Environmental Awareness and Community Based Environmental Quality Assessment Training

ပတ်ဝန်းကျင်ရေးရာအသိပညာများ နှင့် လူထုအခြေပြုပတ်ဝန်းကျင်အရည်အသွေးကောက်ယူခြင်း သင်တန်း (အမှတ်စဉ် – ၁)

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် လူသားတွေဖန်တီးသည့် ပတ်ဝန်းကျင်ထိခိုက်စေသောလုပ်ရပ်များကြောင့် ရာသီဥတုပြောင်းလဲမှုများ တစ်ဆနှင့် တစ်ဆ ဆိုးဝါးစွာ လာလျက်ရှိရာ ယခုဆိုရင် ကူစက်မြန်ရောဂါ(Covid 19) လှိုင်းများ ထပ်တလဲလဲ တိုက်ခတ်နေသည့်အတွက်
မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးမှုအားနည်း သည့်နိုင်ငံအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဒဏ်နှင့်အတူ အခြားသော ကူးစက်မြန်ရောဂါ အား အကြိတ်အနယ် ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများသည် မြန်မာနိုင်ငံသာမက လူ့အဖွဲ့အစည်း တစ်ခုလုံး၏ ခံနိုင်ရည်ရှိမှုအားအကဲစမ်းသည့် သဘောဖြစ်သည့် အလျောက် မိမိ တို့အနေဖြင့် သက်ဆိုင်ရာကျန်းမာရေး အဖွဲ့အစည်းများ၏ မှာကြားသတ်မှတ်ချက်များကို လည်းလိုက်နာရန်လိုအပ်ပေသည်။

အလားတူ လူထုအပေါ်စိန်ခေါ်လျက်ရှိသည့် ပတ်ဝန်းကျင်ထိခိုက်မှု များအား ရင်ဆိုင်ရန်အတွက် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် Joint Peace Fund အဖွဲ့အစည်း၏ကူညီပံ့ပိုးမှုဖြင့် ပြည်သူကိုယ်စားပြု အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်းများအား မိမိပတ်ဝန်းကျင်အား မိမိကိုယ်တိုင်လေ့လာဆန်းစစ်လာနိုင်ရန် နှင့် လူထုအခြေပြုပတ်ဝန်းကျင်အရည်အသွေးကောက်ယူခြင်းမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုအား ဖော်ထုတ်နိုင်ရန် နှင့် ပတ်ဝန်းကျင်ထိခိုက်မှုများအား ဖြေရှင်းနိုင်မည့်နည်းလမ်းများ သိရှိစေခြင်းအလို ငှာ ပတ်ဝန်းကျင်ရေးရာအသိပညာများ နှင့် လူထုအခြေပြုပတ်ဝန်းကျင်အရည်အသွေးကောက်ယူခြင်း သင်တန်း ကို ယနေ့ (၁၅.၁၀.၂၀၂၀) မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ Zoom Virtual Online Meeting မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

သင်တန်းကို စိမ်းလန်းအမိမြေ၏ ဝန်ထမ်းများအပါအဝင် စီမံကိန်း ပြည်နယ်များဖြစ်သောမွန်ပြည်နယ်နှင့် တနင်္သာရီပြည်နယ်မှ စိတ်ပါဝင်စားသူ များတက်ရောက်ခဲ့သည်။ သင်တန်းဆရာများအဖြစ် ALARM ECO-Lab Team Leader ဒေါက်တာ ဒေါ်အေးအေးဝင်းမှ အဖွင့်အနေဖြင့် စိမ်းလန်းအမိမြေ၏ ပတ်ဝန်းကျင်ရေးရာဓါတ်ခွဲခန်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး၊ ALARM’s Lab & Business Consultant ဒေါက်တာ ဦးဝေလင်းအောင်မှ ရေလေမြေ ညစ်ညမ်းမှုများ နှင့် ၎င်းညစ်ညမ်းမှုများအားဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ရေလေမြေညစ်ညမ်းမှုအားသိရှိနိုင်ရန် နမူနာကောက်ယူခြင်း နည်းစနစ်များပတ်ဝန်းကျင်ရေးရာအချက်အလက်များ ကို သင်ကြားပို့ချခဲ့သည်။

3 Comments

  1. Tin Naing Tun

    သင်တန်းရဲ့
    PDFမျှဝေပေးမယ်ဆို
    လိုချင်ပါတယ်

    Reply
    • Hi Sorry for the late reply, will you please go to our facebook page, and you can request the PDFs. Thank you

      Reply
  2. Thiha Tun

    Pls, use full participants’ images.

    Reply

Submit a Comment

Your email address will not be published. Required fields are marked *