COVID – 19 Protective Equipment Distribution in ALARM’s Project Area

စိမ်းလန်းအမိမြေမှ စီမံကိန်း အကောင်အထည်ဖော်ရာ ဒေသများကို ကိုဗစ် – ၁၉ ကာကွယ်ရေးပစ္စည်းများဖြန့်ဝေ

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေဖြင့် Trocaire ၏ ရန်ပုံငွေအကူအညီဖြင့် “ပြည်သူ့ကဏ္ဍ မြှင့်တင့်ခြင်း ဖြင့် သယံဇာတဆိုင်ရာ ပဋိပက္ခများအား အရှိန်အဟုန်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း စီမံကိန်း” ကို ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ် တို့တွင် အကောင်ထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မတ်လ နောက်ဆုံးပတ်မှ စတင်၍ Covid 19 ရောဂါကူးဆက်မှုများကြောင့် ဇွန်လကုန် အထိ မိမိတို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရပ်နားထားခဲ့ရသည်။
သိုသော်လည်း မိမိတို့နှင့် လက်တွဲဆောင်ရွက်လျှက်ရှိသော ကျေးရွာများမှ အဖွဲ့ဝင်များမှာ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ကျိုးပမ်းဆောင်ရွက်လျှက်ရှိရာ Covid 19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ လိုအပ်လျှက်ရှိပြီး ALARM အဖွဲ့သို့ တင်ပြတောင်းခံလာသောကြောင့့်် မိမိတို့၏ မိတ်ဖက်ကျေးရွာများ၏ တောင်းဆိုချက် အချို့ကို ပေးအပ်နိုင်ရန် စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်နေသော တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ ကျေးရွာပေါင်း (၁၈)ရွာ၊ ကျွန်းစု (FUA) နှင့်ဆေးပေးခန်း တို့ကို – Covid 19 ရောဂါကာကွယ် ပစ္စည်းများဖြစ်သော (Mask – ၃၆၀၀ခု, Face Cover – ၆၀ခု, Gloves- ၂,၀၀၀ခု, Hand Wash- ၂၅၂၀၀မီလီ လီတာ နှင့် Themometer – ၃ခု) ထောက်ပံ့ခြင်းကို ၂၀၂၀ခုနှစ် ဇွန်လ ၂ရက်နေ့မှ ၂၀ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။
“ယနေ့ အခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆက်စပ်ကိရိယာများနှင့် ဝန်ဆောင်မှုများ များစွာ အားနည်းသည့်အလျောက် အဆိုပါ ရောဂါကူးစက်မှု အလားအလာရှိသည့် နေရပ်ပြန်များကို ဖော်ထုတ်၍ လိုအပ်သော စောင့်ကြည့်ခြင်းနှင့် အကူအညီများ ပေးအပ်နိုင်ရေးမှာ များစွာအရေးပါကြောင်း၊ ကျေးရွာများ၌လည်း ရောဂါကူးစက်မှု အတွက် အကာအကွယ်ပစ္စည်းများ ဝယ်ယူရန် အခက်အခဲ ရှိခြင်းနှင့် ဝယ်ယူရန် ငွေကြေးများစွာ လိုအပ်လျှက်ရှိသည် တွေ့ရသောကြောင့် မိမိတို့အနေဖြင့် စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများ ယခု ကိုဗစ် – ၁၉ ရော ကာအကွယ်ရေးပစ္စည်းများကို ထောက်ပံ့ရန်အတွက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း”၊ စိမ်းလန်းအမိမြေ၏ National Project Coordinator ကိုဇော်မင်းသန့်မှပြောကြားသည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *