Is PH7 really Clean Water?

PH-7 ဆိုရင်ရေတကယ်သန့်ပြီလား?

ရေဆိုတာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ် သောက်သုံးနေသော ရေကို PH-7 ဖြစ်ရင် ရပြီလို့ လူ တော်တော်များများ ထင်မှတ် မှားနေကြပါတယ်။ တကယ်တော့ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ လိုအပ်သော (Mineral) လို့ခေါ်သော သတ္တုဓာတ် အချို့ကို ရေ သောက်သုံးခြင်းမှလဲ ရရှိပါတယ်။
လူခန္ဓာကိုယ်ဟာ သတ္တုဓာတ် များစွာ လိုအပ်သောကြောင့် ရေနှင့်မလုံလောက်ဘဲ သံဓာတ်(Iron) အားဖြည့်အချိုရည်နှင့် ဆားဓာတ်များ ပါဝင်သော အချိုရည်များကို ဝယ်ယူ သောက်သုံးလေ့ ရှိပါတယ်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် လိုအပ်သော သံဓာတ်(Iron), ဆားဓာတ်(SodiumChloride) တို့လို သတ္တုဓာတ်(Mineral)များ အတိုင်းအတာ တစ်ခုထိ အချိုးညီမျှစွာ ပါဝင်မှသာ ရေကောင်းရေသန့်ဆိုတာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ရေမှာပါဝင်သော အရာများကို အမျိုးအစား ခွဲကြည့်မယ်ဆိုရင် (၃)မျိုး တွေ့နိုင်ပါတယ်။ ပထမ တစ်မျိုးကတော့ (Physical) လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရေအရည်အသွေး ဖြစ်ပါတယ်။ ဒုတိယ အနေကတော့ (Chemical)လို့ခေါ်သော ဓာတုဆိုင်ရာ ရေအရည်အသွေး နှင့် တတိယကတော့ (Total Coli form, Ecoli Bacteria) ဟုခေါ်သော အနုဇီဝ ပိုးမွှားများ ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ရေအရည်အသွေး (Physical)မှာ ဆိုရင် ရေ၏အရောင်နှင့် အမှုန်အမွှားတွေ (Colour, Turbidity, Suspends Solid) ပါဝင်ပါသည်။ ထိုအရာတွေကို အလွယ်တကူ ဖယ်ရှားနိုင်သော နည်းလမ်းများ ရှိပါသည်။
ဓာတုဆိုင်ရာ ရေအရည်အသွေး (Chemical)မှာဆိုရင် နှစ်မျိုး ခွဲခြား သိနိုင်ပါသည်။ နံပါတ်(၁) အနေနဲ့ကတော့ လူခန္ဓာကိုယ်တွင် လိုအပ်သော (Mineral) သတ္တုဓာတ်များ ဖြစ်သော ထုံးဓာတ်(Alkality, Hardness, Calcium, Meganesium,)၊ သံဓာတ်(Iron)နှင့် ဆားဓာတ် များဖြစ်သော(Chloride,Sodium Chloride, Surphate, Salinity) များ ပါဝင်ပါသည်။ ထို သတ္တုဓာတ်များသည် ခန္ဓာကိုယ်အတွက် အတိုင်းအတာ တစ်ခုထိ လိုအပ်သော (Mineral)များ ဖြစ်သောကြောင့် သတ်မှတ်ထားသော အရည်အသွေးထက် ကျော်လွန်သွားလျင် လူခန္ဓာကိုယ်အတွက် ဆိုးကျိုးများကို ဖြစ်ပေါ် စေပါသည်။
နံပါတ်(၂) အနေနဲ့ကတော့ (Heavy Metal)ခေါ်သော အဆိပ်အတောက် ဓာတ်များ (Arsenic, Mercury, Cupper, Cyanied, Lead)တို့ ဖြစ်ပါသည်။ ထိုဓာတ်များသည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသော အဆိပ်အတောက်များ ဖြစ်သောကြောင့် ရေထဲတွင် မပါဝင်လျင် အကောင်းဆုံး ဖြစ်ပါသည်။ (Total Coliform, Ecoli Bacteria) ဟုခေါ်သော အနုဇီဝ ပိုးမွှားများသည် လူတွေကို ဝမ်းပျက် ဝမ်းလျောမှုကို ဖြစ်ပေါ်စေသော ပိုးမွှားများ ဖြစ်ပါသည်။ ရေထဲတွင် ပျော်ဝင်နေသော ရုပ်ပိုင်းဆိုင်ရာ ရေအရည်အသွေး၊ သတ္တုဓာတ်များ၊ အဆိပ်အတောက် ဖြစ်စေသော (Heavy Metal)နှင့် အနုဇီဝ ပိုးမွှားများကို စနစ်တကျ နည်းလမ်း မှန်ကန်စွာဖြင့် စမ်းသပ်၊စစ်ဆေး၊ သန့်စင်ပြီးမှသာ ကျန်းမာရေးနှင့် ညီညွှတ်သော ရေကောင်း ရေသန့်ကို ရရှိမှာ ဖြစ်ပါသည်။
နိဂုံးချုပ် အနေဖြင့် ယနေ့ တိုးတက်နေသော ခေတ်တွင် လူသားများသည် ကျန်းမာရေးကို လေ့လာလိုက်စားပြီး ဂရုတစိုက် နေထိုင်စားသောက် လာပြီဖြစ်ပါသည်။ ရေဆိုလျင်လဲ ရေကောင်း ရေသန့်သာ သောက်၊ သုံး ခြင်ကြပါသည်။ ရေသန့်၊ မသန့်ကိုလဲ အလွယ်တကူ စစ်ဆေးနိုင်သော ဓာတ်ခွဲခန်းများ ပေါ်ထွက်လာခဲ့ပါပြီ။ ထို့ကြောင့် မိမိ တို့နေအိမ်ရှိ ရေတွင်း၊ ရေကန်များမှ ထွက်ရှိလာသော ရေများကို PH-7 ဖြစ်ယုံမကဘဲ ကျန်းမာရေးနှင့် လျော်ညီသော ရေကောင်း၊ ရေသန့် ဖြစ်သည်အထိ စစ်ဆေးရန် လိုအပ်ကြောင်း အကြံပြုတိုက် တွန်းလိုက်ပါရစေ။
Photo Credit## Google
Kyaw Thu Sein
Third Prize Winner (ALARM’s Environmental Content Creation Event)
Mobile Lab Technician
A.E Laboratory(ALARM)

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *