တနင်္သာရီတိုင်းဒေသကြီးတွင် အရပ်ဘက်ကိုယ်စားလှယ် ၅၀ ကျော်ရှိ

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် ခြောက်မြို့နယ် တွင်သဘာဝပတ်ဝန်းကျင်ရေးရာလှုပ်ရှားဆောင်ရွက် နေ သည့် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်ရှိကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ၊ကွင်းဆင်း အချက်လက်ကောက်ယူ သူများထံမှ သတင်းရရှိသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းကောက်ယူသော မြို့နယ်များမှာ မြိတ်မြို့နယ်၊ကော့သောင်းမြို့ နယ် ဘုတ်ပြင်းမြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် တို့ဖြစ်ကြသည်။အဆိုပါမြို့နယ်များတွင် သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသည့်အဖွဲ့အစည်း၅၁ ဖွဲ့ရှိသည်။ယင်းမြို့နယ်ခြောက်မြို့နယ်အနက် မြိတ်မြို့နယ်သည် အဖွဲ့စည်းများ အဓိက ရုံးစိုက်ရာ ဒေသဖြစ်သည်။
အဆိုပါ မြို့နယ် တစ်ခုတည်းလျှင် အဖွဲ့စည်း ၁၈ ဖွဲ့ ရုံးစိုက်ပြီး ပုလောမြို့နယ်တွင် အဖွဲ့အစည်း ၁၀၊ ကျွန်းစုမြို့ နယ်တွင် အဖွဲ့အစည်း ၉ ဖွဲ့ ၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တွင် အဖွဲ့အစည်း ရှစ်ဖွဲ့ ၊ တနင်္သာရီမြို့နယ် တွင် အဖွဲ့အစည်း ခြောက်ဖွဲ့ ရုံးစိုက်သည်။
သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း ၅၁ အဖွဲ့အနက် အဖွဲ့အစည်းအကြီး ၁၃ ဖွဲ့ရှိပြီး အဖွဲ့စည်းငယ် ၁၈ ဖွဲ့ရှိသည်။ ကျန်အဖွဲ့စည်း ၂၀ သည် အလယ်အလတ် အဖွဲ့စည်းဖြစ်ပြီး ထိန်းသိမ်းရေးလုပ် ငန်းများလုပ်ဆောင်လျှက်ရှိသည်။
ယင်းမြို့နယ်များတွင် သဘာဝပတ်ဝန်းကျင်အရးလှုပ်ရှားမှုများအား အဖွဲ့စည်းအကြီးအနေနှင့် လုပ်ဆောင် နေ သော အဖွဲ့စည်းများမှာ တို့မြို့သာယာ တို့တာဝန် ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ၊ မြန်မာနိုင်ငံရှေ့ နေကွန်ယက် ၊ ၈၈ ကျောင်းသားများအ ဖွဲ့ ၊ Green Net (M.A) ၊ Green Net ( T.R.M) ၊ ၈၈ ငြိမ်းပွင့် ၊ ဟိတ ကာရီ (ပလောက်)၊ ကတန်လူမှုကော်မတီ ၊ Mother Land Network ၊ လူငယ်ကွန်ယက် ၊ ရှေ့နေများကွန် ယက်တို့ဖြစ်သည်။
`ကျွန်တော်တို့ CSO လမ်းညွှန်းလုပ်ရင်း မြို့နယ်ခြောက်မြို့နယ်မှာ ကောက်တာတော့ ဒီလောက်ပါ တိုင်း တစ် တိုင်းလုံးဆိုရင်တော့ အဖွဲ့စည်း ၉၀ လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။´ဟု စီမံကိန်းတာဝန်ခံကိုဟိန်းထက် စိုးကပြောသည်။
မြို့နယ် ခြောက်မြို့နယ်တည်း ကောက်ယူထားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်သူ အဖွဲ့စည်း၅၀ကျော်ရှိခြင်းဖြစ်ပြီး ကောက်ယူမူများထဲတွင် မပါဝင်သော အဖွဲ့အစည်းများလည်းရှိနိုင်ကြောင်း စီ မံကိန်းတာဝန်ခံ ကိုဟိန်းထက်စိုးကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝပတ်ဝန်းကျင်ရေး အဓိကလုပ်ဆောင်နေသည့်အဖွဲ့များမှာMother Land ၊ DRA ၊ DDA ၊ တာကပေါ ၊ Green net ၊ ၈၈ ကျောင်းသားများအဖွဲ့၊တောင်ပိုင်းလူငယ်များအဖွဲ့ ၊ မေတ္တာလက် ကမ်း ၊ မြန်မာနိုင်ငံရှေ့နေကွန်ယက် နှင့် OFI တို့ဖြစ်ကြသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *