သစ်တောအသုံးပြုသူများအသင်းနှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ ပင်ကျပ်နှုတ်ခြင်းမှ ရရှိသောသစ်များကို အသုံးပြု၍ အသေးစားအိမ်သုံးပရိဘောဂ ပစ္စည်းများထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း စတင်တည်ထောင်ခဲ့သော CF စိုက်ခင်းများသည် (၁၀)နှစ် ကျော်သက်တမ်းရှိလာသည်နှင့် အမျှ ရေရှည်ဆက်လက်ကြီးထွားနိုင်ရေးနှင့် တန်ဖိုးရှိသော သစ်တောစိုက်ခင်းများ ဖြစ်ပေါ်နိုင်ရေး တို့အတွက် စနစ်ကျသော ပင်ကျပ်နှုတ်ခြင်းများ ဖြစ်ပေါ်နိုင်ရေး တို့အတွက် စနစ်ကျသော ပင်ကျနှုတ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသည်။
ထို့ပြင် ၎င်းအစုအဖွဲ့ပိုင်သစ်တောများမှ ထွက်ရှိလာသော သစ်များကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး တရားဝင်တင်ပို့ ရောင်းချခွင့်ရရှိလျှင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများ ၏ ပူးပေါင်းပါဝင်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်းကို လျှော့ချရာတွင် အဓိကအရေးပါသည့် သစ်တော တည်ထောင် ထိန်းသိမ်း ရေးတို့အတွက် သာမက၊ ဒေသခံတို့ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကိုပါ တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေမှာ အသေအချာပင်ဖြစ်ပါသည်။
ထို့ကြောင့် သစ်တောအသုံးပြုသူများအသင်းနှင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ ပင်ကျပ်နှုတ်ခြင်းမှ ရရှိသောသစ်များကို အသုံးပြု၍ အသေးစားအိမ်သုံးပရိဘောဂ ပစ္စည်းများထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအနေဖြင့် မလေးရှားဒီဇိုင်းကို မှီငြမ်း၍ ထမင်စား စားပွဲ (သို့) အစည်းအဝေးစားပွဲအဖြစ် အသုံးပြုနိုင်သော ခေါက်စားပွဲခုံ (အလျား – ၄ပေ၊ အနံ -၂ပေခွဲ၊ အမြင့် -၂ပေခွဲ)များကို သစ်တောအသုံးပြုသူများအသင်းမှ စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး အစိမ်းလန်းအမိမြေအသင်းအနေဖြင့်လည်း ဒေသတွင်း/ပြင် ရောင်းချနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုကဲ့သို့လုပ်ဆောင်ရာတွင် CF တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သော သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေးနှင့် သစ်တောများရေရှည်တည်တံ့စေရေးအတွက် အစီအမံများ စနစ်တကျ ရေးဆွဲပြီး သစ်တောဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရန် နည်းပညာသင်တန်းများ၊ လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ စသည်တို့ကိုလည်းဆောင်ရွက်လျက်ရှိပါသည်။




0 Comments