Community Based Emergency Response Actions for COVID – 19 Myanmar_Ver

ရပ်ကျေးအခြပြုကူးစက်ရောဂါအရေးပေါ်စီမံခန့်ခွဲရေးစီမံချက်

မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ အမှန်တကယ်ဖြစ်ပွားပါက ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ ဆေးရုံ၊ ဆေးခန်း များ တွင် ကုသနိုင်ရန် မဖြစ်နိုင်သည့် အခြေအနေများဖြစ်ပေါ်လာနိုင်ပါသည်။ မိမိနေအိမ်တွင် သီးခြား၊ ခွဲခြား နေထိုင်ရမည် ဟု ဆိုသော်လည်း လက်ရှိတွင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ၌ နေထိုင်ရန်ပင်အခက်အခဲများ ရှိသည့် အလျှောက် အဆိုပါညွှန်ကြားချက်ကို လိုက်နာရန်အခက်အခဲရှိပေမည်။ ဆေးရုံတွင်လည်း ကုသခွင့်မရ၊ မိမိနေအိမ်တွင်လည်း အနားယူ ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်နိုင်သော အခြေအနေမရှိသည့် အခြေအနေမျိုးတွင် အဆိုပါရောဂါအနေနှင့် အုံလိုက်ကျင်းလိုက် ကူးစက်မှု ဖြစ်ပွားသွားနိုင်သောကြောင့်ရပ်ကျေး အခြေပြုကူးစက်ရောဂါ အရေးပေါ်တုန့်ပြန်မှု စီမံချက်ကို အဆိုပြုအပ်သည်။

ရည်ရွယ်ချက်
အဆိုပါစီမံချက်အား အခြေခံအိမ်ထောင်စုများ ဆေးရုံဆေးခန်းများ တွင်ကုသမှု မရခင်စပ်ကြား အောက်ပါ ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
• ဝေဒနာရှင်များ ပိုမို သင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများရရှိစေရန်၊
• ကူးစက်ရောဂါ ပြန်ပွားကူးစက်မှုကို အတိုင်းအတာ တခုအနေဖြင့် လျှော့ချနိုင်ရန်ဖြစ်သည်။

လုပ်ဆောင်ရန်
1. ရပ်ကျေး ကျန်းမာစောင့်ရှောက်မှုကူညီရေးအဖွဲ့များကို ရပ်ကျေးများတွင်ရှိသော နာရေးကူညီမှုအသင်း၊ သွေးလှူရှင်အဖွဲ့၊ ကြက်ခြေနီ၊ ဆွမ်းလောင်းအသင်း၊ လူငယ်စာကြည့်တိုက် အစရှိသည့် လူမှုရေးအသင်း အဖွဲ့များနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းဖွဲ့ စည်းရန်၊
2. လုပ်အားပေးလူငယ်အဖွဲ၊ လုပ်အားပေး ကျန်းမာရေး ကူညီအဖွဲ့ (ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံရှိသူများ) များ ထပ်ဆင့်ဖွဲ့ကာ မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့်ချိတ်ဆက်မှု ပြုထားရန်၊
3. ကျွမ်းကျင်သူများဖိတ်ခေါ်၍ လိုအပ်သော အခြေခံကျန်းမားရေးစောင့်ရှောက်မှုသင်တန်းများပို့ချထားရန်၊
4. ရပ်ကွက်အတွင်း ကူးစက်ရောဂါ လူနာများ ယာယီထားရှိနိုင်မည့် အဆောက်အဦး (ဘာသာရေး၊ အဆောက်အအုံ၊ ကစားကွင်း၊ စာသင်ကျောင်း၊ ဇရပ်၊ ပုဂ္ဂလိက တည်းခိုခန်းများ) ရှာဖွေ၍ အသုံးပြုနိုင်ရန် ကြိုတင်စီစဉ်ညှိုနှိုင်းထားရန်၊
5. ရပ်ကွက်အတွင်း ပုံမှန် လှည့်လည်၍ ကူးစက်ရောဂါနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်၊ သံသယရှိလူနာ စာရင်းကောက်ယူထားရန်၊
6. လိုအပ်သည့် အခြေခံ အရင်းအမြစ်များ ဥပမာ-PPE, လူနာတင်ကား အစရှိသည်များ ကြိုတင်စုဆောင်းထားရန်၊
7. အုပ်ချုပ်သူ တာဝန်ရှိသူများ နှင့် ပူးပေါင်း၍ လူစုလူဝေး ဖြစ်နိုင်သည်များကို ကြိုတင်သတိပေး ရှောင်ရှားနိုင်ရန်ကူညီဆောင်ရွက်ရန်၊
8. ရပ်ကွက်တွင်း ကူးစက်လူနာရှိလာပါက ဆေးရုံ တွင်စောင့်ရှောက်မှု မရနိုင်ပါက ရပ်ကွက်အတွင်း ကူညီစောင့်ရှောက် ရေး ရိပ်မြုံတွင် ထားရှိရန်၊
9. ရပ်ကျေး ကျန်းမာရေးကူညီစောင့်ရှောက်ရေး ရိပ်သာတွင် ထားရှိသော လူနာများအား သက်ဆိုင်ရာ နေအိမ်များမှ လိုအပ်သော အစားအစာ၊ဆေးဝါးများ ပံ့ပိုးနိုင်ရန် ကြားခံဆောင်ရွက်ပေးရန်၊ လူနာရှင်အိမ်မှ မပံပိုးနိုင်သည့် အခြေအနေတွင် အလှူရှင်ရှာ၍ ကျွေးမွေးစောင့်ရှောက်ပေးရန်၊
10. သက်ဆိုင်ရာကျန်းမာရေး ဌာနများနှင့်ဆက်သွယ်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန် ပေါင်းကူးစောင့်ရှောက်ပေးရန်၊ ရပ်ကျေးအတွင်း ကူးစက်ရောဂါအခြေအနေ ပုံမှန် သက်ဆိုင်ရာသို့ သတင်းပို့ရန်၊ သေဆုံးလူနာများအတွက်နာရေး ကူညီဆောင်ရွက်ပေးရန်၊
အဆိုပါလုပ်ငန်းအား အရပ်ဖက်အဖွဲ့စည်းများနှင့် အစိုးရအဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးစသည့်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *