အရပ်ဖက်အဖွဲ့စည်း နှစ်ခု ပူးပေါင်း၍ တီကျစ်ကျောက်မီးသွေးစက်ရုံ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ ၊ မရှိ စမ်းသပ်

လွန်ခဲ့သည့်တစ်နှစ်ခန့်က ရှမ်းပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် စမ်းသပ်လည်ပတ်ခွင့်ရရှိခဲ့သော တီကျစ်ကျောက် မီးသွေးစက်ရုံ အနီးဝန်းကျင်တွင် ပတ်ဝန်းကျင် ထိခိုက်မှုရှိ ၊ မရှိ သိရှိရန်အတွက် မာတာ နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ ရေ၊ မြေ နှင့် လေ တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပင်လောင်းမြို့နယ် တီကျစ်ရွာ အနီးတွင် လေထုအရည်သွေးတိုင်းတာခြင်း သုံးနေရာ ပြုလုပ်ခဲ့သည်။ လေထုအ ရည်သွေးတိုင်းတာခြင်းအပြင် မြေနမူနာ ၁၀ နေရာ ကောက်ယူခြင်း နှင့် ရေနမူနာ ၁၃ နေရာကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။
ကျောက်မီးသွေးစက်ရုံ ညစ်ညမ်းမှု ရှိ ၊ မရှိ ၊ ထိခိုက်မှု ရှိ ၊ မရှိ ရွာသားများသိရှိနိုင်ရေးအတွက် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက နည်းပညာအကူညီပေးခြင်းဖြစ်ပြီး ရရှိလာသည့် ရလဒ်များပေါ်မူတည်၍ ဒေသခံ ပြည်သူများက ရှမ်းပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
အဆိုပါ တိုင်းတာမှုကို ပွင့်လင်းရာသီဖြစ်သည့် မတ်လ တွင် ကျင်းပပြုလုပ်ခဲ့ပြီး သုံးရက်ခန့် ကြာမြင့်ခဲ့သည်။အ ဆိုပါ သုံးရက်သည့် လုံလောက်မှု မရှိသောကြောင့် လေထုအရည်သွေး၊ ရေထုအရည်သွေး ၊ မြေထုအရည်သွေး တို့အားဆက်လက်စောင့်ကြည့်ရန်လိုအပ်သည့်ဟုစိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက အကြံပြုဆွေး နွေးထားသည်။
တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် ဒေသခံများ ကန့်ကွက်နေသည့် စက်ရုံဖြစ်သည်။ အဆိုပါကန့်ကွက်မှုများအကြားမှ ရှမ်းပြည်နယ်အစိုးရက လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် တစ်နှစ်စမ်းသပ် လည်ပတ်ခွင့် ပြုထားသည်။
မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီဒီယာ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါစက်ရုံ လည်ပတ်ခွင့်အား အသစ်ထပ်မံ၍ တစ်နှစ်တိုး ခွင့်ပြုလိုက်ပြီး လူမူပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း နှစ်ခုအား ယခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်မည်ဟု ကြေငြာခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *