Environmental Sustainability and responsibility rubber workshop at shan north

ပတ်ဝန်းကျင်တည်တံ့ခိုင်မြဲ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် တာဝန်သိကျင့်ဝတ်ညီ ရာဘာထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့် Mighty Earth အဖွဲ့တို့ ပူးပေါင်း၍ CCCMC ၏ လမ်းညွှန်ချက်အား လေ့လာသုံးသပ်ပြီး ရှမ်းပြည်နယ်တွင် ပတ်ဝန်းကျင်တည်တံ့ခိုင်မြဲ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် ရာဘာစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် နေ့တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ Golden Hills Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

သဘာဝရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အထူးသဖြင့် အရှေ့မြောက်ဘက် နှင့် အရှေ့ တောင်ဘက်ရှိ ကျေးလက်ဒေသများ၏ အသက်မွေး၀မ်းကျောင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည်။ အရင်းအမြစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝရာဘာ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံ များအသင်း (ANRPC) တွင် သတ္တမမြောက်အကြီးဆုံး ရာဘာထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် ရာဘာတန်ချိန် ၁၅၀,၀၀၀ ခန့်ကို နိုင်ငံရပ်ခြားသို့တင်ပို့ လျက်ရှိသည်။ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အချက်အလက်များအရ နိုင်ငံအတွင်း လူဦးရေ သန်း တစ်ဝက် နီးပါးခန့်ကို ရာဘာလုပ်ငန်းတွင် အလုပ်ခန့်ထားနိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ ရာဘာထုတ်လုပ်မှုသမိုင်းကြောင်းအရ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးများတွင် အဓိကထားစိုက်ပျိုးခဲ့သော်လည်း ၂၀၀၄ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရာဘာ စိုက်ခင်းများ လျင်မြန်စွာ တိုးချဲ့ခဲ့သည်။ သို့သော် ရှမ်းပြည်နယ်တွင် ရာဘာစိုက်ပျိုးခြင်း နှင့်ထုတ်လုပ်ခြင်း အများစုကို တရုတ်မျိုးနွယ်ဝင် မြန်မာတိုင်းရင်းသားများ စီးပွားရေးလုပ်ငန်းများနှင့်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များမှ အဓိကလုပ်ကိုင်နေလျက်ရှိသော ကြောင့် ရှမ်းပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိစေသော် လည်း ရာဘာထုတ်လုပ်မှုတွင် စိန်ခေါ်မှုများကို သိသိသာသာ ကြုံတွေ့ခဲ့ရသည်။
လွန်ခဲ့ သောနှစ်အနည်းငယ်အတွင်း ကမ္ဘာ့ရာဘာဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ခြင်းကြောင့် ရာဘာစိုက်တောင်သူများ ဆုံးရှုံးမှုများ ရှိခဲ့သည်။ ထို့အပြင် ရာဘာစိုက်တောင်သူ ငယ်များသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ရာဘာစိုက်ပျိုးထုတ်လုပ်မှု အား ယှဉ်ပြိုင်ရန်အခက်တွေ့လာကြသည်။ အကြောင်းမှာ မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကြောင့် မတူကွဲပြားသော လူမျိုးစုအသိုင်းအဝိုင်းများ အကြား လူမှုဆက်ဆံရေးကို ထိခိုက်စေသည်။ ထို့အပြင် ၂၀၀၄-၂၀၁၄ ဆယ်စုနှစ်အတွင်း ရာဘာစိုက်ပျိုးထုတ်လုပ်ရန်အတွက် မြေလွတ်မြေရိုင်းများ ချထားပေးခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သစ်တောများ ပြုန်းတီးခြင်း နှင့်ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပြီး ရေထုညစ်ညမ်းခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းကဲ့သို့သော အခြားပတ်ဝန်းကျင်ဆိုင်ရာပြသာနာ များကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် Mighty Earth အဖွဲ့နှင့် ပူးပေါင်း၍ CCCMC ၏ လမ်းညွှန်ချက်အား လေ့လာသုံးသပ်ပြီး ရှမ်းပြည်နယ်တွင် ပတ်ဝန်းကျင်တည်တံ့ခိုင်မြဲ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် ရာဘာစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *