Environmental Awareness across the state

All-focus[/caption]

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်ဖွင့်ပွဲများ မှ တဆင့် ငြိမ်းချမ်းသော လူ့ဘောင်တစ်ရပ်ဆီသို့

နိုင်ငံအတွင်း မတူကွဲပြားသည့် လူမှုရေး၊ နိုင်ငံရေး နှင့် စီးပွားရေး စနစ်များ နှင့်အတူ သယံဇာတများ ပေါကြွယ်ဝခြင်းက အနည်း နှင့် အများဆိုသလို သယံဇာတကပ်ဆိုက် ခြင်းသို့ဦးတည် နေသလော? ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း မှ တဆင့် ထိခိုက်လာမည့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး နှင့် ကျန်းမာရေးတို့အပြင် အဓိကဖြစ်သည့် သယံဇာတအပေါ် သက်ရောက်မည့် အရေးကား အထူးသတိပြုရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင်နေထိုင်သော လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် သည် ကျေးလက်နေလူထုဖြစ်ပြီး သယံဇာတအပေါ်မှီခိုသည့် စီးပွားရေးစနစ်၊ မတူကွဲပြားသည့် လူမျိုးစုများ၏ နောက်ခံအကြောင်းအရာများ နှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်ခြင်းကလည်း အများတောင့်တသည့် စစ်မှန် ငြိမ်းချမ်းသော လူ့ဘောင်အဖြစ်အာမခံချက် ပေးနိုင်မည်မဟုတ်ပါ။
ထိုအချင်းအရာများကြောင့် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) မှ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ( ၂၉) ဖွဲ့ နှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် တည်ရှိသော မြို့နယ် (၄၀) အတွင်း ကျေးရွာပေါင်း (၁၀၀) သို့ ၂၀၁၉ ခုနှစ် ဇွန်လမှ စက်တင်ဘာလ အကြား ဒေသခံများ အား ပတ်ဝန်းကျင်ရေးရာအသိပညာများ နှင့် အတူ ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများ၊ နိုင်ငံအတွင်းရှိ တရားဝင်ပတ်ဝန်းကျင်ရေးရာ လုပ်ငန်းစဉ်များဖြစ်သည့် FLEGT & EITI နှင့် ပတ်သက်သည့် အကြောင်းအရာများ အား မျှဝေခဲ့ပါသည်။ စိမ်းလန်းအမိမြေ အနေဖြင့် မျက်မှောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒေသခံများပါဝင်လာခြင်း ဖြင့် ပိုမိုပြည့်စုံသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပေါ်လာခြင်းကို ရှေးရှုပြီး၊ ယင်းဒေသခံများမှ ၎င်းတို့မှီခိုနေထိုင်ရာပတ်ဝန်းကျင်အား ပိုမိုသိရှိလာစေရန် နှင့် မတူကွဲပြားသည့် အခြေအနေများမှတဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက် မှု ကို အားပေးနိုင်ရန် Joint Peace Fund (JPF) ၏ ငွေကြေးထောက်ပံ့မှုဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ရေရှည်၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပါဝင်ပတ်သက်သူများ ပါဝင်သည်ထက် ပိုမို ၍ လေးနက်သော ဆွေးနွေးမှုများသို့ ဦးတည်ရန် ရည်ရွယ်ကာ အရပ်ဘက်အဖွဲ့ အစည်း များ နှင့် ပူးပေါင်း၍ အမြင်ဖွင့်ပွဲများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
# Natural Resource for peace (NR4P) funded by JPF
# Advancing Life and Regenerating Motherland (ALARM)# CSOs
# Environmental Awareness Events in Shan ,Kayah, Mon, Kayin & Tanintharyi

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *