ပင်လယ်ရေတိုက်စားမှုကြောင့် ကျေးရွာသုံး ရွာ ရွေ့ပြောင်းခဲ့ရသော မုတ္တမကွေ့အနီးရှိ အလှပ်ကျေးရွာအုပ်စု တွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ပင်လယ်မြင့်တက်မှုရှိ ၊ မရှိသုတေသနစစ်တမ်းပြုလုပ်ခဲ့ကြောင်း စိမ်း လန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက သတင်းရရှိသည်။
မြေပြင် ကွင်းဆင်းလေ့လာမှုကို မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊အလှပ်ကျေးရွာအုပ်စု ၊ ခင်တန်းကျေးရွာတွင်ပြုလုပ် ခဲ့သည်။ အဆိုပါ ကျေးရွာသည် ကပ္ပလီ ပင်လယ် အနီးတွင်ရှိပြီး မုတ္တမကွေ့နှင့် နီးသည်။ ကျေးရွာသားများ၏ ပြောကြား ချက်အရ လွန်ခဲ့သည့် အနှစ်ဆယ်က ပင်လယ်ရေတိုက်စားမှုကြောင့် ကျေးရွာသုံးရွာရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာ ဟောင်းတွင် ပင်လယ်ရေ အတက် ၊ အကျရှိသည့် နေရာဖြစ်နေသည်။
နှစ်စဉ် ပင်လယ်ရေတိုက်စားမှု ဒဏ်ခံစားနေရသဖြင့် ပင်လယ်ရေးတိုးမှုမရှိစေရေးအတွက် နိုင်ငံတော်၏ထောက် ပံ့အကူညီဖြင့် အမြင့် ၉ ပေကျော် ၊ အကျယ် ၁၁ ကျော်ရှိပြီး ပေ ၁၁၇၇ ရှည်လျားသည့် ပင်လယ်ရေတားတာ တမံ တည်ဆောက်ထားသည်။
“ ဒေသခံတွေကပင်လယ်ရေတိုက်စားတာကိုခံစားနေရတယ်။အဲ့ဒီအတွက်ကြောင့်ပဲ ကျေးရွာသုံးရွာရွေ့ပြောင်း ပြီးသွားပြီ အဲ့ကျေးရွာ ဟောင်းတွေရဲ့ ရေတွင်းပျက်တွေအထိ ပင်လယ်ရေ ရောက်နေပြီ။ ပင်လယ်ရေကတော့ အမြဲတမ်း မရှိဘူး။ ပင်လယ်မြင့်တက်ခြင်း ရှိ ၊ မရှိ ကျနော်တို့က သုတေသနသွားလုပ်ခဲ့တာပါ။” ဟု စိမ်းလန်း အမိမြေဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ စီမံကိန်းအရာရှိ ဦးနေမင်းမောင်ကပြောသည်။
ယင်းကျေးရွာတွင် နေထိုင်သည့် ဒေသခံလူများအား ရာသီဥတုပြောင်းလဲမှုနှင့် လွန်ကဲသော ရာသီဥတု အခြေ နေ များ ကြုံတွေ့ရမှု ၊ ကျေးရွာများ ထိခိုက်ဆုံးရှုံးမူ ၊ အသက်မွေးဝမ်းကြောင်းပြောင်းလဲမှု များအားလူထု အခြေ ပြု မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ သုတေသနလုပ်ငန်းအား ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီးဖြစ်ပြီး ၂၀၁၈ ဇွန်လတွင် ပြီးစီးမည်ဖြစ်သည်။ မြေ ပြင်ကွင်းဆင်းလေ့လာမူများအားအကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံး မြေပြင် ကွင်းဆင်းလေ့လာမူကို ဧပြီ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ရက်အကြာ ပြုလုပ်ခဲ့သည်။
နောက်ဆုံးအကြိမ် မြေပြင်ကွင်းဆင်းလေ့လာမှုတွင် ပင်လယ်ကမ်းခြေ နှင့် ထိစပ်နေမှု ၊ ကမ်းပါးပြိုကျမှုတို့အား Drone အသုံးပြု၍ ဓါတ်ပုံမှတ်တမ်းတင်ခြင်း ၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွား ၊ အသက်မွေးဝမ်း ကြောင်း ၊ ရာ သီဥတုအမျိုးအစား နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဆုံးရှုံးနစ်နာမူများ သိရှိစေရန် အတွက် ရာသီစက်ဝိုင်း ပြက္ခဒိန်အသုံးပြု၍ သတင်းအချက်လက်များ ၊ ကျေးရွာသမိုင်း နှင့် ဓါတ်ပုံများမှတ်တမ်းတင်ခဲ့သည်။
ထိုအပြင် ငါးမျိုးစိတ်များ နှင့် မွန်ဘာသာဖြင့် ရာသီဥတုအခေါ်အဝေါ် အသုံးအနှုန်းများကိုလည်း လေ့လာခဲ့ သည်။ သုတေသနပြု လေ့လာချက်အရ အလှပ်ကျေးရွာအုပ်စု ခင်တန်းကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ငါး မျိုးစိတ် ၄၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့ပြီး နှစ်မျိုးမှာ ရှားပါးနေသည့်ဟု တွေ့ရှိ မှတ်တမ်းတင်ခဲ့သည်။
မုတ္တကွေ့ ကျေးရွာများတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ပင်လယ်မြင့်တက်မှုရှိ ၊မရှိ လေ့လာ သုတေသနပြု
0 Comments