ဘုရင့်နောင်လမ်းဆုံသည် လေထုညစ်ညမ်းမူအများဆုံးနေရာဖြစ်

မော်တော်ယာဉ်ထူထပ်စွာသွားလာလေ့ရှိသည့် နေရာကြီး ငါးနေရာကို ရွေးချယ်၍ ရန်ကုန်မြို့၏ လေထုအရည် အသွေး စောင့်ကြည့် တိုင်းတာမှုများပြုလုပ်ခဲ့ရာဘုရင့်နောင်လမ်းဆုံသည်ကျန်နေရာများထက် လေထုညစ်ညမ်း မှု အရှိဆုံးနေရာဖြစ်ကြောင်း သုတေသနရလဒ်များအရ သိရှိရသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက မော်တော်ယာဉ်ထူထပ်စွာ သွားလာလေ့ရှိသည့်နေရာများဖြစ် သည့် ဘုရင့်နောင်လမ်းဆုံ ၊ လှည်းတန်းလမ်းဆုံ ၊ မြေနီကုန်းလမ်းဆုံ ၊ တာမွေလမ်းဆုံ နှင့် ရန်ကုန်မြို့တော်ခမ်း မရှေ့တို့တွင် လေထုအရည်သွေး စောင့်ကြည့် တိုင်းတာမှုများအား ၂၀၁၆ ခုနှစ်မှစ၍ လစဉ် တိုင်းတာမှုများပြု လုပ်ခဲ့သည်။
၂၀၁၆ ခုနှစ်မှ စ၍ လစဉ် တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ သုံးနှစ်အတွင်း ဘုရင်နောင့်လမ်းဆုံ၏ လေထုညစ်ညမ်းမှု သည် သတ်မှတ်စံချိန်စံညွှန်းကို ကျော်လွန်လျှက်ရှိသည့်ကို တွေ့ရှိရကြောင်း တိုင်းတာမှုအားကိုယ်တိုင်ပြုလုပ်ခဲ့ သူ ကိုစအောင်သက်ဦးကပြောသည်။
သတ်မှတ်စံနှုန်းချက်ထက် ကျော်လွန်သော ဓါတ်ငွေ့များမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ၊ဆာလဖာဒိုင်အောက် ဆိုဒ် ၊အမှုန်အမွှား PM10 နှင့် PM 2.5 တို့ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဒ် နှင့် ဆာ လဖာဒိုင်အောက်ဆိုဒ်ကလွဲ၍ အမှုန်အမွှားပါဝင်မှုနှုန်းသည် မြင့်မားလျှက်ရှိသည့်ကိုတွေ့ရှိရသည်။ သို့ သော် သုံးနှစ်အတွင်း တိုင်းတာမှုအရ ကျန်နေရာများထက် သတ်မှတ်ချက်ကျော်လွန်နေသည့်ကိုတွေ့ရှိရသည်။
ဘုရင့်နောင်လမ်းဆုံပြီးလျှင် သုံးနှစ်အတွင်း လေထုညစ်ညမ်းမှုအများဆုံး ဒုတိယနေရာမှာ တာမွေလမ်းဆုံဖြစ်ပြီး တတိယအများဆုံးမှာ မြို့တော်ခမ်းမရှေ့ဖြစ်သည်။ အနည်းဆုံးမှာ မြေနီကုန်းလမ်းဆုံဖြစ်ပြီး လှည်းတန်းလမ်းဆုံ သည် လေထုညစ်ညမ်းမှု စတုတ္ထအများဆုံးနေရာဖြစ်သည်။
သုံးနှစ်အတွင်း တွေ့ရှိချက်များနှင့် နှိုင်းယှဉ်ပါက ဘုရင့်နောင်လမ်းဆုံသည် အများဆုံဖြစ်သော်လည်း ယခုနှစ် နှစ်ဆန်းပိုင်း ရလဒ်အရ တာမွေလမ်းဆုံ နှင့် မြို့တော်ခမ်းမရှေ့သည် ကျန်နေရာများထက် လေထုညစ်ညမ်းမှု များနေသည့်ကိုတွေ့ရှိရသည်။ စံနှုန်းသတ်ချက်ကျော်လွန်သော ဓါတ်ငွေ့များမှာ နိုက်ထရိုဂျင်ဒိုင်အော်ကဆိုဒ်၊ အမှုန်အမွှားပါဝင်နှုန်း နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုနှုန်း များနေသည့်ကိုတွေ့ရှိရသည်။
‘ ဒီရလဒ်က ချုံငုံသုံးသပ်ထားတာပါ ညစ်ညမ်းမှုဖြစ်ရတဲ့အကြောင်းအရင်းကို တိကျစွာ ဖော်ထုတ်ဖို့ လေ့လာ တိုင်းတာမှုတွေ ဆက်လက် ပြုလုပ်ဖို့ လိုနေအုန်းမှာပါ။” ကိုစအောင်သက်ဦးကပြောသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက တိုင်းတာသည့် ဓါတ်ငွေ့များမှာ ဆာလဖာဒိုင်အောက်ဆိုဒ် ၊ နိုက် ထရိုဂျင်ဒိုင်အောက်ဆိုဒ် ၊ အမှုန်အမွှား ၊ မီသိန်း ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ကာဗွန်မိုနောက်ဆိုဒ် ၊ ဟိုက်ဒရိုကာ ဗွန် နှင့် Volatile Organi Copoung တို့ဖြစ်သည်။ ဓါတ်ငွေ့ထဲတွင်မပါဝင်သော အခြားအရာများမှာ လေတိုက် ရာ အရပ် ၊ လေတိုက်နှုန်း ၊ လေထု စိုထိုင်းဆ ၊ အပူချိန်တို့ဖြစ်သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *