စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက သုံးလအတွင်း ရန်ကုန်မြို့ရှိ နေရာ ခြောက်နေရာတွင် လေထုအ ရည်သွေးတိုင်းတာခဲ့ပြီး နှစ်နေရာတွင် ရေအ အရည်သွေး တိုင်းတာခြင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သုံးလအတွင်း လေထုအရည်သွေးတိုင်းတာခဲ့သော နေရာများမှာ သာကေတမြို့နယ် နှင့် မှော်ဘီမြို့နယ်ရှိ စက် မှုဇုန်အတွင်းရှိ စက်ရုံး နှစ်ခုတွင်တိုင်းတာခဲ့ပြီး ကျန်နေရာ လေးနေရာမှာ လူအများသွားလာသည် မြေနီကုန်း ၊ ဘုရင့်နောင် ၊ မြို့တော်ခမ်းမ နှင့် တာမွေ လမ်းဆုံတို့ဖြစ်ကြသည်။
သာကေတမြို့နယ် နှင့် မှော်ဘီမြို့နယ် စက်မှုဇုန်အတွင်း တိုင်းတာခဲ့သည့် လေထုအရည်သွေး တိုင်းတာချက် များမှ လွဲ၍ ကျန်နေရာလေးနေရာတွင် တိုင်းတာခဲ့သော လေထုအရည်သွေး ရလဒ်များကို ယခုနှစ်ကုန်တွင်အ များပြည်သူသိရှိစေရန်အတွက် ထုတ်ပြန်သွားမည်ဖြစ်သည်။
“ကျန်နေရာ နှစ်နေရာက ကုမ္ပဏီက ငှားတဲ့အတွက် ရလဒ်တွေက confidential ဖြစ်လို့ ထုတ်ပြန်လို့မရဘူး။ ကျန်တဲ့ ရလဒ်တွေတော့ ထုတ်ပြန်သွားမှာပါ”ဟု တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုစအောင်သက် ဦးကပြောသည်။
ရေအရည်သွေးတိုင်းတာခဲ့သော နေရာများမှာ လှိုင်သာယာစက်မှုဇုံ နှင့် ရွှေပြည်သာစက်မှုဇုံတို့ဖြစ်သည်။ စက် မှုဇုန်မှ ထွက်ရှိလာသည့် ရေဆိုးနမူနာများကို ယူ၍ ဓါတ်ခွဲခန်းတွင်စမ်းသပ်ခြင်းတို့အား လစဉ်ပြုလုပ်နေပြီး ရ လဒ်များကို အများပြည်သူသိရှိရေးအတွက် ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
သုံးလအတွင်း ရန်ကုန်မြို့ရှိနေရာ ရှစ်နေရာတွင် နေရာခွဲ၍ လေထု နှင့် ရေထု အရည်သွေးတိုင်းတာခဲ့
0 Comments