“လူတို့ဖန်တီးပြုလုပ်သည့် အရာများမှ ထွက်ရှိသော ယာဉ်၊စက်ရုံများ နှင့် ပတ်ဝန်းကျင်မှ ဖုန်၊ အမှုန်များ နှင့် ဓာတ်ငွေ့များသည် လူ့ကျန်းမာရေးအထူးသဖြင့် ပန်းနာရင်ကျပ်ရှိသော ကလေးငယ်များ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါများ၊ ကင်ဆာရောဂါ နှင့် မျိုးဆက်ပျံ့ပွားရေးကို အနှောက်အယှက်ပေးခြင်း စသည့် ကိစ္စရပ်များကို ဖြစ်ပွားစေနိုင် သည့် လေအရည်အသွေးများ တချို့ ကို စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း ၏ ပတ်ဝန်းကျင်ရေးရာဓာတ်ခွဲခန်းမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း တိုင်းတာတွေ့ရှိခဲ့သည်”ဟု ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာအေးအေးဝင်းက ပြောသည်။

| စဉ် | လေအရည်အသွေးလစဉ်တိုင်းတာနေသည့်နေရာများ | မြန်မာ့စွန့်ထုတ်စံနှုန်းအတွင်းရှိသည့်အရည်အသွေးများ | မြန်မာ့စွန့်ထုတ်စံနှုန်းထက် ကျော် လွန်နေသည့် အရည်အသွေးများ |
| ၁ | ဘုရင့်နောင်လမ်းဆုံ | အမိုးနီးယား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဟိုက်ဒရိုကာဗွန်၊ မီသိန်း၊ VOC၊ Atomic Radiation၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်နှုန်း | နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ၊ PM 10 နှင့် PM 2.5 |
| ၂ | မြေနီကုန်းလမ်းဆုံ | အမိုးနီးယား၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဟိုက်ဒရိုကာဗွန်၊ မီသိန်း၊ VOC၊ Atomic Radiation၊ အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်နှုန်း | PM 10 နှင့် PM 2.5 |
| ၃ | တာမွေလမ်းဆုံ | PM 10 နှင့် PM 2.5 | |
| ၄ | မြို့တော်ခန်းမရှေ့ | PM 10 နှင့် PM 2.5 |
*Above results were recorded within months of November & December 2018 under guideline of Myanmar Emission
“တိုင်းတာမှုများအရ လေထုထဲတွင် ရှိသင့်သည်ထက် ပိုမိုပါဝင်နေသည့် ဖုန် နှင့် အမှုန် များသည် အဆိုးရွားဆုံး အနေအထားတွင်မရှိသော်လည်း ၄င်းအနေအထားထက်ပိုမိုလာပြီး လစဉ်ဆက်တိုက်
များနေပါက မြို့နေလူထု၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အတွက် စောင့်ကြည့်တိုင်းတာ မှုများ ပုံမှန်ပြုလုပ်သွားရန်လိုအပ်ပါမည်”ဟု ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာအေးအေးဝင်းက ပြောသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ၂၀၁၆ ခုနှစ် မှ စတင်၍ ရန်ကုန်မြို့၏ လေအရည်အသွေးကို မြို့တွင်း လူသွားလူလာများသည့် (၄) နေရာဖြစ်သော ဘုရင့်နောင်လမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ တာမွေလမ်းဆုံ နှင့် မြို့တော်ခန်းမရှေ့ စသည့် နေရာများတွင် လစဉ်ပုံမှန် တိုင်းတာကာ ရလာဒ်များကို အလျဉ်းသင့်သလိုထုတ်ပြန်လေ့ရှိသည်ဟုသိရသည်။
ယခုကဲ့သို့ လေအရည်အသွေးတိုင်းတာမှုများပြုလုပ်ခဲ့သည်မှာ (၂) နှစ်အတွင်းရောက်ရှိ ခဲ့ပြီဖြစ်ပြီး လေအရည်အသွေး စုစုပေါင်း (၁၀) မျိုးကို အဓိကထားတိုင်းတာလျက်ရှိသည်ဟု သတင်းရရှိသည်။

0 Comments