International Forest Monitoring Sharing Session) Zoom Cloud Meeting

International Forest Monitoring Sharing Session) Zoom Cloud Meeting
၁၅.၁၁.၂၀၂၀။ ။ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကိုသိရှိပြီး လွတ်လပ်သော စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို သဘောပေါက်နားလည်စေရန်၊ သစ်ထုတ်ခြင်း လုပ်ငန်းစဉ်တွင် လွတ်လပ်ပြီး အမှီခိုကင်းသည့် လေ့လာ စောင့်ကြည့် ဆန်းစစ်ခြင်း လုပ်ငန်းတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှု အရေးပါပုံကို သိရှိနားလည်စေရန် သစ်ထုတ်လုပ်ငန်းစဉ်ကို လက်တွေ့ လေ့လာ စောင့်ကြည့်မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲနိုင်စေရန် ဒေသခံများအား စုစည်း၍ သစ်ထုတ်ခြင်းလုပ်ငန်းစဉ်များကို လေ့လာ စောင့်ကြည့် ဆန်းစစ်ခြင်း အတွေ့ကြုံရှိသည့် အမျိုးသား အဆင့် MSG ကိုယ်စားလှယ်အချို့ကို ဖိတ်ကြားကာ အတွေ့အကြုံ ရှင်းလင်းဆွေးနွေးခြင်း အစည်းအ‌ဝေး (International Forest Monitoring Sharing Session) Zoom Cloud Meeting ကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၅ရက် နေ့တွင် မနက် ၉နာရီ ၃၀ မှ ညနေ ၄နာရီ ၃၀ အထိပြုလုပ်ခဲ့သည်။

အဆိုပါ “Independent Forest Monitoring(IFM) Sharing Meeting” ကို စိမ်းလန်းအမိမြေ အနေဖြင့် ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ မိမိတို့ဒေသအတွင်း ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေအား စောင့်ကြည့်လေ့လာခြင်း ဆိုင်ရာ အစည်းအဝေးတွင် တနင်္သာရီမြို့နယ် အမိမြေ(Mother Land) အဖွဲ့မှ တနင်္သာရီမြို့နယ် သကျက် ကြိုးဝိုင်း အတွင်း သစ်ထုတ်နေမှုအား လေ့လာ စောင့်ကြည့် ဆန်းစစ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်ရှိသည်ကို တနင်္သာရီတိုင်းဒေသကြီး FLEGT တိုင်းအလုပ်ဖွဲ့မှ ဆောင်ရွက်သင့် သည့်လုပ်ငန်းဖြစ်ကြောင်း တင်ပြလာ သည့်အတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်သည်။

မိမိတို့ဘက်မှလည်း အစည်းအဝေးမှ ရရှိသော အကြောင်းအရာနှင့် နည်းပညာများကို အခြေခံ၍ မိမိတို့ဒေသအတွင်း ဆောင်ရွက်မည့် သစ်ထုတ်ခြင်း လုပ်ငန်းကို လေ့လာစောင့်ကြည့်မည့် လုပ်ငန်းအစီအစဉ် ပေါ်ထွက် လာရန်နှင့် ဒေသအတွင်း သစ်ထုတ်ခြင်းလုပ်ငန်းစဉ်ကို လွတ်လပ်ပြီးအမှီခိုကင်းသော လေ့လာ စောင့်ကြည့် ဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်ရည်ရွယ်သည်။

အစည်းအဝေးကို စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း အဖွဲ့သားများ၊ မြိတ်၊ ထားဝယ်၊ တနင်္ဿာရီ၊ ကျွန်းစု ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၃၄ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဖိတ်ကြားထားသူများမှ တက်ရောက်လာသူများအား IFM ကွင်းဆင်းခြင်း အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခြင်း၊ ကွင်းဆင်းခြင်းလုပ်ငန်း တွေ့ရှိချက်များအား အစီရင်ခံစာ ရေ:သားခြင်း အကြောင်း ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းခြင်း နှင့် သစ်ထုတ်ခြင်းလုပ်ငန်း လေ့လာစောင့်ကြည့် ဆန်းစစ်ခြင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း တို့ကို ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသူများ အတူတကွ လုပ်ဆောင်ခဲ့သည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *