အမျိုးသားအဆင့် FLEGT သုံးပွင့်ဆိုင်ဖွဲ့စည်းရေးအတွက် အရပ်ဘက်ကိုယ်စားလှယ် ၉ ဦးရွေးချယ်

မြန်မာနိုင်ငံ နှင့် ဥရောပသမဂ္ဂတို့၏ FLEGT –VPA လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် ဖွဲ့စည်းမည့်သုံးပွင့် ဆိုင်ညွှန်ပေါင်းအဖွဲ့တွင် ပါဝင်ရန် အရပ်ဘက်ကိုယ်စားလှယ်များအဖွဲ့မှ ကိုယ်စားလှယ် ၉ ဦးအားအဆင့်ဆင့် ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။
ပထမဆုံး ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ နှင့် ဥရောပသမဂ္ဂတို့၏ FLEGT- VPA လုပ်ငန်းစဉ် ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်ဆွေးနွေးခြင်းအခမ်းနားမှသတင်းရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားအား ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ဇန်န၀ါရီ ၂၃ရက်မှ ၂၄ ရက်အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။
`ကျနော်တို့ အခုလိုရွေးချယ်လိုက်ခြင်းဟာ သစ်ခိုးထုတ်မှု နဲ ပတ်သတ်ပြီး ဖြစ်ပေါ်လာတဲ့ သယံဇာတ ထိခိုက်မှု တွေ ကို တရားဝင် ပြောခွင့် ဆိုခွင့်ရတဲ့ ယန္တရားဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။´ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်အသင်းမှ ဥက္ကဌ ဦးဝင်းမျိုးသူကပြောသည်။
အဆိုပါ အခမ်းနားသို့ ကယားပြည်နယ် မှ လွဲ၍ အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများမှ ရွေးချယ်ထားသည့် အရပ်ဘက်ကိုယ်စားလှယ် ၃၈ ဦးကျော် တက်ရောက်ကြပြီး ယင်းကိုယ်စားလှယ်များ စိတ်ကြိုက်မဲပေးရွေးချယ် ခဲ့ခြင်းဖြစ်သည်။
တက်ရောက်လာသည့် အရပ်ဘက်ကိုယ်စားလှယ် ၃၈ ဦးက ပဏမ ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ခဲ့ပြီး ယင်း မှ တစ်ဆင့် ကိုယ်စားလှယ် ၉ ဦး ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ် ရွေးချယ်ရာတွင် တစ်ဦးလျှင် မဲ တစ်မဲ နှုန်းဖြင့် ပွင့်လင်းမြင်သာစွာ အဆင့်ဆင့် စိစစ်၍ ရွေးချယ်ခဲ့သည်။
`သယံဇာတ စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာနှစ်ပေါင်းခြောက်ဆယ်ကျော် အရိုးစွဲနေတဲ့အကျင့်ဆိုးတွေလျော့နည်း အောင်လုပ်တဲ့အခါ တွန်းအားဖြစ်စေဖို့ နဲပြည်သူ့ကတစ်ဆင့်သွားတဲ့ သယံဇာတအုပ်ချုပ်ခြင်းဖြစ်စေဖို့နိုင်ငံရေး အခင်းအကျင်း အပြောင်းလဲဖြစ်စေဖို့ ဒါတွေကိုကိုယ့်စားပြုစေပါတယ်။´ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဦးဝင်းမျိုးသူကပြောသည်။
တရားမ၀င်သစ်ခိုးထုတ်မှုများနှင့်ပတ်သတ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဖေဖော်ဝါရီလအထိကွင်းဆင်း လေ့လာမှုများပြုလုပ်ပြီးနောက်အဖွဲ့ဝင် ၂၄ ဦးပါ အဆိုပါ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ကို ယခုနှစ်အတွင်းဖွဲ့စည်း သွား မည်ဖြစ်သည်။
`ကုမဏီက ရှစ်ယောက် ၊ အရပ်ဖက်ကိုယ့်စားလှယ်က ရှစ်ယောက် ၊ အစိုးရဖက် ရှစ်ယောက်ပေါင်း၂၄ ယောက် နဲ သုံးပွင့်ဆိုင် အဖွဲ့ ဖွဲ့သွားမယ်။ အဲဒီအဖွဲ့ကတရားမ၀င်သစ် ဟုတ်မဟုတ် စစ်ဆေးသွားမယ်´ဟု သစ်တောဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၇ ခုနှစ်မေလတွင် 7 Day သတင်းစာသို့ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် အရပ်ဖက် ၊ ကုမဏီ နှင့် အစိုးရ တွေ့ဆုံမည်နိုင်ငံအဆင့်အ လုပ်ရုံးဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင်ပြုလုပ်ခဲ့ပြီးနောက် တရားဝင် ဖွဲ့စည်းမှုကို ၂၀၁၇ ခုနှစ်တွင်ဖွဲ့ စည်းမည်ဟု မူလ ရည်ရွယ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်သာ ဖွဲ့စည်းဖြစ်ခဲ့သည်။
အဆိုပါ အဖွဲ့အား ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး အစိုး ရ အဖွဲ့ဝင် ၈ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အ ကောက်ခွန် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့က ရွေးချယ်သွားမည်ဟု သိရှိရသည်။
ဥရောပနိုင်ငံများသို့ မြန်မာသစ်များတင်ပို့မည်ဆိုပါက ၎င်းတို့ ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ် ထား သည့် သစ်တောဥပဒေစိုးမိုးရေး ၊ စီမံအုပ်ချူပ်ရေးနှင့် ကုန် သွယ်ရေး FLEGT ဖလပ်အဖွဲ့ဝင်နိုင်ငံဖြစ်ရမည်ဖြစ်သည်။
၎င်းတို့သတ်မှတ်ထားသည့် FLEGT ၏စံနှုန်းများတွင် ဥရောပဈေးကွက်သို့တင်ပို့မည်သစ်များသည်ဌာနေတိုင်း ရင်းသားများ၏ သဘောတူညီနှင့် ထုတ်လုပ်ထားသော သစ်များ ဖြစ်ရမည်ဖြစ်သည်။ ထိုအပြင် သစ်ထုတ်လုပ် သည့် အဆင့်များတွင်အလုပ်သမားအခွင့်ရေးစောင့်ထိန်းလိုက်နာခြင်းနှင့်သဘာဝပတ်ဝန်းကျင်စောင့်ထိန်းလိုက် နာမှုလည်း ရှိရမည်ဖြစ်သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *