ဆီအုန်းစိုက်ပျိုးရေး ဗန်းပြ၍ တရားမ၀င်သစ်ထုတ်ယူမှုများပြုလုပ်

နိုင်ငံတကာကုမဏီကြီးတစ်ခု၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းအောက်တွင် တနင်္သာရီတိုင်းဒေသကြီး၏အဖိုးတန် သစ်တောပြုန်းတီးနေပြီ ဒေသတွင်းကုမ္ပဏီများနှင့်ပူးပေါင်း၍ တရားမ၀င်သစ်ထုတ်ယူမှုများ ၊ မြေယာဦး မှု များ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

နိုင်ငံတကာကုမ္ပဏီကြီး၏ အမည်မှာ မြန်မာအော်တိုပိုရေးရှင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအခြေ စိုက် အော်တို စက်မှုလုပ်ငန်းစု (Auto Industrial Co.Ltd-AIC) နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Resources&Resources  (R&R Pte.Ltd.)ကုမ္ပဏီတို့ပူးတွဲတည်ထောင်ထားသည့်ဖက်စပ်ကုမ္ပဏီဖြစ်သည်။

ရှယ်ယာခွဲဝေမှုမှာ Auto Industrial Co.Ltd-AIC ကုမဏီက ၅၁ ရာခိုင်နှုန်းရှိပြီ R&R ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။

MAC ကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ခွဲတွင် မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးရန် မြေဧက ၁၃၃၆၀၀ ဧက လုပ်ပိုင်ခွင့်ရရှိခဲ့သည်။တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရေးအတွက် မြေယာချထားပေး သည့် ကုမ္ပဏီများအနက် MAC ကုမ္ပဏီသည် မြေယာအများဆုံးရရှိခဲ့သည့် ကုမ္ပဏီဖြစ်သည်။

MAC ကုမ္ပဏီ၏ ဆီအုန်းစီမံကိန်းဧရိယာသည် မြိတ်ကော့သောင်းလမ်းမကြီး အနောက်ဘက် မှ အနောက်ဘက် ကမ်းရိုးတန်းအထိ ကျယ်ဝန်းပြီး လေညှာမြစ် မြစ်ဖျားခံရာ ရေဝေရေလဲဒေသလည်းဖြစ်သည်။ အဆိုပါစီမံကိန်း သည် ကော့သောင်းခရိုင်တွင်ရှိပြီး မြန်မာအစိုးရ နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ နှစ်ပေါင်းခြောက် ဆယ် ကျော် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ တစ်နှစ်လျှင် ဆီအုန်းစိုက်ဧက သုံးသောင်းကျော် စိုက်ပျိုးမည် သဘောတူညီ ချက် ဖြင့် မြေဧက တစ်သိန်းကျော် လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း  တကယ်တမ်းလက်တွေ့တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဧက ၃၃၁၅ ဧကသာ စိုက်ပျိုးနိုင်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများကို ကောင်ကင်းဂြိုဟ်တုဓါတ် ပုံများအရ တွေ့ရှိရသည်။

၂၀၁၁ ခုနှစ် မေလမှစ၍ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတွင် စခန်းချကာ ယခင် သစ်ထုတ်လုပ်ရေးလမ်းမများအား အသုံးပြု၍ မြေယာရှင်းလင်းကာ သစ်ထုတ်ယူမှုများ ပြုလုပ်ခဲ့သည်။ ဆီအုန်းစိုက်ပျိုးရေးခေါင်းစဉ်ဖြင့် သစ်ပင် များခုတ်လှဲရှင်းလင်းသည့် အများဆုံးနေရာမှာ စီမံကိန်း၏ အရှေ့ဘက် ၊ တောင်ဘက် နှင့် အရှေ့တောင် ဘက် တို့ဖြစ်သည်။

ကောင်းကင်ဂြိုဟ်တုဓါတ်ပုံများအရ ၂၀၁၁ ခုနှစ် ၂၀၁၇ ခုနှစ်အထိ ခွင့်ပြုထားသည် စီမံကိန်းဧရိယာ၏ သစ် တော မြေဧက တစ် သောင်းခြောက်ထောင်ကျော် သစ်တောပြုန်းတီးခဲ့သည့်ကို စစ်ဆေးတွေ့ရှိခဲ့သည်။စုစု ပေါင်း ဧက တစ်သောင်းခြောက်ထောင်ကျော် စိုက်ပျိုးခဲ့သော်လည်းဆီအုန်းစိုက်ခင်းများကို အများမြင်သာသည့် လမ်းဘေးဝဲယာမြေနေရာများတွင် ဧက သုံးထောင်ခန့်သာစိုက်ပျိုးခဲ့သည်။

စီမံကိန်းဧရိယာတွင် သစ်ထုတ်ရာလမ်းကြောင်းများနှင့် သစ်ဆိပ်များအား တွေ့ရှိရပြီးသစ်ထုတ်ယူမှုများကိုပြည် တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ရတနာမိုးပြည့်ထွန်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့်ဟု ကောင်းကင်ဓါတ်ပုံ များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများအရ တွေ့ရှိရသည်။

ထိုအပြင် အဆိုပါ ကုမ္ပဏီသည် www.alibaba.com ၀က်ဆိုက်ဒ်တွင် ကျွန်ုပ်တို့ကုမ္ပဏီဟာ ကိုရီးယာနိုင်ငံအ  ခြေစိုက်ကုမ္ပဏီဖြစ်ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီသည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟတ်တာ ငါးသောင်းလေးထောင်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားပါသည်။လုပ်ပိုင်ခွင့်ရရှိထား သည့် မြေပေါ်တွင် ၂၀၁၃ ခုနှစ်ဇွန်လမှစ၍ သစ်များထုတ်ယူသွားမည်ဖြစ်သဖြင့် ချိတ်ဆက်လုပ်ကိုင်လို့သူများ ဆက်သွယ်ရန် အဆိုပါဝက်ဆိုက်တွင် အပြည်အစုံရေးသားဖော်ပြထားသည်။

“သူတို့အလုပ်သမားတွေ အများကြီးငှားပြီး သစ်တွေခုတ်ခိုင်းတာတော့သေချာတယ်။ ဒါပေမယ့် သူတို့ကိုယ် တိုင်တော့ မထုတ်ဘူးဗျ၊ အဲဒီဒေသက ကျန်တဲ့သစ်ထုတ်ရေးကုမ္ပဏီ တစ်ခုနဲ ပေါင်းပြီး ထုတ်သွားတာ’ဟု MAC ကုမ္ပဏီ ၀န်ထမ်းဟောင်း နှင့် ဥပဒေရေးရာကျွမ်းကျင်သူက ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းကြီး စတင်စဉ်ကာ မြေယာများသိမ်းယူခဲ့သဖြင့် ကျေးရွာများ ပြောင်းရွေ့နေရာချထားခြင်းခံရပြီး မြေယာမြေများ ဆုံးရှုံးခြင်း ၊ ငါးသယံဇာတများပျက်စီးခြင်း ၊တောကောင်များရှားပါးခြင်း ၊ ကွမ်းခြံများပျက်စီးခြင်း တို့ဖြစ်ပေါ်လျှက်ရှိသည်။

‘ကုမ္ပဏီက ကျွန်မမြေကို ညာပြီးတော့ယူတယ်။ ကုမ္ပဏီစကားပြန်က ပျိုးထောင်ဖို့အတွက် သုံးနှစ် မြေငှားချင် တယ်ဆိုလို့ ၁ ဧက  တစ်သောင်းနဲ မြေ ၁၀ ဧက ငှားလိုက်တယ်။ ပိုက်ဆံလည်း အခုထိ အပြည့်မပေးသေးဘူး။ ငှားပြီးနောက်တစ်နေ့ဆို ပျိုးခင်းအတွက် မြေညှိတယ်ဆိုပြီး ဘူဒိုဇာတွေနဲ အကုန်ထိုးလိုက်တယ်။ အဲဒီမြေပေါ် က သီဟိုပင်တွေကောပဲ ၊ သွားပြောတော့ သူတို့က နားမထောင်ဘူး” ဟု မနိုးရုံးရွာမှ မြေယာဆုံးရှုံးသူတစ်ဦး ကပြောသည်။

MAC ဆီအုန်းစီမံကိန်းကြောင့် မနိုးရုံး ၊ မနိုးလား ၊ ထောင်ကမတ်ကျေးရွာများ အဓိကထိခိုက်နစ်နာခဲ့ပြီး ၎င်းတို့ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ကွမ်း ၊ သီဟို ၊ ပိန္နဲခြံများအပါဝင်ဥယျာဉ်ခြံမြေ နှင့် တောင်ယာမြေစုစုပေါင်း ဧက ၂၅၀၀ကျော် ဆုံးရှုံးခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *