MFMA_EAM Training and Workshop at Naypyitaw

တတိယအကြိမ် ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်၌ ကျင်းပ

စီမံကိန်း လုပ်ငန်းများကြောင့်ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ထိခိုက်မှုများကို ဆန်းစစ်လေ့လာနိုင်ရန် နှင့် လျော့ပါးသက်သာအောင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းနှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၄)ရက် ကြာ နေပြည်တော်၊ သူရဇ္ဇ ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သတ္တုတွင်း လုပ်ငန်းလုပ် ကိုင်သူများအနေဖြင့် အခြေခံသိရှိရမည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များအား သိရှိနိုင်ရန် နှင့် သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် EIA, IEE, နှင့် EMP များရေးဆွဲရာ၌ တွေ့ကြုံရသော အခက်အခဲများအား ဝိုင်ဝန်းဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် EIA, IEE, EMP လုပ်ငန်းစဉ်များ(EIA, IEE, EMP as a tool for sustainability (by ECD))၊ အစီရင်ခံစာပုံစံများနှင့် စီမံကိန်းအကြောင်းအရာ ဖော်ပြချက်များ(EIA, IEE, EMP Templates and Project Description)၊ လိုက်နာရမည့် ဥပဒေဆိုင်ရာ မူဘောင်များ(Legal framework for compliance) စသည်တို့ကို အဓိကထားသင်ကြားခဲ့ကြောင်း၊ ဒုတိယနေ့တွင် အနီးပတ်ဝန်းကျင်အကြောင်းအရာများ ဖော်ပြချက်များ (Description of the Surrounding Environment)၊ ပတ်ဝန်းကျင်ဆိုင်ရာ လက်ရှိအခြေအနေဖော်ပြချက်များ (Environmental Baseline)၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆန်းစစ်ခြင်း နည်းစနစ်များ(Modeling techniques for Impact Examination)၊ နှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆန်းစစ်ခြင်း (Impact Examination) စသည့်အကြောင်းအရာတို့ကို အဓိကထား သင်ကြားခဲ့ကြောင်း၊ တတိယနေ့တွင် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုများနှင့် လျော့နည်းစေရေးနည်းလမ်းများ (Impacts and Mitigation Measures)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်နှင့် စောင့်ကြပ်ကြည့်ရှုခြင်း (Environmental Management Plan & Monitoring)၊ နှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း နှင့် သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း(Public Consultation and Information Disclosure) ဆိုင်ရာအကြောင်းအရာများကို သင်ကြားခဲ့ကြောင်း၊ ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် EIA, IEE, EMP ဆိုင်ရာ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းနိုင်သည့်နည်းလမ်းများနှင့် ပြုစုပြီးအစီရင်ခံစာများ ဌာနသို့ မတင်ပြမီ Prescreening အတွက် အဆိုပြု Checklist for EMPs of Existing Mines ကို သင်တန်းတက်ရောက်သူများနှင့် ဝိုင်းဝန်းဆွေးနွေးမှုများပြုလုပ်ပြီး သင်တန်းကိုအဆုံးသတ်လိုက်ကြောင်း သတင်းရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ၊ စိမ်းလန်းအမိမြေအသင်းမှ ပညာရှင်များမှ သင်တန်းဆွေးနွေးပို့ချသူများအဖြစ်တက်ရောက်ပြီး၊ သင်တန်းသားများအဖြစ် သတ္တုလုပ်ငန်းရှင်များ (ကုမ္ပဏီ ၂ဝ ခု) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ သတ္တုတွင်း ဦးစီးဌာန၊ Myanmar Alliance for Transparency and Accountability နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်းကာ ရန်ကုန်မြို့ ၊ UMFCCI Office Tower တွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ၊ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်၊ Environment and Water Studies ဌာနနှင့်ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ် Research Center တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *