တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် ဒေသ ၃၉ နေရာရှိ

တနင်္သာရီတိုင်းဒေသကြီးတွင် လာရောက်ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းအမျိုးအစား ၂၉ မျိုးကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်သည့် နေရာ ၃၉နေရာ ရှိကြောင်းစိမ်းလန်းအမိ မြေဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသတင်း ရရှိသည်။
ယင်းအချက်လက်များသည် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ခြောက်မြို့နယ်တွင် ကောက်ယူထားသည့်အ ချက်လက်များဖြစ်သည်။ စီမံကိန်းများရှိသည့်မြို့နယ်များမှာဘုတ်ပြင်းမြို့နယ် ၊ ပုလောမြို့နယ် ၊ ကျွန်းစုမြို့နယ် ၊ တနင်္သာရီမြို့နယ်၊ကော့ သောင်းမြို့နယ် နှင့်မြိတ်မြို့နယ်တို့ဖြစ်သည်။
ဘုတ်ပြင်းမြို့နယ် တွင် စီမံကိန်းအမျိုးအစား ၉ မျိုးရှိပြီး ပုလောမြို့နယ်တွင် စီမံကိန်းအမျိုးအစား ၃ မျိုးရှိသည်။ ကျွန်းစုမြို့နယ်တွင် စီမံကိန်း အမျိုးအစား ၆ မျိုးရှိကာမြိတ်မြို့နယ်တွင် စီမံကိန်းအမျိုးအစား ၈ မျိုးရှိသည်။ တန င်္သာရီမြို့နယ်တွင် စီမံကိန်း ၂ ခုရှိပြီး ကော့သောင်းမြို့နယ်တွင် ၁ ခုရှိသည်။
ယင်းမြို့နယ်များတွင် တွေ့ရလေ့ရှိသည့် စီမံကိန်းများမှာ ဆီအုန်း နှင့် ရာဘာ စိုက်ပျိုးခြင်း ၊ ခဲ နှင့် ရွှေတူးဖော် ခြင်း ၊ သစ်ထုတ်လုပ်ခြင်း ၊ ပုဇွန်ကန်မွေးမြူးခြင်း ၊ မြို့ပြနယ်မြေချဲထွင်ခြင်း၊ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း ၊ ငါးမွေးမြူးခြင်းလုပ်ငန်းများဖြစ်သည်။
ယင်းစီမံကိန်းများကြောင့် ဒေသတွင်းကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအနည်းနှင့်အများ ဖြစ် ပေါ် လျှက်ရှိသည်။ အဆိုပါမြို့နယ်များတွင်ကျေးရွာပေါင်း ၄၅ ရွာကျော်ရှိသည့်အနက် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိ ခိုက်နိုင်သည့်ကျေးရွာ ၃၉ ရွာရှိခြင်းဖြစ်သည်။
ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်း ၊ ရာဘာ စိုက်ပျိုးခြင်း၊ခဲတူးဖော်ခြင်းနှင့်တရားမ၀င်သစ်ထုတ်လုပ်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လွယ်သည့် နေရာ ၈ နေရာရှိသည်။ယင်းနေရာများမှာအတွင်းဘုတ်ပြင်း၊ထောင်မွန် ၊ ကော့ဘွတ် ၊ ချောင်းကဖက် နှင့် မ နိုးရုံး ၊ ရွှေဂဲညို ၊ ရေငန်ကြီး ၊ ထောင်ရိုက်တို့ဖြစ်ကြသည်။
ယခင်သစ်ထုတ်လုပ်ခြင်းရှိခဲ့သော်လည်း ယခုအခါ လုပ်ကွက်များသာ ကျန်ရှိသည့် ကျေးရွာပေါင်း ခြောက်ရွာရှိ သည်။ယင်းကျေးရွာများမှာ အုန်းတောကမ်း ၊ထောင်ငါးသိုင်း၊တောင် စုံမတက် ၊ ဘုန်ခွန်း ၊ ဟန်ကပြု ၊ ကော့ ဗ မာ တို့ ဖြစ်ကြသည်။
ပုလောမြို့နယ်တွင် ခဲမိုင်းများတူးဖော်ခြင်း ၊ ရာဘာခြံ စိုက်ပျိုးခြင်း ၊ ရာဘာစက်ရုံတည်ထောင်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လွယ်သည့်နေရာ ငါးနေရာရှိသည်။ ယင်းနေရာများမှာ ပြင်ဘုကြီး ၊ နန်းသီတာ ၊ အင်းမကျေးရွာ ၊ ရှမ်းဒွတ် ၊ ကြဲ တို့ဖြစ်ကြသည်။
ကျွန်းစုမြို့နယ်တွင် ကျေးရွာပေါင်း ၂၈ ရွာရှိသည့်အနက် ခရီးသွားလုပ်ငန်းများ အကောင်ထည်ဖော်လာခြင်း ၊ သစ်ထုတ်လုပ်ခြင်း ၊ ခဲမိုင်းတူးဖော်ခြင်း ၊ ကျောက်မိုင်းများတူးဖော်ခြင်း ၊ ပုဇွန်ကန်များ နှင့် မြို့ပြများတိုးချဲလာ ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လွယ်သည့်နေရာ ၁၀ နေရာရှိသည်။
ယင်းနေရာများမှာ ရေကန်တောင် ၊ ကောဇာယာ ၊ ကံမော် ၊ ကဘင် ၊ ရေမြစ်ကြီး ၊ ညောင်ဘီး ၊ ကပ ၊ရေမြစ် ကြီး ၊ အဏ၀ါ ကြိုးဝိုင်းတည်ရှိရာ ဘန္ဒဲကျေးရွာတို့ဖြစ်ကြသည်။
တနင်္သာရီမြိ့နယ်တွင် စီမံကိန်း နှစ်ခုတည်း ရှိသော်လည်း ဆီအုန်း စိုက်ပျိုးခြင်း နှင့်သတ္တုမိုင်းတူးဖော်ရေး လုပ် ငန်းနှစ်ခုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လွယ်သည့်နေရာငါး နေရာဖြစ်သည်။ ယင်းနေရာများမှာတမုတ် ချုံး ၊ ညောင်ပင်ကွင်း ၊ သိန်ခွန်း ၊ ဘန်လော ၊သိန်းဒေါတို့ဖြစ်ကြသည်။
ထိုအတူ ကော့သောင်းမြို့နယ်တွင် ကျေးရွာ ၂၃ ရှိပြီး စီမံကိန်းအမျိုးအစား တစ်မျိုးတည်းရှိသော်လည်းသစ် တောပြုန်းတီးမူများ ကြုံတွေ့နေရသည်။ သစ်တောပြုန်းတီးမှု နှစ်စဉ် ကြုံတွေ့နေရသည့် စီမံကိန်းမှာ ဆီအုန်း စိုက်ပျိုးခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
`ပါချန်ကြိုးဝိုင်းက အထိအနာဆုံးပဲ´ဟု ကော့သောင်းမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
မြို့နယ်သည် ကုမဏီအများစု ရုံးစိုက်ရာဒေသဖြစ်သောကြောင့် ရာဘာစိုက်ပျိုးခြင်း ၊ ငါးမွေးမြူးခြင်း ၊ ကျောက် ထုတ်ခြင်း ၊ မြို့သစ်စီမံကိန်းတိုးချဲခြင်း ၊ ဆီအုန်း စိုက်ပျိုးခြင်း နှင့် တရားမ၀င်သစ်ထုတ်လုပ်သည့် လုပ်ငန်း များ ရှိသည့်ဒေသဖြစ်သည်။
ယင်းစီမံကိန်းများကြောင့် ပပြင် ၊ အလယ်ချောင်း ၊ ကျောက်ဖျာ ၊ ကလွင် ၊ တညက် ၊ တုံးဗျော၊တို့သည်အထိ နာဆုံးဖြစ်သည်။ မြိတ်ခရိုင်တွင် စီးပွားရေးလုပ်ငန်းအဓိက လုပ်ကိုင်သည့်ကုမဏီများမှာ မြိတ်အများပိုင် ၊ MFP အိမ် ယာဆောက်ရေးလုပ်ငန်း ၊ ထူးထူးတိုး ၊ မင်းဇာနည် ၊ အဆောင်ကောင်း နှင့် Vantage တို့ဖြစ်ကြသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *