Let’s Plant Trees to Preserve Ecosystem ( Collective tree planting Ceremony)

“ဂေဟစနစ် ထိန်းသိမ်းဖို့ သစ်ပင်မျိုးစုံ စိုက်ကြစို့”
Joint Peace Fund ၏ ငွေကြေးကူညီပံ့ပိုးမှုဖြင့် အဖြူရောင်မီးအိမ် ပညာရေးအထောက်အကူပြုအသင်း၊ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ နွမ်းပါးသူကို ကူညီဖို့ ပရဟိတဖာင်ဒေးရှင်း နှင့် ကရင်ပြည်နယ် လူငယ်ရေးရာကောက်မတီ (Kayin State Youth Affairs Committee) တို့ပူးပေါင်း၍ “ဂေဟစနစ် ထိန်းသိမ်းဖို့ သစ်ပင်မျိုးစုံ စိုက်ကြစို့” ဟူသော ဆောင်ပုဒ်အရ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့ တွင် လေးကေ့ကော် မြို့သစ်၊ လေးကပေါ် ရုက္ခဗေဒဉယျာဉ်၌ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိကျင်းပခဲ့သည်။
“ပျက်ဆီးလာသော ဂေဟစနစ်ကို တတ်နိုင်သလောက် ထိန်းသိမ်းရန် ယခုပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း၊ အပင်စိုက်ခြင်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာကြောင်း” အဖြူရောင်မီးအိမ် ပညာရေးအထောက်အကူပြုအသင်း မှ ကိုသန့်ဇော်ဦးမှ ပြောကြားသည်။ “ယခု မိမိတို့ပွဲကျင်းပသော လေးကပေါ် ရုက္ခဗေဒဉယျာဉ် နေရာမှ ယခင်က ငြိမ်းချမ်းမှုမရှိသော အမည်းရောင်နယ်အဖြစ်ကနေ မိမိတို့ ကြိုးပမ်းမှုကြောင့် အဖြူရောင်နယ်မြေအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ယခုပွဲမှ တစ်ဆင့် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား အမြင်ကြည်လင်မှုရရှိစေသည့်အတွက် ဝမ်းမြောက်မိကြောင်း” ၎င်းမှ ဆက်လက်ပြောကြားသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်စိုက်ပျိုးသည့် အပင်အရေအတွက်စုစုပေါင်း ၁၄၀၀ ခန့်ပါဝင်ပြီး၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ပိတောက်၊ မန်ကြန်ရှား၊ ကုက္ကိုလ်၊ တည် (အကြီး/ အသေး)၊ နှင့် သပြေပူအပင် အမျိုးအစားများပါဝင်သည်။ အဆိုပါပွဲအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းပြုလုပ်ခဲ့ပြီး၊ ကရင်ပြည်နယ် အမျိုးသားလွတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ သစ်တော်ဌာနဆိုင်ရာများ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးစိန်ကို၊ KNU ဗိုလ်မှုးရန်နိုင်၊ လေးကေကော မြို့သစ်စီမံကိန်း အတွင်းရေးမှုး ဦးစောဌေးမြတ် အပါဝင် စုစုပေါင် ၁၁၉ ဦးခန့်တတ်ရောက်ခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *