Myanmar EITI hold 23rd Multi-StakeHolder Meeting in Naypyitaw
(၂၃) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့အစည်းအဝေး နေပြည်တော်တွင်ကျင်းပ
နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ၂၀၁၉ EITI စံနှုန်းများနှင့်ပတ်သက်၍ မျှဝေဆွေးနွေးရန်၊ မြန်မာနိုင်ငံ၏ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (Validation) အခြေအနေများအား ရှင်းလင်း ဆွေးနွေးရန်၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု အခြေအနေများအား တင်ပြဆွေးနွေးရန်နှင့် အခြားသော မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော် မှုအခြေအနေများအား ဆွေးနွေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့၏ (၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပခဲ့ကြောင်း MEITI ၏Facebook Pageတွင် သြဂုတ်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ သုံးပွင့်ဆိုင်ညွှန် ပေါင်း အဖွဲ့ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ နိုင်ငံတကာ EITI အတွင်းရေးမှူး၏ Executive Director Mr. Mark Robinson ၊ Asia Director Ms. Gay Ordenes နှုင့် Country Director Ms. Annie Magnus ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးဆိုင်ရာ အကြံပေးဖြစ်သူ NRGI မှ Mr. Matthieu Solomon၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဦးဝင်းမျိုးသူအပါအဝင် အခြားမိတ်ဖက်အ ဖွဲ့အစည်းများမှ လေ့လာသူများလည်းပါဝင်တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Unicode
နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ၂၀၁၉ EITI စံနှုန်းများနှင့်ပတ်သက်၍ မျှဝေဆွေးနွေးရန်၊ မြန်မာနို်င်ငံ၏ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (Validation) အခြေအနေများအား ရှင်းလင်း ဆွေးနွေးရန်၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု အခြေအနေများအား တင်ပြဆွေးနွေးရန်နှင့် အခြားသော မြန်မာနို်င်ငံ EITI လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော် မှုအခြေအနေများအား ဆွေးနွေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့၏ (၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပခဲ့ကြောင်း MEITI ၏Facebook Pageတွင် သြဂုတ်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ သုံးပွင့်ဆိုင်ညွှန် ပေါင်း အဖွဲ့ကိုယ်စားလှယ်များ၊ မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ နိုင်ငံတကာ EITI အတွင်းရေးမှူး၏ Executive Director Mr. Mark Robinson ၊ Asia Director Ms. Gay Ordenes နှုင့် Country Director Ms. Annie Magnus ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးဆိုင်ရာ အကြံပေးဖြစ်သူ NRGI မှ Mr. Matthieu Solomon၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဦးဝင်းမျိုးသူအပါအဝင် အခြားမိတ်ဖက်အ ဖွဲ့အစည်းများမှ လေ့လာသူများလည်းပါဝင်တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အစည်းအဝေးတွင် သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ Executive Director Mark Robinson မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် Asia Director Ms. Gay Ordenes နှင့် Country Director Ms. Annie Magnus တို့မှ ၂၀၁၉ EITI စံနှုန်း၏ လိုအပ်ချက်အသစ်များအား ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၏ နည်းပညာ အကြံပေး ဒေါ်ဇင်မာမြိုင်မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် (၅) ကြိမ်မြောက် EITI အစီရင်ခံစာပြုစုရန် အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူး၏ နည်းပညာအဖွဲ့မှ (၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအကောင်အထည်ဖော်မှုအခြေအနေများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင် မှုလုပ်ငန်းစဉ်အတွက် ဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြောင်း၊ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းမှလည်း အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အလား အလာများအား ဆွေးနွေးတင်ပြခဲ့ ကြာင်း၊ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ သတ္တုသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းလုပ်ငန်းစဉ်အား လေ့လာခဲ့သည့် ကိုယ်စားလှယ်များမှ တွေ့ရှိချက်များနှင့်အကြံပြုချက် များအား ဆွေးနွေးတင်ပြခဲ့ကြောင်း ထူတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစည်းအဝေး၌ သတ္တုသယံဇာတဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းစဉ်အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၈) ခု ချက်မှတ်အတည်ပြုခဲ့ပြီး ၊ဆွေးနွေးမှုများအပြီး၌ သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
1 Comment
  1. testing
    Reply
Submit a Comment
Your email address will not be published. Required fields are marked *