၂၀၁၃ ခုနှစ်မှစတင်၍ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ရေးရာဓာတ်ခွဲခန်းသည် စက်မှုဇုန်စွန့်ပစ်ရေများကြောင့် မြစ်ရေအရည်အသွေး ထိခိုက်မှုများကို သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့နယ်အတွင်းရှိ စက်မှုဇုန် (၂) ခုဖြစ်သော လှိုင်သာယာ နှင့် ရွှေပြည်သာစက်မှုဇုန်တို့မှ ရေနမူနားများကို လစဉ်ပုံမှန် ရယူကာ အရည်အသွေး တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ရေနမူနာများစစ်ဆေးရာတွင် ၎င်းကောက်ခံရရှိသည့် ရေ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ နှင့် ဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိများအား အဓိကထားစစ်ဆေးခဲ့ရာ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် လှိုင်သာယာ စက်မှုဇုန်မှ စောင့်ကြည့် ကောက်ခံသည့် နေရာ (၁၇) နေရာနှင့် ရွှေပြည်သာစက်မှုဇုန်မှ (၁၄) နေရာတို့တွင် စက်ရုံမှထွက်ရှိသော မြောင်းရေ၊ မြေအောက်ရေ နှင့် အနီးနားစီးဝင်သည့် မြစ်ရေတို့ကို တိုင်းတာစမ်းသပ်ခဲ့ပါသည်။ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတေက်ရေးအသင်း ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းမှ တွေရှိခဲ့သည့် မြစ်ရေးအရည်အသွေး ဆိုင်ရာ ရလဒ်များကို ဇယားတွင် ဖော်ပြထားပါသည်။
စက်မှုဇုန် ၂ ခုလုံးရှိ မြောင်းရေများတွင် အမိုးနီးယားဓါတ်များပြားနေကြောင်း တွေ့ရှိရသည်ဟု ဓာတ်ခွဲခန်း တာဝန်ရှိသူများက ဆိုပါသည်။ ယင်းသို့ အမိုးနီးယားဓာတ်လွန်ကဲနေမှုကြောင့် ရေနေငါးနှင့် သက်ရှိတို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အပြင်၊ ထိုလွန်ကဲအမိုးနီးယားဓာတ်များ သောက်သုံးရေထဲသို့ ရောက်ရှိသွားပါက မျက်စိကျိမ်းစပ်ခြင်း၊ လည်ချောင်းကျိမ်းစပ်ခြင်း၊ နှာမွန်ခြင်းနှင့်၊ တိုက်ရိုက်ထိတွေ့မိပါက အသားအရေလောင်ကျွမ်းခြင်းတို့ ဖြစ်စေနိုင်သည်ဟု သတိပေးထားပါသည်။
လှိုင်သာယာစက်မှုဇုန် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ အနေဖြင့် မြေအောက် ပေ ၆၀ အနက်အောက်မှ တူးဖော် ရရှိသည့် မြေအောက်ရေများတွင်လည်း မန်းဂနိဓာတ်(Manganese) များပြားမှုကြောင့် အာရုံကြောဆိုင်ရာ ရောဂါမျာဖြစ်ခြင်းနှင့် မြုံခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း ဆိုပါသည်။ ပန်းလှိုင်မြစ်ရေတွင်လည်း မန်းဂနိဓာတ်(Manganese)များ သာမန်ထက် ကျော်လွန်များပြားနေသည်ဟု ဓာတ်ခွဲခန်းက သတင်းထုတ်ပြန်ထားပါသည်။ မြစ်ရေအတွင်း အခြားဓါတ်များပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်များပြား နေသည်ကို တွေ့ရသော်လည်း ကျန်းမာရေးအတွက် စိုးရိမ်ရသည့် အနေအထားအထိ မရှိကြောင်း သိရပါသည်။

လှိုင်သာယာစက်မှုဇုန်၏ ရေအရည်အသွေး တိုင်းတာတွေ့ရှိချက် ရလဒ်များ
| တိုင်းတာသည့်ကာလ | ရေအမျိုးအစားများ | စွန့်ပစ်စံနှုန်းထက်ကျော်လွန်နေ
သောရေအရည်အသွေးများ |
စွန့်ပစ်စံနှုန်းအတွင်းရှိရေအရည်အသွေးများ |
| ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ | မြောင်းရေ | ၁။ဇီဝနှင့်ဓာတုဆိုင်ရာအောက်ဆီဂျင်လိုအပ်ချက် (BOD &COD)
၂။ကလိုရိုဒ်ဓာတ်(Chloride) ၃။နောက်ကျိကိန်း(Turbidity) ၄။ရေစေးမှု (Hardness) ၅။အမိုးနီးယားဓာတ်(Ammonia) ၆။ဖေါ့စဖိတ်ဓာတ်(Phosphate) |
၁။ခဲဓာတ် (Lead)
၂။သံဓာတ် (Iron) ၃။ချဉ်ဖန်ကိန်း(pH) ၄။နိုက်ထရိုက်(Nitrite) |
| မြေအောက်ရေ
(below 60 Ft) |
၁။နောက်ကျိကိန်း(Turbidity) ၂။ဇီဝဆိုင်ရာအောက်ဆီဂျင်လိုအပ်ချက် (BOD)
၃။ကလိုရိုဒ်ဓာတ်(Chloride) ၄။ရေစေးမှု (Hardness) ၅။မန်းဂနိဓာတ်(Manganese) ၆။ပ်ုတက်စီယံဓာတ်(potassium) ၇။သံဓာတ် (Iron) |
၁။ခဲဓာတ် (Lead)
၂။ချဉ်ဖန်ကိန်း(pH) ၃။နိုက်ထရိုက်(Nitrite) |
|
| မြစ်ရေ
(ပန်းလှိုင်မြစ်၊ လှိုင်မြစ်) |
၁။နောက်ကျိကိန်း(Turbidity) ၂။ဇီဝဆိုင်ရာအောက်ဆီဂျင်လိုအပ်ချက် (BOD)
၃။ကလိုရိုဒ်ဓာတ်(Chloride) ၄။ရေစေးမှု (Hardness) ၅။မန်းဂနိဓာတ်(Manganese) |
၁။ခဲဓာတ် (Lead)
၂။သံဓာတ် (Iron) ၃။ချဉ်ဖန်ကိန်း(pH) ၄။နိုက်ထရိုက်(Nitrite)
|
ရွှေပြည်သာစက်မှုဇုန်၏ရေအရည်အသွေး တိုင်းတာတွေ့ရှိချက် ရလဒ်များ
| တိုင်းတာသည့်ကာလ | ရေအမျိုးအစားများ | စွန့်ပစ်စံနှုန်းထက်ကျော်လွန်နေ
သောရေအရည်အသွေးများ |
စွန့်ပစ်စံနှုန်းအတွင်းရှိရေအရည်အသွေးများ |
| ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ | မြောင်းရေ | ၁။ဇီဝနှင့်ဓာတုဆိုင်ရာအောက်ဆီဂျင်လိုအပ်ချက် (BOD &COD)
၂။ကလိုရိုဒ်ဓာတ်(Chloride) ၃။နောက်ကျိကိန်း(Turbidity) ၄။ရေစေးမှု (Hardness) ၅။အမိုးနီးယားဓာတ်(Ammonia)
|
၁။ခဲဓာတ် (Lead)
၂။သံဓာတ် (Iron) ၃။ချဉ်ဖန်ကိန်း(pH) ၄။နိုက်ထရိုက်(Nitrite) |
| မြစ်ရေ
(ပန်းလှိုင်မြစ်၊) |
၁။နောက်ကျိကိန်း(Turbidity)
၃။ကလိုရိုဒ်ဓာတ်(Chloride) ၄။ရေစေးမှု (Hardness) ၅။မန်းဂနိဓာတ်(Manganese)
|
၁။ခဲဓာတ် (Lead)
၂။သံဓာတ် (Iron) ၃။ချဉ်ဖန်ကိန်း(pH) ၄။နိုက်ထရိုက်(Nitrite)
|
*Above results were recorded within months of November & December 2018 under guideline of Myanmar Emission

0 Comments