိင္ရာ ဆရာျဖစ္သင္တန္း” ၏ ေနာက္ဆက္တြဲအေနျဖင့္ က်င္းပရျခင္း ျဖစ္သည္ဟု ၎မွ ဆက္လက္ေျပာၾကားသည္။
သင္တန္းပထမေန႔တြင္ ယခင္သင္တန္းမွ သင္ခန္းစာမ်ားအား ျပန္လည္ေဆြးေႏြးျခင္း၊ အျခားႏုိင္ငံမ်ား၏ လက္ရွိေဆာင္ရြက္ေန ေသာ TLAS အေၾကာင္း ေဆြးေႏြးျခင္း၊ တုိင္းႏွင့္ျပည္နယ္အလုိက္ ေဆာင္ရြက္ခဲ႔ ေသာ IFM ေတြ႔ရွိခ်က္မ်ားႏွင့္ သုံးသပ္ ခ်က္မ်ားအား ေဆြးေႏြးတင္ျပျခင္း၊ စစ္ေဆးမည့္လုပ္ငန္း ေဆာင္ရြက္ရန္ အတြက္ Check List ေဖာ္ထုတ္ေဆြးေႏြး ျခင္း၊ ေလ႔လာေရး ခရီးအတြက္ အစီအစဥ္ေရး ဆြဲျခင္း စသည္တို႔ကို အဓိကထားေဆြးေႏြးသြားခဲ့ျပီး၊ ဒုတိယေန႔တြင္ စစ္ကိုင္း သစ္ဆိပ္အား ေလ႔လာျခင္း၊အမွတ္ (၁၀၃) သစ္စက္အား ေလ႔လာ ျခင္း၊ ပုဂၢလိက သစ္စက္မ်ားအား ေလ႔လာျခင္း၊ ႏွင့္ ေလ႔လာဆန္းစစ္ ေတြ႔ရွိခ်က္မ်ားအား ျပန္ လည္ေဆြးေႏြးျခင္း စသည္တို႔ကို အဓိကထားေဆြးေႏြးသြားခဲ့သည္ဟု သိရသည္။
သင္တန္းကို ၂ဝ၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၂) ရက္ေန႔မွ (၁၃) ရက္ေန႔ထိ မႏၱေလးၿမိဳ႕၊ ဟိုတယ္မႏၱေလးရိွ စံပယ္ျဖဴခန္းမတြင္ ႏွစ္ရက္တာ က်င္းပျပဳလုပ္ခဲ႔ျပီး မႏၱေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသ ႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔မွ FLEGT-MSG ကိုယ္စားလွယ္မ်ား က်ား (၂၆) ဦး၊ မ (၁၄) ဦး စုစုေပါင္း (၄ဝ) ဦး တက္ေရာက္ခဲ႔သည္ဟု သိရသည္။

(unicode)
သယံဇာတစီမံအုပ်ချုပ်မှုနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ခြင်းဆိုင်ရာမွမ်းမံသင်တန်း မန္တလေး၌ကျင်းပ
သစ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကိုသိရှိပြီး လွတ်လပ်သော စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို သဘောပေါက်နားလည်စေရန်၊ အဆင့်တစ်ခုခြင်းအလိုက် စောင့်ကြည့်ရမည့် အချက်များနှင့် စစ်ဆေးရာတွင် မေးမြန်းရသည့် မေးခွန်းများ ထွက်ပေါ်လာစေရန် သယံဇာတစီမံအုပ်ချုပ်မှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ကျင်းပခဲ့သည်ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ Field Facilitator ကိုဟိန်းထက်စိုးထံမှ သတင်းရရှိသည်။
မိမိတို့အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသား အဆင့် MSG ကိုယ်စားလှယ်အချို့နှင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ SNWG အဖွဲ့ဝင်များဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ SNWG များမှ မိမိတို့ဒေသအတွင်း FLEGT VPA နှင့် ပတ်သက်သော အသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် အဖွဲ့တွင်းမှ လူငယ်များ၊ အမျိုးသား အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဆင့်ပွားသင်တန်းနှင့် အသိအမြင်ဖွင့်ပွဲများ လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုယ်ဟိန်းထက်စိုးမှပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အဖွဲ့များတွင် ပါဝင်သော အမျိုးသမီးများ အခန်းကဏ္ဍ ပီပြင်စွာ အကောင်ထည်ဖော်နိုင်ရန်၊ လူငယ်များ အနေဖြင့် သယံဇာတ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အသိပညာနှင့် လိုအပ်သော စွမ်းဆောင်ရည်များ တည်ဆောက်နိုင်ရန်အတွက် “သယံဇာတစီမံအုပ်ချုပ်ခြင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့် တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း” ကို ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပခဲ့ ကြောင်း၊ ဆက်လက်ပြီးCOC လုပ်ငန်းစဉ်တစ်လျှောက်တွင် ပထမအဆင့်အနေဖြင့် COC ၏ အစဖြစ်သော သစ်ငုတ်ရင်းစစ်ခြင်းနှင့် တောတွင်းသစ်ဆိပ်တို့အား ကြိုးဝိုင်း (၄)ခုတွင် လေ့လာဆန်းစစ်သည့် လုပ်ငန်းများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါတွင် COC ၏ ကျန်ရှိသော လပ်ပုံထိုင်သည့် သစ်ဆိပ်နှင့် သစ်စက်များသို့ သွားရောက် လေ့လာရန်အတွက် ယခင်သင်တန်းသားများအား ထပ်မံဖိတ်ခေါ်၍ “သယံဇာတစီမံ အုပ်ချုပ်ခြင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့် တင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း” ၏ နောက်ဆက်တွဲအနေဖြင့် ကျင်းပရခြင်း ဖြစ်သည်ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
သင်တန်းပထမနေ့တွင် ယခင်သင်တန်းမှ သင်ခန်းစာများအား ပြန်လည်ဆွေးနွေးခြင်း၊ အခြားနိုင်ငံများ၏ လက်ရှိဆောင်ရွက်နေ သော TLAS အကြောင်း ဆွေးနွေးခြင်း၊ တိုင်းနှင့်ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့ သော IFM တွေ့ရှိချက်များနှင့် သုံးသပ် ချက်များအား ဆွေးနွေးတင်ပြခြင်း၊ စစ်ဆေးမည့်လုပ်ငန်း ဆောင်ရွက်ရန် အတွက် Check List ဖော်ထုတ်ဆွေးနွေး ခြင်း၊ လေ့လာရေး ခရီးအတွက် အစီအစဉ်ရေး ဆွဲခြင်း စသည်တို့ကို အဓိကထားဆွေးနွေးသွားခဲ့ပြီး၊ ဒုတိယနေ့တွင် စစ်ကိုင်း သစ်ဆိပ်အား လေ့လာခြင်း၊အမှတ် (၁၀၃) သစ်စက်အား လေ့လာ ခြင်း၊ ပုဂ္ဂလိက သစ်စက်များအား လေ့လာခြင်း၊ နှင့် လေ့လာဆန်းစစ် တွေ့ရှိချက်များအား ပြန် လည်ဆွေးနွေးခြင်း စသည်တို့ကို အဓိကထားဆွေးနွေးသွားခဲ့သည်ဟု သိရသည်။
သင်တန်းကို ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ မန္တလေးမြို့၊ ဟိုတယ်မန္တလေးရှိ စံပယ်ဖြူခန်းမတွင် နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ FLEGT-MSG ကိုယ်စားလှယ်များ ကျား (၂၆) ဦး၊ မ (၁၄) ဦး စုစုပေါင်း (၄ဝ) ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

0 Comments