New Normal Tourism

ကိုဗစ်အလွန် မြန်မာနိုင်ငံဟာ Tourist Destination တစ်ခုဖြစ်လာနိုင်

ကမ္ဘာကျော် မဂ္ဂဇင်း ကြီးဖြစ်တဲ့ FORBES က ကိုဗစ်၁၉ အလွန်မှာ မြန်မာပြည်ဟာ တိုးရစ် သွားလည်ဖို့ စိတ်ဝင်စားလာမဲ့ destination တခုဖြစ်လာမယ်လို့ ဟောကိန်းထုတ်ပါတယ်။ အဲ့ဒီအတွက်လည်း အတော်ဝမ်းသာမိတယ်။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်နဲ့ တော့ မရဘူးထင်ပါတယ်။ တကယ့်ကို ဆန်းသစ်ပုံစံအသစ်နဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်မှရမယ်ထင်ပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါကြောင့် ခြေချုပ်ကျနေတဲ့သူတွေဟာ ခရီးသွားချင်စိတ်က ရှိနေမှာဖြစ် ပြီးလေကြောင်းလိုင်းတွေပြေးဆွဲနေသမျှတော့ ခရီးသွားလာမှုရှိနေဦးမယ်မှန်းပါတယ်။ သို့သော် အရင်ကလောက်ခရီးသွားလာမှုရှိမှာမဟုတ်ပေမဲ့ သွားမဲ့လူတွေကလည်း ထိုင်း စင်္ကာပူလို လူတိုးဝှေ့နေရတဲ့ နေရာတွေ သွားကြမှာ မဟုတ်ပါ။ သူတို့ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှု ရှိပြီး ရိုးရှင်းတဲ့ လူမှု ဘဝတွေလေ့လာလို့ရမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သမိုင်းကြောင်းဆိုင်ရာ တွေ စိတ်ဝင်စားစရာတွေ လေ့လာလို့ရမယ် အေးချမ်းတည်ငြိမ်စွာ အပန်းဖြေလို့ရမယ်ဆိုရင်ဖြင့် သွားကြလာကြမဲ့ နိုင်ငံတကာခရီးသွားသူတွေရှိမှာပါ။ ဒီအထဲက ရာခိုင်နှုန်း ဝေစုတစုရအောင်မြန်မာပြည်က safe, peaceful and mindfulness tourism ဆိုပြီး ကြိုးပမ်းသင့်ပါတယ်။ ကိုဗစ်၁၉ ကြောင့်နွမ်းသမျှတွေဖြေဖျောက်ပြီး အေးချမ်းသာယာလုံခြုံလို့ လို့ စိတ်ခွန်အားတွေ ဖြစ်စေမဲ့ ခရီး လို့ဆိုပြီး ကြော်ငြာတာမျိုးလိုပေါ့။
ဒီအတွက် ပုဂံ အင်းလေးကို လာမဲ့ ခရီးသည်ကို ကန့်သတ်ပြီး online က အရင် booking ရမှ လာလို့ ရအောင် ဘူတန်နိုင်ငံလို ဖန်တီးစေချင်တယ်။ booking ရပြီးသူက online မှာ သူ့ quota ကို ပြန်ရောင်းချင် ရောင်း နိုင်အောင်လည်း ဖွင့်ပေးထားသင့်တယ်။ ဒီ coupon လက်မှတ်ပါမှ ပုဂံ၊ အင်းလေး၊ ငပလီနဲ့ မြိတ်ကျွန်းစုကို လည်လို့ရမယ်ဆိုပြီး သတ်မှတ်သင့်တယ်။ လာတဲ့ သူတိုင်းကလည်း ကိုဗစ်ကင်းစင်ကြောင်း သက်ဆိုင်ရာနိုင်ငံက ထောက်ခံချက်လက်မှတ်ပါမှ လက်ခံသင့်တယ်။ လာမဲ့သူတွေ အလုံးစုံ အာမခံ လက်မှတ် ပါမှလည်း ဝင်ခွင့်ရမဲ့ စည်းကမ်းသတ်မှတ်သင့်ပါတယ်။ ဆိုလိုချင်တာက မြန်မာပြည်ကို visa upon arrival လာနိုင်တယ် သို့သော် သတ်မှတ်ထားတဲ့ အထူးနေရာတွေသွားဖို့ကတော့ အထူးလက်မှတ်တွေ online က ကြိုဖြတ်ထားမှ အလုံးစုံ အသက်အာမခံပါမှ သွားလို့ရမယ်ပေါ့။ ဒီတိုးရစ်ဇုံတွေမှာ ကိုဗစ်၁၉ ဆေးစစ်နိုင်မဲ့ facility တွေ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မဲ့ center တွေကို အထူး အဆင့်မြှင့်ပေးထားချင်တယ်။ ကျန်းမာရေး တခုခု ဖြစ်ပါကလည်း အထူး သက်တောင့်သက်သာရှိမဲ့ quarantine center တွေ ဘန်ကောက်က ဆေးရုံကို private jet နဲ့ အထူးပို့ဆောင်ပေးနိုင်မဲ့ SOS လို service တွေရနိုင်အောင်ဆောင်ရွက်ပေးသင့်တယ်။ ဒီဇုံထဲမှာ သန့်ရှင်းရေး အမှိုက်ကင်းစင်ရေးတွေအပြင် တိတိကျကျ social distancing ကို လုပ်နိုင်မဲ့ စားသောက်ဆိုင်၊ စျေးဆိုင်၊ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကြိုတင်ပြင်ဆင်ပြီး တိတိကျကျ လိုက်နာ လုပ်ဆောင်စေသင့်ပါတယ်။ အရေးကြီးတာကတော့ ဒီလို အထူးဆောင်ရွက်ထားတာတွေကို ထိရောက်အောင်ကြော်ငြာဖို့ပါပဲ။ အမေရိကန်နဲ့ အင်္ဂလန်က tourist သိပ်မလာနိုင်လို့ ထုံးစံအတိုင်း ဥရောပ က ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန်စျေးကွက်တွေကိုပဲtargetထားပြီးအဲ့ဒီကခရီးသွားလုပ်ငန်းကြော်ငြာအေဂျင်ဆီတွေကနေတဆင့်ကြော်ငြာ သွားဖို့ပါပဲ။
အဲ့ဒီမှာရှိတဲ့ social influencer တွေကို ချည်းကပ်ပြီး quietly ကြော်ငြာသွားဖို့ပါပဲ။ လူသတင်းလူချင်းဆောင်နည်းပေါ့။ open market advertising ဆိုရင် နိုင်ငံရေးအရ တွယ်ခံရမှာ ကြိမ်းသေပါတယ်။ ခုလို CNA documentary လိုမျိုးက အသုံးဝင်ပါတယ်။ ဒါပေမဲ့ ရှည်လွန်းတော့ သုံးမိနစ်စာ ဗီဒီယို ကို သူ့နိုင်ငံအလိုက် ပြန် ရိုက်ကူးပြီး target audience နဲ့ potential customer ကို တိုက်ရိုက် သိရှိသွားအောင်ပေးပို့ကြော်ငြာတာမျိုးလိုပါလိမ့်မယ်။ ဒါဆိုရင်တော့ ခရီးသွားလုပ်ငန်းဟာ ၂၀၂၁ မှာတော့ တစုံတခုများ မျှော်လင့်လို့ရမှာလားလို့ တွေးတော မှန်းမျှော်ကြည့်မိပါတယ်။
ဆရာဝင်း
May 31st 2020

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *