Organizational Development Workshop held in Chin State

“စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး(Organizational Development) အလုပ်ရုံဆွေးနွေးပွဲသို့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရုံးချုပ်မှ ဝန်ထမ်းများအပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိမ်းလန်းအမိမြေအဖွဲ့၏ စီမံကိန်းအသီးသီးမှ နယ်ဝန်ထမ်းများအားလုံး စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ “အဖွဲ့၏ ရေရှည်အနာဂတ် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များရေဆွဲနိုင်ခဲ့ခြင်း၊ အဖွဲ့အတွက် လိုအပ်နေသော ဝန်ထမ်းရေးရာနှင့် သက်ဆိုင်သည် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များ ချမှတ်နိုင်ခြင်း၊ အဖွဲ့၏ ပြန်ကြားဆက်သွယ်ရေး နည်းဗျူဟာများ ရေးဆွဲနိုင်ခြင်းတို့အပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် မီးပုံပွဲဆင်နွှဲခြင်းနှင့် ခေါ်နူးစုမ်တောင်ပေါ်သို့ အဖွဲ့လိုက်တက်ခြင်းတို့မှ တစ်ဆင့် အဖွဲ့ဝင်အချင်းချင်း ပိုမို စည်းလုံးညီညွတ်လာစေခဲ့သည့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ် တစ်ခု ဖြစ်ခဲ့သည်” ဟု အသင်း၏ Program Director ဦးလွင်မောင်မောင်ဆွေမှ ပြောသည်။

“Hot Issue ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Sexual Harassment and Sexual Explotation and Abuse) ကာကွယ်နိုင်ရန်အလို့ငှာ အဖွဲ့အစည်း အတွင်း လိုက်နာရမည့် ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို မျှဝေဖြစ်ခဲ့ပါတယ်။ မနှစ်ကတော့ ဖားအံမှာလုပ်တယ်။ အကောင်းဆုံးဝန်ထမ်းဆု ၁ ဆုကို အဲ့ဒီမှာ ပထမဆုံးစပေးခဲ့တယ်။ ဒီနှစ်တော့ နှစ်တစ်နှစ်ရဲ့ အတိုးတက်ဆုံးဝန်ထမ်းနဲ့ အကောင်းဆုံးဝန်ထမ်းဆု ၂ ဆုကို open voting စနစ်နဲ့ ရွေးချယ်ပေးအပ်ခဲ့ပါတယ်”ဟု Human Resource Management Officer ဦးတင်ထွန်းက ပြောသည်။

စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် အဖွဲ့၏ မူဝါဒများ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စများနှင့် ငွေကြေးစီမံခန့်ခွဲမှုနှင့်စီမံရေး ကိစ္စရပ်များကို ပြန်လည်သုံးသပ်ဖြေရှင်းရန်နှင့် ရေရှည်တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ခိုင်မာသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်သွားနိုင်ရန် အတွက် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ (Organizational Development Workshop) အား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၈ ခုနှစ်အတွက် နှစ်စဉ်အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ၆ ရက်ကြာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ Pine Wood Hotel တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *