Notice for Alarm Staffs

Notice
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းမှစ၍ ဖြစ်ပွားခဲ့သော နိုဗယ်ကိုရိုနာ ဗိုင်းရပ်(စ်) ကူးစက်ရောဂါမှာ နှစ်လမပြည့်သေးခင် တရုတ်နိုင်ငံအတွင်း လူပေါင်း ၂၀၀၀ ကျပ် ကူးစက်သွားခဲ့ပြီး အခြားနိုင်ငံများသို့ပါ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိပါသည်။ WHO မှလည်း ကိုရိုနာဗိုင်းရပ်(စ်)ဖြစ်ပွားမှုကို ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကူးစက်မြန်ကပ်ရောဂါအဖြစ် ကြေငြာခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မှလည်း ဇန်နဝါရီလမှစတင်၍ နိုဗယ်ကိုရိုနာ ဗိုင်းရပ်(စ်) ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကို အစဉ်တစိုက်ထုတ်ပြန်လျက်ရှိသည်။
အဆိုပါထုတ်ပြန်ချက်များအား လိုက်နာသောအားဖြင့် စိမ်းလန်းအမိမြေ၏ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ (၄-၁-၂၀၂၀ ရက်နေ့မှ ၁၅-၃-၂၀၂၀ ရက်နေ့အထိ) သတင်းထုတ်ပြန်ချက်အရ ကျေငြာချက်များဖြစ်သော-
(က) လူစုလူဝေးများပြားရာ နေရာများနှင့် ပွဲလမ်းသဘင်ရှိရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါရန်၊
(ခ) အခြေအနေကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာပြုလုပ်ကြပါရန်၊
(ဂ) ရောဂါဖြစ်သူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိလာသော အမှုန်အမွှားများမှ တစ်ဆင့် ရောဂါကူးစက်နိုင်သဖြင့် လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပေးရန် အတွက် ပွဲလမ်းသဘင်များတွင် ဆပ်ပြာနှင့် ရေ (သို့) လက်သန့်စင်ဆေးရည်များ စီစဉ်ထားရှိရန်၊
(ဃ) ပွဲလမ်းသဘင်များမကျင်းပမှီ COVID-19 ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား (၅) မိနစ်ခန့်အချိန်ယူပြောကြားရန်
(င) အကယ်၍ ထိုကဲ့သို့ မလွှဲမရှောင်သာ ကျင်းပရပါက တက်ရောက်မည့်သူ အရေအတွက် တတ်နိုင်သမျှနည်းပါးစေရန် နှင့် ဖျားနာနေသူများနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာရောက်ရေး၊ အစီအမံများ တင်းကျပ်စွာပြုလုပ်ရန်၊
(စ) COVID-19 ရောဂါသည် အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ၊ ကင်ဆာရောဂါအခံရှိသူများ၌ ပိုမိုပြင်းထန်စွာဖြစ်ပွားနိုင်ပါ၍ ၎င်းတို့အား လူစုလူဝေးမှ အတက်နိုင်ဆုံးရှောင်ကြဉ်ရန်နှင့် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာရန်လိုအပ်ကြောင်း၊ ကြေငြာချက်များအား လိုက်နာသောအားဖြင့် စိမ်းလန်းအမိမြေ၏ ရုံးဝန်ထမ်း၊ နယ်ဝန်ထမ်းများအနေဖြင့် မဖြစ်မနေပြုလုပ်ရန်လိုအပ်သည့် ခရီးသွားလာမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများစသည့်လုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် အထူးဂရုပြုသတိထား၍ သက်ဆိုင်ရာ ဌာနမှုးများ၊ တာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။
ALARM’s Communication Team

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *