ရက်ပေါင်းအတော်ကြာ မီးငြိမ်းသတ်ရန်ခက်ခဲခဲ့သော လှိုင်သာယာအမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန် မြို့၏ လေထုညစ်ညမ်းမှု မည်မျှ ရှိ ၊ မရှိ မြို့နယ်သုံးနေရာခွဲ၍ လေ့လာခဲ့ရာ သုံးမြို့နယ်စလုံးတွင် သာမာန်လ များထက် ဓါတ်သုံးမျိုး သတ်မှတ်စံနှုန်းထက်ကျော်လွန်နေသည့်ကိုတွေ့ရှိရကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေးအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေသော အမှိုက်ပုံနှင့် အနီးဆုံးဖြစ်သည့် လှိုင်သာယာမြို့နယ် ၊ မနီးမဝေးတွင်ရှိ သော အင်းစိန်မြို့ နယ် နှင့် အလှမ်းဝေးသည့် တာမွေမြို့နယ် စသည့် အကွာအဝေးကိုလိုက်ပြီး နေရာသုံးနေရာအား ဧပြီလအတွင်း တိုင်းတာခဲ့ခြင်းဖြစ်သည်။
တိုင်းတာမှုရလဒ်များအရ လှိုင်သာယာမြို့နယ်တွင် ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ပါဝင်မှုသည် သတ်မှတ် စံနှုန်းထက် နှစ်ဆခန့်မြင့်မားခဲ့ပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် မှာလည်း သတ်မှတ်စံနှုန်းထက် ကျော်လွန်ခဲ့ သည်။ ထိုအပြင် လေထုထဲ အမှုန့်အမွှား ပါဝင်မှုသည် အဆ ၄၀ အထိ မြင့်မာခဲ့ပြီး အသက်ရူလမ်းကြောင်း ကိုဒုက္ခပေး နိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်ဓါတ်များလည်း တိုင်းတာတွေ့ရှိခဲ့သည်။
အဆိုပါ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်သည်ရန်ကုန်မြို့တွင်မည်သည့်နေရာမှတိုင်းတာတွေ့ရှိဖူးခဲ့ခြင်း မရှိသောဓါတ် ငွေ့ဖြစ်သောကြောင့် အမှိုက်ပုံနှင့် နီးသည့် လှိုင်သာယာမြို့နယ်တွင် ယင်းဓါတ်ငွေ့ရူရှိုက်မိသဖြင့် ဆေးရုံတက် ရောက်ကုသမှုများဖြစ်ပေါ်ခဲ့သည်။
လှိုင်သာယာမြို့နယ်နှင့်နီးကပ်ပြီး လှိုင်မြစ် အရှေ့ဘက်ခြမ်းတွင်ရှိသည့် အင်းစိန်မြို့နယ်ရှိ လေထုထဲတွင်လည်း အမှုန့်အမွှားပါဝင်မှုနှုန်းသည် သတ်မှတ်စံနှုန်းထက် အဆ ၇ ခန့်မြင့်မားခဲ့သည်။ထိုအပြင် အလှမ်းကွာဝေးသော တာမွေမြို့နယ်တွင် ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ပါဝင်မှုနှုန်းမှာ သတ်မှတ်စံနှုန်းကျော်လွန်ခဲ့ပြီး အမှုန့်အ မွှား ပါဝင်မှုမှာလည်း သတ်မှတ်ချက် အနည်းငယ်ကျော်လွန်နေသည့်ကို တွေ့ရှိရသည့်ဟု အသင်းက သတင်း ထုတ် ပြန်ထားသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဓါတ်ငွေ့ ရှစ်မျိုး နှင့် လေထုစိုထိုင်းဆ ၊ လေတိုက်နှုန်း ၊ လေ တိုက်ရာအရပ် နှင့် အပူချိန်တို့ကို ဧပြီလ နေ့ ၂၃ ၊ ၂၄ ၊ ၂၅ ရက်အတွင်းတိုင်းတာခဲ့ခြင်းဖြစ်သည်။တိုင်းတာခဲ့ သော ဓါတ်ငွေ့ ရှစ်မျိုးမှာ ဆာလဖာဒိုင်အောက်ဆိုဒ် ၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ၊ အမှုန့်အမွှား( PM 2.5 နှင့် PM 10) ၊မီသိန်း ၊ကာဗွန်မိုအောက်ဆိုဒ် ၊ကာဗွန်ဒိုင်အောက်ဆိုဒ် ၊Volatile Organic Compoundတို့ဖြစ်သည်။
ရန်ကုန်မြို့အတွင်းမှ စွန့်ပစ်အမှိုက်များ စုပြုံးရန်ထားရှိသည့် အမှိုက်၆ ပုံရှိသည့်အနက်ယခုနှစ်အတွင်းမီးလောင် ခဲ့သည့် နေရာအကျယ်အ၀န်းမှာ ဧက ၁၅၀ ကျယ်ဝန်းသည်။ ၂၀၀၂ ခုနှစ်မှစတင်၍ တစ်ရက်လျှင် အမှိုက်တန် ချိန် ၉၅၀ နေ့စဉ် စွန့်ပစ်ခဲ့သည်။ ယခုနှစ်အတွင်း မီးလောင်ခဲ့သော ဧရိယာအကျယ်ဝန်းမှာဧက ၈၀ခန့်ရှိသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယမန်နှစ်များကလည်း အဆိုပါအမှိုက်ပုံတွင် မီးလောင်ကျွမ်းမှုများရှိခဲ့သော် လည်း ကြီးကျယ်မှု မရှိခဲ့ကြောင်း သိရှိရသည်။ ယခုနှစ် မီးလောင်ကျွမ်းမှုသည် အမှိုက်ပုံမှ သဘာဝအလျောက် ထွက်ရှိသည့် မီသိန်းဓါတ်ငွေ့ နှင်စွန့်ပစ်ပစ္စည်းများတွင်ပါဝင်သည့်မီးလောင်ကျွမ်းလွယ်သော ပစ္စည်းများကြောင့် စတင်လောင်ကျွမ်းခဲ့သည့်ဟု သိရှိရသည်။ ထိုအပြင် ယခုနှစ်နွေရာသီ၏ ပြင်ပအပူချိန်သည့် ယမန်နှစ်များထက် မြင့်မားခဲ့သည်။
လှိုင်သာယာအမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမူကို ဖြစ်ပေါ်စေသည့် ဓါတ်ငွေ့များမြင့်မား
0 Comments