First Research and Demonstration of Solar Drying Chamber (Betel nut) successfully completed in Bote Pyin Township

အရည်အသွေးကောင်း ကွမ်းသီးဆံများရရှိရန်၊ ကွမ်းသီးအခြောက်လှန်းချိန် လျော့ချရန်၊ ကွမ်းသီးလှန်းခြင်း လုပ်ငန်းအတွက် သွင်းအားစုကုန်ကျစရိတ်များလျှော့ချပြီး၊ အရည်အသွေးမြင့်ကွမ်းသီး များ ရောင်းချခြင်း အားဖြင့် ကွမ်းသီးစိုက်တောင်သူများ၏ ဝင်ငွေပိုမိုရစေရန် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သီးနှံအခြောက်လှန်းရုံ (ကွမ်းသီး) သုတေသနတစ်ခု စမ်းသပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

“အခြောက်လှမ်းစင်ဒီဇိုင်းကို သုတေသနနှင့် တီထွင်ဆန်းစစ်မှုဦးစီးဌာန DRI မှ တီထွင်ရေးဆွဲခဲ့ပြီး DCA ၏ ငွေကြေးကူညီမှုဖြင့် ဘုတ်ပြင်းမြို့နယ်၊ ထောက်ခမတ်ကျေးရွာတွင် အလျား ၂၀ပေ၊ အနံ ၁၀ပေ၊ နှင့် အမြင့် ၈ပေ အတိုင်းအတာရှိသော ကွမ်းသီးအခြောက်လှန်းရုံကို တည်ဆောက်ခဲ့ကြောင်း၊ ကွမ်းသီး အခြောက်လှမ်းစင်ကို အသုံးပြု၍ အခြောက်လှမ်းပါက ရိုးရိုးအခြောက်လှမ်းခြင်းစနစ်ထက် အချိန်တိုအတွင်း ကွမ်းသီးအရည်သွေးမြင့်လာခြင်းကြောင့် ဝင်ငွေပိုမိုရရှိစေမှာဖြစ်ပြီး တစ်ကြိမ်လျှင် ပိဿာ ၂၀၀ လှမ်းနိုင်သည့် ကွမ်းသီးအခြောက်လှမ်းစင် တည်ဆောက်ကုန်ကျစရိတ် မြန်မာကျပ်၂,၇၂၀,၀၀၀ ကို ၁ နှစ်ခွဲကာလအတွင်း အရင်းကျေစေမည် ဖြစ်ကြောင်း” အစီအစဉ်အရာရှိဦးမိုးဆမ်းမှ ပြောသည်။

အခြောက်လှန်းရုံ၏သက်တမ်းသည် ၁၅နှစ်အထိ သံထည်များ ပိုလီကာဗွန်နိတ်ပြားများမှာ မပျက်စီးဘဲ ရှိနိုင်သည်ဖြစ်ပြီး ဘတ္ထရီနှင့် အခြားဆက်စပ်ပစ္စည်းအနဲငယ်သာ ၂နှစ်သက်တမ်းရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ပျမ်းမျှ ၁၀နှစ်ဟုခန့်မှန်းတွက်ချက်ပြီး တစ်နှစ်လျှင် စက်တင်ဘာလလယ်မှ ဇွန်လအထိ တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် အခြောက်ခံသော် ၂၀ကြိမ်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင် ပိဿာ ၂၀၀ ထွက်နိုင်သော (အလုံးရေ ၄၀ ၀၀၀) လှန်းနိုင်သော ကြောင့် တစ်နှစ်လျှင် ကွမ်းသီးအဆံ ပိဿာ ၄ ၀၀၀ ထွက်နိုင်သော (အလုံး ရေ ၈၀၀ ၀၀၀ လုံး) ကိုလှန်းနိုင်မည် ဖြစ်ပါသည်။ စုစုပေါင်း ကုန်ကျစရိတ်ကို ၂ ၇၂၀ ၀၀၀ နှင့် ၁၀နှစ်ခံမည်ဟု စဉ်စားမည်ပါက တစ်နှစ်အတွက် အခြောက်လှန်းရုံတန်ဘိုးမှာ ၂၇၂ ၀၀၀ ကျပ်သာကျမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ ၍ တကြိမ်လှန်းရန်အတွက် ကုန်ကျစရိတ်မှာ ၁၃ ၆၀၀ ကျပ်ကုန်ကျမည်ဖြစ်ပြီး၊ ကွမ်းသီးတစ်ပိဿာ အတွက် အခြောက်လှန်းရုံ ကုန်ကျ စရိတ်မှာ ၆၃ ကျပ်သာ ကုန်ကျမည်ဖြစ်ပါသည်။

 

 

ယခု ကွမ်းသီး အခြောက်လှမ်းရုံကို ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမတ်ကျေးရွာတွင် ၂၀၁၈ ခုနှစ် ဧပြီလက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလက ရေးမြို့နယ်၊ ဟန်ကန်ကျေးရွာတွင် ဆက်လက်ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မကွေးမြိုတွင် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ သီးနှံအခြောက်လှမ်းစင် ပြုလုပ်လိုသော တောင်သူများအနေဖြင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

 

 

၁၀ပေ x ၂၀ပေ x ၉ပေ အတိုင်းအတာရှိ အခြောက်လှမ်းစင် တည်ဆောက်ကုန်ကျစရိတ်

စဉ် အမျိုးအမည် ကုန်ကျစရိတ် (ကျပ်)
သံထည် အခြောက်လှန်းစင် (၁၀ပေ x ၂၀ပေ x ၉ပေ) ၇၀၀ ၀၀၀
ပိုလီကာဗွန်နိတ် အပြား နှင့် ဆက်စပ်ပစ္စည်းများ ၇၀၉ ၀၀၀
ဆိုလာပြား၊ ဘတ္တရီ၊ အင်ဗက်တာနှင့် ဆက်စပ်ပစ္စည်းများ ၆၆၃ ၃၀၀
အခြောက်လှန်းရုံ တပ်ဆင်ဆောက်လုပ်ခ (လုပ်သားခ) ၁၂၀ ၀၀၀
ပစ္စည်းအသေးအမွှားများ ဝယ်ယူခြင်း ၃၈ ၆၀၀
သယ်ယူပို့ဆောင်ခ ၁၈၇ ၀၀၀
အုပ်ဖေါင်ဒေးရှင်းတည်ဆောက်ခြင်း (၁၂ x ၂၂ ပေ) ၃၀၀ ၀၀၀
စုစုပေါင်း ၂ ၇၁၇ ၉၀၀
ခန့်မှန်းကုန်ကျစရိတ်ပေါင်း – (နှစ်ဆယ့်ခုနှစ်သိန်း နှစ်သောင်းကျပ်) ၂ ၇၂၀ ၀၀၀

 

၅ဧက အကျယ်ရှိ ကွမ်းသီးခြံအတွက် တစ်နှစ်တာ ထုတ်လုပ်မှုကုန်ကျစရိတ် (မြေပြင်နှင့် လှမ်းရုံ) နှိုင်းယှဉ်ချက်

အကြောင်းအရာ ကုန်ကျစရိတ်ပေါင်း (ကျပ်)
မြေပြင် လှန်းရုံ
အသီးဆတ်ွခူးခ (၅ဧက x ၄၀၀ ပင် x ၂၀၀ကျပ်) ၄၀၀ ၀၀၀ ၄၀၀ ၀၀၀
အသီးကောက်ခ (၁၀၀၀ အိပ် x ၂၀၀ကျပ်) -၁အိပ်=၈၀၀လုံး ၂၀၀ ၀၀၀ ၂၀၀ ၀၀၀
ကမွ်းသီးလှန်းခ/သိမ်းခ-မြေပြင် (၈ကြိမ် x၂ဦး x ၂ရက် x ၇၀၀၀ကျပ်) ၂၂၄ ၀၀၀
ကမွ်းသီးလှန်းခ/သိမ်းခ-လှန်းရုံ (၂၀ကြိမ် x ၁ဦး x ၁ရက် x ၇၀၀၀ကျပ်) ၁၄၀ ၀၀၀
ကမွ်းသီးအခွံချွတ်ခ (၅၀၀ ပုံး x ၁၅၀၀ကျပ်) -၁ပုံး=ကမွ်းသီးဆံ ၈ ပိဿာ ၇၅၀ ၀၀၀ ၇၅၀ ၀၀၀
ကမွ်းသီးအဆံလှန်းခ- မြေပြင် (၈ကြိမ် x ၁ဦး x ၅ရက် x ၇၀၀၀ကျပ်) ၂၈၀ ၀၀၀
ကမွ်းသီးအဆံလှန်းခ- မြေပြင် (၂၀ကြိမ် x ၁ဦး x ၁ရက် x ၇၀၀၀ကျပ်) ၁၄၀ ၀၀၀
တာပေါ်လင်စ (၄၀ပေ x ၆၀ပေ) ၃၅ ၀၀၀
ခန့်မှန်းကုန်ကျစရိတ်ပေါင်း ၁ ၈၈၉ ၀၀၀ ၁ ၆၃၀ ၀၀၀
အခြောက်က်လှန်းရုံဖြင့် အခြောက်ခံခြင်းဖြင့် ပိုမိုသက်သာမည့် ထုတ်လုပ်ကုန်ကျစရိတ်   ၂၅၉ ၀၀၀

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *