ဖျက်ဆီးခြင်း အာသာဆန္ဒ
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-၁)
နိုဝင်ဘာလ ၂၀၁၁ တွင် တရုတ်နိုင်ငံသည် အိမ်ရှင်နိုင်ငံအဖြစ် အာရှ-ဖိစိဖိတ်သစ်တောဆိုင်ရာ ရက်သတ္တပတ်ကြာ နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲကို ပေကျင်းမြို့အိုလံပစ်အားကစားရုံကြီးအနီးက ကြီးကျယ်ခန်းနားလှသည့် အဆောက်အဦးတွင်ကျင်းပခဲ့သည်။ ထိုရက်သတ္တပတ်ကြာသည့် နှီးနှောဖလှယ်ပွဲကို အာရှနှင့် အာရှပြင်ပနိုင်ငံများမှ ကိုယ်စားလှယ်များသည် သစ်တောများပြုန်းတီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းမှအစ တရုတ်နိုင်ငံ၏ အံမခန်းသစ်တောပြန်လည်ပြုစုပျိုးထောင်ချင်းများအပါအဝင် အခြားသောအကြောင်းအရာတော်တော်များများကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲသည် ၂၀၀၁ခုနှစ်တွင်ကျင်းပခဲ့သော အရှေ့အာရှဝန်ကြီးများအဆင့် သစ်တောနှင့်ပတ်သက်သည့်ဥပဒေ အတည်ပြုပြဌာန်းခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာများကို သဘောတူညီလက်မှတ်ရေးထိုးခဲ့သည့် အထင်ကရဘာလီကြေငြာစာတမ်း၏ ၁၀နှစ်ပြည့်အထိမ်းအမှတ်နှင့်လည်းတိုက်ဆိုင်ခဲ့သည်။ ထိုဘာလီ အစည်းအဝေးတွင်တရုတ်နိုင်ငံအပါအဝင် ဒေသတစ်ခွင်လုံးမှ အစိုးရများပထမဦးဆုံးအကြိမ် အတူတကွစုပေါင်းပြီး တရားမဝင်သစ်ထုတ်လုပ်မှု အန္တရာယ်များ နေရာအနှံအပြားတွင် ဖြစ်ပွားနေမှုကိုတင်ပြဆွေးနွေးခဲ့ကြသည်။ သို့ဖြစ်လင့်ကစား ပေကျင်းနှီးနှောဖလှယ်ဆွေးနွေးပွဲတွင် တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား အလေးနက်ထား မဆွေးနွေးခဲ့ပေ။ ယင်းကဲ့သို့ဖြစ်ရခြင်းမှ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်လောက်ကစပြီး တရားမဝင်သစ်ထုတ်လုပ်ကူးသန်းရောင်းဝယ်မှုတွက် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ပါဝင်ထွက်ပေါ်လာသော အိမ်ရှင်တရုတ်နိုင်ငံကြောင့်ဖြစ်နိုင်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်းအဓိကသစ်ဝယ်ယူတင်သွင်းသောနိုင်ငံများဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမ္မဂနှင့် သြစတြေးလျနိုင်ငံတို့သည် တရားမဝင်ခိုးထုတ်သော သစ်များကို ၎င်းတို့စေျးကွက်အတွင်းမှ ဥပဒေအရတားဆီးပိတ်ပင်မှုများပြုလုပ်ခဲ့သလို၊ အင်ဒိုနီးရှားကဲ့သို့သော အဓိကသစ်ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်လည်း တရားမဝင်သစ်လုပ်ငန်းကို ဥပဒေအရ အရေးယူမှုများ အလျင်အမြန်ဆောင်ရွက်လာခဲ့ကြသည်။
ယင်းကဲ့သို့အခြားနိုင်ငံများမှ အားတက်သရောအရေးယူဆောင်ရွက်နေချိန်တွင် တရုတ်မနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုကို စိုးလျဉ်းမျှမတွေ့ရပေ။
တရုတ်နိုင်ငံ၏ စီးပွားရေးအံမခန်းတိုးတက်လာသည်နှင့်ပတ်သက်၍ ချီးကျူးအားကျစရာအများကြီးရှိပေမယ့် တရားမဝင်ခိုးထုတ်သည့်သစ်များကိုဝယ်ယူတင်သွင်းသည့် အကြီးဆုံးအဝယ်ဒိုင်ဖြစ်နေခြင်းမှာနှစ်မြိုစရာမကောင်းပါ။ ၁၉၉၀ ပြည့်လွန် နှစ်များကတည်းက တရုတ်နိုင်ငံသည် ၎င်းတို့၏ သစ်တောများကိုကာကွယ်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်းများကိုထိရောက်စွာလုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြည်ပမှတင်သွင်းလာသောကုန်ကြမ်းများကိုအမှီပြုပြီး သစ်ပြန်လည်ပြင်ဆင်ထုတ်ပိုးခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်လာခဲ့သည်။ ဤလုပ်ငန်းများကြောင့် အခြားတိုင်းပြည်များတွင် သစ်တာပြုန်းတီးမှုများဖြစ်ပေါ်စေခဲ့သည်။
သစ်အချောထည် ပြင်ဆင်ထုတ်ပိုးခြင်းသည် ပြည်ပကိုတင်ပို့ရန်အတွက် ရည်ရွယ်သော်လည်း တရုတ်နိုင်ငံ၏ တိုးတက်မြင့်မားလာသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးမားသည့်ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် သစ်အချောထည်ပြင်ဆင်ထုတ်ပိုးသည့် ထုတ်ကုန်ပစ္စည်းများအပေါ် ပြည်တွင်းဝယ်လိုအား အဆမတန်မြင့်တက်စေခဲ့သည်။ ထင်ရှားသည့် ဥပမာတစ်ခုကိုပြရမည်ဆိုလျှင်မဲ ခေါင်ပတ်ဝန်းကျင်ဒေသမှအစ မဒါဂါးစကားဒေများအထိ တရားမဝင်သစ်ခိုးထုတ်မှုများကို တစ်ဟုန်ထိုးမြင့်တက်စေခဲ့သည့် ရှားပါးသော အဟော်ဂနီသစ် နှင့် ပြုလုပ်ထားသည့် ဒီဇိုင်းဆန်းသော ပရိဘောဂများပြန်လည်ထုတ်လုပ်ခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (Environmental Investigation Agency)သည် ၂၀၀၄ခုနှစ်မှ စပြီး တရားမဝင်သစ်များ ထုတ်လုပ်သည့် အဓိကသစ်ထုတ်လုပ်သော နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ မြန်မာ၊ ရုရှား၊ လာအို၊ မိုဇမ်ဘစ်နှင့် မာဒါဂါးစကားနိုင်ငံများတွင်လက်တွေ့ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထွက်ရှိလာသော အစီအရင်ခံစာတွင် ဖော်ပြထားသော ကွင်းဆင်းစုံစမ်း စစ်ဆေးတွေံရှိချက်များသည် တရုတ်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာသည့် တရားမဝင်သစ်ထုတ်လုပ်မှုဆိုးကျိုးများ၊ အရေးပါသည့်သစ်တောဆိုင်ရာ ဂေဟစနစ် ပျက်စီးဆုံးရှုံးမှုများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုင်းပြည်ဘဏ္ဍာငွေ ဆုံးရှုံးနေရမှုများ၊၊ ပဋိပက္ခနှင့် အဂတိလိုက်စားမှုများ မြှင့်တက်တိုးပွားလာခြင်းများကို တင်ပြထားသည်။
အထက်ပါရှာဖွေတွေ့ရှိချက်များသာမက ဤအစီအရင်ခံစာသည် နှစ်စဉ်ဒေါ်လာဘီလီယံမြောက်များစွာတန်ဖိုးရှိသည့် တရားမဝင်သစ်များ တရုတ်နိုင်ငံအတွင်းသို့ စီးဆင်းဝင်ရောက်လာခြင်းကို လေ့လာသုံးသပ်ထားသောကုန်သွယ်ရေးဆိုင်ရာအချက်အလက်များ၊ တရားမဝင်သစ်တင်ပို့မှုနှုန်းမြင့်မားသည့် နိုင်ငံများနှင့် သစ်တင်ပို့ခြင်းကို အရေးယူကြပ်မတ်ဆောင်ရွက်သည့် နိုင်ငံတော်ဥပဒေ လစ်ဟင်းသည့် သာဓကများကိုလည်း မီးမောင်းထိုးပြထားသည်။ ရှာဖွေတွေ့ရှိထားသည့် သက်သေအထောက်အထားများသည် ပြဿနာကိုပို၍ မြင်သာလာစေပြီး တရုတ်နိုင်ငံအနေဖြင့် အရေးယူဆောင်ရွက်ရပေတော့မည်။ တရားမဝင်သစ်များကို တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းမှ တားဆီးပိတ်ပင်ရန်လိုအပ်သည်။ ကမ္ဘာ့သဘာဝ သစ်တောများ၏ ကံကြမ္မာသည်လည်းထိုသို့တားဆီး လုပ်ဆောင်နိုင်မှုအပေါ်တွင်မူတည်နေသည်။
အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။
Appetite of Destruction (China’s Trade in Illegal Timber) Part_1
0 Comments