လူထုပူးပေါင်းပါဝင်သော သယံဇာတကာကွယ် ကင်းလှည့်ခြင်း လုပ်ငန်းသည် နိုင်ငံတော် နှင့် ပြည်သူ အတွက် များစွာအကျိုးကျေးဇူးပြုလျက်ရှိ
နိုင်ငံ၏သစ်တောဖုံးလွမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် ၆၁% ရှိရာမှ တစ်နှစ်လျှင် ၀.၉၄% ဖြင့် ၂၀၁၀ ခုနှစ်တွင် ၄၇% သို့လျော့နည်းလာခဲ့ကြောင်း သုသေသန စာတမ်းများအရ သိရှိရသည်။ ထို့ပြင် ၂၀၁၆ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲ ခြင်း ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ထိခိုက်မှုတွင် ဒုတိယမြောက်နိုင်ငံတစ်နိုင်ငံ အဖြစ် သော်လည်းကောင်း၊ သစ်တော ပြုန်းတီး မှုတွင်လည်း တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ အဓိကအကြောင်းအရင်းများမှာ သယံဇာတများ အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တရားဝင်/မဝင် ထုတ်ယူသုံးစွဲခြင်း၊ စီးပွားဖြစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ နှင့် အခြားအကြောင်းအရင်းများကြောင့် ဖြစ်သည်။
သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးတွင် အဓိကတာဝန်ရှိသူမှာ သစ်တောဌာနဖြစ်သည်။သို့သော် ဌာနအနေဖြင့် ထိရောင်စွာဆောင်ရွက်နိုင်ရန် အားနည်းချက်များရှိနေခြင်းကြောင့် ဒေသခံပြည်သူများသည် မိမိတို့ကျေးရွာအနီး မှီခိုနေထိုင်နေရသည့် သစ်တောသယံဇာတများကို လူထုနည်းဖြင့် အနီးကပ်ထိမ်းသိမ်းနိုင်ရန် အရေးကြီးပါသည်။ ထိုသို့ သယံဇာတများကို ထိရောင်စွာထိန်းသိမ်းနိုင်ရန်အတွက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ နည်းပညာအကူအညီဖြင့် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင် အတွင်းရှိ မိုင်းတွေးကျေးရွာ ၊ မစမ်းအော်ကျေးရွာ နှင့် သဲဖြူကျေးရွာများတွင် သက်ဆိုင်ရာသစ်တောဦးစီးဌာန ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ(Green Network Taninthari)နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်၍ ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် သစ်တောကာကွယ်ကင်းလှည့်အဖွဲ့များ ကို ဖွဲ့စည်းခဲ့သည်။
အဆိုပါ သစ်တောကာကွယ်ကင်းလှည့်အဖွဲ့များ မှ ၎င်းကိုယ်တိုင်အုပ်ချုပ်စီမံလုပ်ကိုင်နေသည့် သစ်တောများအတွင်း တရားမဝင်သစ်ထုတ်လုပ်မှုများကို ကာကွယ်တားဆီးခဲ့ကြရာ မတ်လ မှ မေ လအထိ (၃) လ အတွင်း ဖမ်းဆီးရရှိမှုအခြေအနေများမှာ ကျွန်းစုမြို့နယ် ၊ မစမ်းအော်ကျေးရွာ တွင် ၃ လံ ၄ လံသစ် အချောင်း (၁၂၀)၊ မိုင်းတွေးကျေးရွာ မျောသစ် အလုံး (၁၀၀) နှင့် ၆ တောင်ပိုင်း (၄၅) လုံး၊ ဘုတ်ပြင်းမြို့နယ် သဲဖြူကျေးရွာတွင် ၄ ပေခွဲ (၁၅) ပေအရှည် ဆောင်းသစ်တစ်လုံး နှင့် ကနစို ၈ လက်မပြား ၄ ချောင်းတို့ဖြစ်သည်။
ဖမ်းဆီးရမိသော ပစ္စည်းများကို သစ်တောဌာနသို့ လွဲပြောင်းပေးအပ်ခြင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးထံ အပ်နှံခြင်း၊ ရွာသားအချင်းချင်းဖြစ်သည့် ကိစ္စရပ်များတွင် ကာကွယ်ကင်းလှည့်အဖွဲ့အနေဖြင့် ခံဝန်ကတိ ပြုစေပြီး ၎င်းတို့ထံမှ ဖမ်းဆီးရမိသော သစ်များအား ကျေးရွာပိုင်အဖြစ် သိမ်းဆည်းခြင်းတို့ကို သစ်တောဌာနနှင့်ပူးပေါင်း၍ အရေးယူနိုင်ခဲ့သည်ဟု တာဝန်ခံ ဦးတင်ဦးမှ ပြောကြားခဲ့သည်။
သယံဇာတ ကာကွယ်ကင်းလှည့်မှု ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ သက်ဆိုင်ရာဋ္ဌာနများ၏ အကူအညီရယူ၍ သက်ဆိုင်ရာမြို့နယ်အတွင်း တရားမဝင်သစ်ထုတ်ယူခြင်း ကိစ္စရပ်များ လျော့နည်းလာစေပြီး၊ တရားမဝင်သစ်ထုတ်လုပ်ခြင်းကြောင့် ဒေသခံများ၏နစ်နာမှုများကို သက်ဆိုင်ရာဌာနများသို့တင်ပြနိုင်ရန်ဖြစ်သည်၊ “သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အချိန်အခက်အခဲရှိကြောင်း၊ အချို့ကျေးရွာများတွင် သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိကြောင်း၊ ဒီရေတောဖြစ်သည့်အတွက် ရေတက်ရေကျအချိန်များကို တွက်ချက်ရခြင်းကြောင့် အချို့သောကိစ္စရပ်များတွင် တရားခံဖမ်းဆီးရမိခြင်းမရှိသည်များလည်း ကြုံတွေခဲ့ရကြောင်း” ဦးတင်ဦးမှ ဆက်လက် ပြောကြားခဲ့သည်။

zawgyi
လူထုပူးေပါင္းပါဝင္ေသာ သယံဇာတကာကြယ္ ကင္းလွည့္ျခင္း လုပ္ငန္းသည္ ႏိုင္ငံေတာ္ ႏွင့္ ျပည္သူ အတြက္ မ်ားစြာအက်ိဳးေက်းဇူးျပဳလ်က္ရွိ
ႏိုင္ငံ၏သစ္ေတာဖံုးလြမ္းမႈသည္ ၁၉၇၅ ခုႏွစ္တြင္ ၆၁% ရွိရာမွ တစ္ႏွစ္လွ်င္ ၀.၉၄% ျဖင့္ ၂၀၁၀ ခုႏွစ္တြင္ ၄၇% သုိ႔ေလ်ာ့နည္းလာခဲ့ေၾကာင္း သုေသသန စာတမ္းမ်ားအရ သိရွိရသည္။ ထို႔ျပင္ ၂၀၁၆ ခုႏွစ္ တစ္ကမာၻလံုးဆိုင္ရာ ရာသီဥတုေျပာင္းလဲ ျခင္း ညႊန္းကိန္းအရ ျမန္မာနိုင္ငံသည္ ရာသီဥတု ေျပာင္းလဲျခင္းဆိုင္ရာ ထိခိုက္မႈတြင္ ဒုတိယေျမာက္နိုင္ငံတစ္နုိင္ငံ အျဖစ္ ေသာ္လည္းေကာင္း၊ သစ္ေတာ ျပဳန္းတီး မႈတြင္လည္း တတိယေျမာက္ အဆိုးဝါးဆံုးနိုင္ငံ တစ္နိုင္ငံ ျဖစ္လာခဲ့သည္။ အဓိကအေၾကာင္းအရင္းမ်ားမွာ သယံဇာတမ်ား အလြန္အကြ်ံထုတ္ယူသံုးစြဲျခင္း၊ တရားဝင္/မဝင္ ထုတ္ယူသံုးစြဲျခင္း၊ စီးပြားျဖစ္စိုက္ခင္းမ်ား တည္ေထာင္ျခင္း၊ ႏွင့္ အျခားအေၾကာင္းအရင္းမ်ားေၾကာင့္ ျဖစ္သည္။
သစ္ေတာထိန္းသိမ္းေစာင့္ေရွာက္ေရးတြင္ အဓိကတာဝန္ရွိသူမွာ သစ္ေတာဌာနျဖစ္သည္။သို႔ေသာ္ ဌာနအေနျဖင့္ ထိေရာင္စြာေဆာင္ရြက္ႏိုင္ရန္ အားနည္းခ်က္မ်ားရွိေနျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားသည္ မိမိတို႔ေက်းရြာအနီး မွီခိုေနထိုင္ေနရသည့္ သစ္ေတာသယံဇာတမ်ားကို လူထုနည္းျဖင့္ အနီးကပ္ထိမ္းသိမ္းႏိုင္ရန္ အေရးၾကီးပါသည္။ ထိုသို႔ သယံဇာတမ်ားကို ထိေရာင္စြာထိန္းသိမ္းႏိုင္ရန္အတြက္ စိမ္းလန္းအမိေျမဖြံ႔ျဖိဳးတိုးတက္ေရးအသင္း၏ နည္းပညာအကူအညီျဖင့္ တနသၤာရီတုိင္းေဒသၾကီး ၊ ၿမိတ္ခရုိင္ ႏွင့္ ေကာ့ေသာင္းခရုိင္ အတြင္းရိွ မိုင္းေတြးေက်းရြာ ၊ မစမ္းေအာ္ေက်းရြာ ႏွင့္ သဲျဖဴေက်းရြာမ်ားတြင္ သက္ဆိုင္ရာသစ္ေတာဦးစီးဌာန ၊ အရပ္ဘက္လူမႈအဖြဲ႔အစည္းမ်ား(Green Network Taninthari)ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတုိ႔ ပူးေပါင္းပါဝင္၍ ေက်းရြာအလုိက္ ဖြဲ႔စည္းထားသည့္ သစ္ေတာကာကြယ္ကင္းလွည့္အဖြဲ႔မ်ား ကို ဖြဲ႔စည္းခဲ့သည္။
အဆိုပါ သစ္ေတာကာကြယ္ကင္းလွည့္အဖြဲ႔မ်ား မွ ၎ကုိယ္တုိင္အုပ္ခ်ဳပ္စီမံလုပ္ကုိင္ေနသည့္ သစ္ေတာမ်ားအတြင္း တရားမဝင္သစ္ထုတ္လုပ္မႈမ်ားကို ကာကြယ္တားဆီးခဲ့ၾကရာ မတ္လ မွ ေမ လအထိ (၃) လ အတြင္း ဖမ္းဆီးရရွိမႈအေျခအေနမ်ားမွာ ကြ်န္းစုၿမိဳ႕နယ္ ၊ မစမ္းေအာ္ေက်းရြာ တြင္ ၃ လံ ၄ လံသစ္ အေခ်ာင္း (၁၂၀)၊ မုိင္းေတြးေက်းရြာ ေမ်ာသစ္ အလုံး (၁၀၀) ႏွင့္ ၆ ေတာင္ပုိင္း (၄၅) လုံး၊ ဘုတ္ျပင္းၿမိဳ႕နယ္ သဲျဖဴေက်းရြာတြင္ ၄ ေပခြဲ (၁၅) ေပအရွည္ ေဆာင္းသစ္တစ္လုံး ႏွင့္ ကနစုိ ၈ လက္မျပား ၄ ေခ်ာင္းတို႔ျဖစ္သည္။
ဖမ္းဆီးရမိေသာ ပစၥည္းမ်ားကို သစ္ေတာဌာနသို႔ လြဲေျပာင္းေပးအပ္ျခင္း၊ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႈးထံ အပ္ႏွံျခင္း၊ ရြာသားအခ်င္းခ်င္းျဖစ္သည့္ ကိစၥရပ္မ်ားတြင္ ကာကြယ္ကင္းလွည့္အဖြဲ႔အေနျဖင့္ ခံဝန္ကတိ ျပဳေစျပီး ၎တို႔ထံမွ ဖမ္းဆီးရမိေသာ သစ္မ်ားအား ေက်းရြာပိုင္အျဖစ္ သိမ္းဆည္းျခင္းတို႔ကို သစ္ေတာဌာနႏွင့္ပူးေပါင္း၍ အေရးယူႏိုင္ခဲ့သည္ဟု တာဝန္ခံ ဦးတင္ဦးမွ ေျပာၾကားခဲ့သည္။
သယံဇာတ ကာကြယ္ကင္းလွည့္မႈ ျပဳလုပ္ရျခင္းရည္ရြယ္ခ်က္မွာ သက္ဆုိင္ရာ႒ာနမ်ား၏ အကူအညီရယူ၍ သက္ဆုိင္ရာၿမိဳ႕နယ္အတြင္း တရားမဝင္သစ္ထုတ္ယူျခင္း ကိစၥရပ္မ်ား ေလ်ာ့နည္းလာေစျပီး၊ တရားမဝင္သစ္ထုတ္လုပ္ျခင္းေၾကာင့္ ေဒသခံမ်ား၏နစ္နာမႈမ်ားကို သက္ဆိုင္ရာဌာနမ်ားသို႔တင္ျပႏိုင္ရန္ျဖစ္သည္၊ “သက္ဆုိင္ရာဌာနဆုိင္ရာမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရာတြင္ အခ်ိန္အခက္အခဲရွိေၾကာင္း၊ အခ်ိဳ႕ေက်းရြာမ်ားတြင္ သြားေရးလာေရး လမ္းပန္းဆက္သြယ္ေရး အခက္အခဲမ်ားရွိေၾကာင္း၊ ဒီေရေတာျဖစ္သည့္အတြက္ ေရတက္ေရက်အခ်ိန္မ်ားကုိ တြက္ခ်က္ရျခင္းေၾကာင့္ အခ်ိဳ႕ေသာကိစၥရပ္မ်ားတြင္ တရားခံဖမ္းဆီးရမိျခင္းမရွိသည္မ်ားလည္း ၾကံဳေတြခဲ့ရေၾကာင္း” ဦးတင္ဦးမွ ဆက္လက္ ေျပာၾကားခဲ့သည္။

0 Comments