FLEGT-VPA လုပ်ငန်းစဉ်တငွ် အရပ်ဘက်လူမှုအဖွဲ့အစည်းကန်ွယက်များ အားကောင်းလာစေရန် မန္တလေးမြို့တငွ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ FLEGT VPA အမျိုးသားအဆင့် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့တွင် ပါဝင်သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ မိမိတို့၏အခန်းကဏ္ဍကို ထိရောက်ပီပြင်စွာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် နည်းပညာသတင်းအချက်အလက်များ လက်လှမ်းမီရေးအတွက် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက “မြန်မာနိုင်ငံ၏ FLEGT VPA လုပ်ငန်းစဉ်၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများက မိမိတို့၏ အခန်းကဏ္ဍတွင် ထိရောက်စွာ ပါဝင်ခြင်း” စီမံကိန်းကို FAO ၏ အထောက်အပံ့ဖြင့် တစ်နှစ်တာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သို့အတွက်ကြောင့် FLEGT-VPA လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ယက်များ အားကောင်းလာရေးနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲကို မန္တလေးမြို့၊ ဟိုတယ်မန္တလေးရှိ စံပယ်ဖြူခန်းမ၌ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂ဝ)ရက်နေ့အထိ(၂)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ ဆွေးနွေးပွဲသို့ တိုင်းနှင့်ပြည်နယ်(၆)ခုမှ တိုင်းနှင့်ပြည်နယ်အဆင့် FLEGT အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို တိုင်းနှင့် ပြည်နယ်အဆင့် FLEGT လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများကို မှန်မှန် ကန်ကန် သိမြင်နားလည်ပြီး ထိရောက်စွာ ဆွေးနွေးလာနိုင်စေရန်၊ FLEGT ဆိုင်ရာ လုပ်ငန်းများတွင် လက်ရှိ ပါဝင် လှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်း ကွန်ယက်များဖော်ထုတ်နိုင်စေရန်၊ တိုင်းနှင့်ပြည်နယ် အဆင့် FLEGT လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များ၏ လုပ်ငန်းအစီအစဉ် ထွက်ပေါ်လာစေ ရန်နှင့် FLEGT အသိပညာပေးစာအုပ်များအား ပြန်လည် ဆန်းစစ်နိုင်စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ စီမံကိန်းဆိုင်ရာ Field Facilitator ဦးဟိန်းထက်စိုးကပြောသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *