မြိတ်မြို့တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ မှ ၂၇ရက်နေ့အထိ ကျင်းပခဲ့သည့် Micro, Small and Medium Enterprises (MSMES) exhibition တွင် ကျေးလက်သစ်တောအသုံးပြုသူများအသင်း(ကျွန်းစု) ၏ ဝါးထုတ်ကုန်များ ပြသနိုင်ရန်အတွက်စိမ်းလန်းအမိမြေအသင်းနှင့် အစိမ်းရောင်ကွန်ယက် (Mergui) အဖွဲ့တို့မှ ပြပွဲတွင် ပြသနိုင်ရန် ဆိုင်ခန်းနေရာ နှင့် မှတ်ပုံတင်ခြင်းလုပ်ငန်များကို ကူညီ ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြပွဲသို့ အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျေးလက်သစ်တောအသုံးပြုသူများအသင်း (ကျွန်းစု)သည် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ကူညီပံ့ပိုးမှုများဖြင့် ၂၀၁၇ ခုနှစ်က ကျွန်းစုမြို့နယ်အတွင်းရှိ သစ်တောအသုံးပြုသူများအသင်းများကို စုစည်းပြီး တရားဝင်ကျေးလက်သစ်တောအသုံးပြုသူများအသင်းတစ်ခု အဖြစ် ဖြစ်ပေါ်လာရန်အတွက် ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် အသင်းမှတ်ပုံတင်လက်မှတ်ရရှိခဲ့ကြောင်း သိရသည်။
ပြပွဲတွင် ဝါးလက်မှုပစ္စည်းများဖြစ်သော ရေခပ် ၊ လင်ဗန်း ၊ ရေခရား ၊ ဝါးပရိဘောဂ – ဆက်တီခုံ ၊ ကုလားထိုင်တို့ကို ပြသခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကျွန်းစုမြို့နယ်မှ ပြည်သူများသာမက၊ အာဏာပိုင်များကပါ ကျေးလက်သစ်တောအသုံးပြုသူများအသင်းကို အသိအမှတ်ပြုလာကြကြောင်း သိရှိရပါသည်။ ထို့အပြင် ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အသင်းအဖွဲ့များက ပြပွဲမှ ရရှိသည့် အတွေ့အကြုံများအပေါ်အခြေခံပြီး၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြှင့်တင်ခြင်းနှင့် ထုတ်ကုန်များကို ဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချနိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 Comments