ဖျက်ဆီးခြင်း အာသာဆန္ဒ – Appetite For Destruction
(China’s Trade in Illegal Timber – 7)
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-7)
အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယအပူပိုင်းဇုံသစ်တောများ အများဆုံးရှိသည့် နိုင်ငံ ဖြစ်သည်။ ၁၉၉၀ နှောင်းပိုင်းကာလများမှ ၂၀၀၅ ခုနှစ်အထိ ထိုသစ်တောများအား စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းအဖွဲ့များ၏ ခိုးယူဖျက်ဆီးခြင်းများကို ခံခဲ့ရသော ကြောင့်နိုင်ငံ၏တရားမဝင်သစ်ခုတ်လှဲမှုနှုန်း ၈၀ ရာခိုင်နှုန်း အထိမြင့်တက်စေခဲ့ပြီး ကမ္ဘာ ပေါ်တွင်အဆိုးရွားဆုံးသစ်တောပြုန်းတီးမှုကိုဖြစ်စေခဲ့သည်။ EIA ၏ ပြည်စုံစေ့စပ်သောစုံစမ်းစစ်ဆေးမှုများတွင် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ တရားမဝင် သစ်များကို လက်ခံဝယ်ယူသည့် အဓိနိုင်ငံဖြစ်နေသည်ကိုတွေ့ရသည်။
၁၉၉၉ခုနှစ်တွင် EIA ၏စုံစမ်းစစ်ဆေးမှုများတွင် ရွံ့နွံတောများအတွင်းတွေ့ရသော အဖိုးတန်သစ်အမျိုးအစားများဖြစ်သည့် ramin သစ်မာများအား ကျယ်ကျယ်ပြန့်ပြန့်တရားမဝင် ခုတ်လှဲထုတ်နေဖကြာင်းဖော်ထုတ်ခဲ့သည်။သစ်ခုတ်လှဲမှုများသည် အလယ်ပိုင်း ကလိမန်တန်ရှိ Tanjung Puting အမျိုးသားဥယျာဉ်ကဲ့သို့သော မျိုးသုန်းပျောက်ကွယ်လုနီးဖြစ်သည့် အမွေးလိမ္မော်ရောင် ရှိသောလူဝံကြီးများနေသည့် တားမြစ်မြေများအတွင်းသို့လည်းဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအမျိုးသား ဥယျာဉ်အတွင်းမှ အကြီးစားramin သစ်သူခိုးများကို ဒေသခံသစ်လုပ်ငန်းဓနရှင်ကြီး အပ်ဒူလ်ရာဇစ် ကဦးဆောင်သည်။
EIA၏ ရှာဖွေ တွေ့ရှိချက်များကြောင့် ၂၀၀၁ ခုနှစ်တွင် အင်ဒိုနီးရှားအစိုးရအား ramin သစ်ထုတ်လုပ်တင်ပို့ခြင်းနှင့် ခုတ်လှဲခြင်းများအားလုံးပတ်သက်သည်များကို တားမြစ်ပိတ်ပင်အရေးယူ ဆောင်ရွက်မှုများလုပ်ဆောင်စေခဲ့သည်။သို့ဖြစ်လင့်ကစား ၂၀၀၃ ခုနှစ်တွင်မလေးရှားပါဆာဂူဒန် (Pasir Gudang) ဆိပ်ကမ်းကို အခြေပြုပြီး လှုပ်ရှားနေ သည့်ရှုပ်ထွေးနက်နဲသော ramin သစ်မှောင်ခိုလုပ်ငန်းတစ်ခုကိုဖော်ထုတ်ခဲ့သည်။ အိမ်နီးချင်း အင်ဒိုနီးရှားနို်ငငံဆူမတ်တြားကျွန်းမှ ထိုဆိပ်ကမ်းသို့ လှေငယ်များကိုအသုံးပြုပြီးတရားမဝင် ramin သစ်များကို သယ်ယူပို့ဆောင်ကာထိုမှတဆင့် ramin သစ်များကိုသေတ္တာကွန်တိန်နာများအတွင်း ထုတ်ပိုးပြီး မလေးရှားတွင် ထုတ်လုပ်သည်ဟုဆိုကာ ရှန်ဟဲ နှင့် ဟောင်ကောင်သို့တင်ပို့ခဲ့သည်။ ဤနည်းအတိုင်းလစဉ် ၄၅၀၀ ကုဗမီတာ ရှိသော တရားမဝင် ramin သစ်များခိုးထုတ်နေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ramin သစ်များကိုမျိုးသုန်းပျောက်ကွယ်တော့မည့် မျိုးစိတ်များဆိုင်ရာ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေး ကွန်ဗင်းရှင်း (CITES) တွင်စာရင်းတင်သွင်းထားသောကြောင့် တရုတ်နိုင်ငံအနေနှင့်တင်သွင်းလာသောအင်ဒိုရှား remin သစ်များအားလုံးကဖမ်းဆီးရန်တာဝန်ရှိသည်။ သို့ပေမယ့်လည်းEIA က ပါဆာဂူဒန် (Pasir Gudang) လိမ်လည်မှုကို လူသိရှင်ကြားဖော်ထုတ်ခဲ့သည့် အကြားမှမလေးရှားမှာယာယီ ဖမ်းဆီးထိန်းသိမ်းထားသော ၂၀၀၀ကုဗမီတာရှိသော တရားမဝင် ramin သစ်များကို တရုတ်နိုင်ငံသို့ တင်သွင်း ဝင်ရောက် နိုင်ခဲ့သေးသည်။
Ramin သစ်များ ထုတ်လုပ်တင်ပို့ခြင်းကိုတားမြစ်ခြင်းနှင့်အတူ အင်ဒိုနီးရှားအစိုးရအနေနှင့် များပြားပျံ့နှံ့လျှက်ရှိသော တရားမဝင်သစ်ခုတ်လှဲမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ၂၀၀၁ ခုနှစ်တွင်သစ်တင်ပို့မှုကိုပိတ်ပင်တားမြစ်ခြက်တရပ်ကိုလုပ်ဖောင်ခဲ့သည်။ ဤတားမြစ်ပိတ်ပင်မှုသည်ခိုးထုတ်သစ်များကို တရုတ်နိုင်ငံသို့ တင်သွင်းနေသည့် ဒုစရိုက်ဂိုဏ်းများအားအနည်းငယ်သာ ဟန့်တားနိုင်ခဲ့သည်။ ၂၀၀၁ခုနှစ်အောက်တိုဘာလတွင်အင်ဒိုနီးရှားရေတပ်မှတရုတ်နိုင်ငံသို့တင်ပို့မည့်ကုန်တင်သင်္ဘော သုံးစင်းဖြင့်တင်ဆောင်လာသော၂၅၀၀၀ ကုဗမီတာရှိသည့် တရားမဝင်သစ်များကိုဖမ်းဆီးရမိခဲ့သည်။ ထိုသင်္ဘောများကိုTanjung Puting အနီးတွင်ဖမ်းဆီးရမိခဲ့ပြီးအပ်ဒူလ်ဇာရစ်နှင့်ဆက်နွယ်နေသည့်ကုမ္ပဏီများပိုင်ဆို်ငကြောင်းသိရသည်။
သင်္ဘောသုံးစင်းဖမ်းဆီးရမှုတွင်ပမာဏအားဖြင့်များပြားလှသောသစ်များကိုတရုတ်နိုင်ငံသို့သွားမည့်ကုန်တင်သင်္ဘောများပေါ်တွင် အခက်အခဲမရှိတင်ဆောင်ပြီးအင်ဒိုနီးရှားနိုင်ငံအပြင်သို့မှောင်ခိုခိုးထုတ်သွားနိုင်သည်မှာဥပဒေအရ လိုက်နာဆောင်ရွက်မှုများတွင် ဟာကွက်များရှိနေကြောင်းသက်သေပြနေသည်။ ၂၀၀၄ခုနှစ်တွင်အကြီးစားတရားမဝင်သစ်ခုတ်လှဲမှုများသည် အင်ဒိုနီးရှားနိုင်ငံ၏အရှေ့ဘက်ရှိပါပူအာတော နက်ကြီးများအတွင်းသို့ပြောင်းရွေ့သွားခဲ့သည်။ Merbau ပင်များသည်အဓိကထားခုတ်လှဲသည့်သစ်ပင်များဖြစ်ပြီးတရုတ်နိုင်ငံအရှေ့ပိုင်းတွင်သစ်သားကြမ်းခင်းများပြုလုပ်ရန်ရည်ရွယ်ခဲ့သည်။
EIA ကွင်းဆင်းလေ့လာစုံစမ်းစစ်ဆေးမှုများအရတရားမဝင် Merbauသစ်မမြောက်များစွာကိုပါပူအာယူးဂီနီမှ တရုတ်နိုင်ငံသို့တင်ပို့နေသည့်နိုင်ငံတကာဒုစရိုက်ဂိုဏ်းများရှိနေကြောင်းကိုဖော်ထုတ်တွေ့ရှိခဲ့သည်။ထိုနိုင်ငံတကာ ဒုစရိုက်ဂိုဏ်းများတွင်အင်ဒိုနီးရှားမှခြစားသည့်အစိုး၊ရဲနှင့် စစ်တပ်မှ အရာရှိများ၊ မလေးရှားသစ်ခိုးထုတ်သည့် ဂိုဏ်းများ၊ စင်္ကာပူအခြေစိုက်သယ်ယူပို့ဆောင်ရေးကုမ္ပဏီနှင့်ငွေကြေးလုပ်ငန်းရှင်များနှင့်ဟောင်ကောင်နှင့်တရုတ်ပြည်မကြီးမှသစ်ပွဲစားပါဝင် ပတ်သက်နေသည်။သစ်ခိုးထုတ်မှုများအထွတ်အထိပ်သို့ရောက်ချိန်တွင် Merbau သစ်များတရားမဝင်မှောင်ခိုသယ်ထုတ်မှုသည် တစ်လလျှင် ၃ သိန်းကုဗမီတာအထိရှိခဲ့သည်။
EIAသည်တရားမဝင်အပူပိုင်းဒေသမှသစ်များရောင်းဝယ်ဖောက်ကားရာအဓိကနေရာတစ်ခုဖြစ်သောတရုတ်နို်ငငံဂျန်းစုပြည်နယ်(Jiagsu)ရှိဆန်ဂျီဂန် (Zhangjiagang)ဆိပ်ကမ်းတွင်ရှိသောခိုးထုတ်သစ်များတောက်သို့ခြေရာခံလိုက်ခဲ့သည်။တင်ပို့လာအင်ဒိုနီးရှား နိုင်ငံ၏သစ်တင်ပို့တားမြစ်ခြင်းကိုရှောင်ရှားနိုင်ရန်အတွက်မလေးရှားမှတင်သွင်းလာသည်ဟုတင်ပြထားသည်။ Merbau အတော်များများကို တရုတ်နိုင်ငံ၏သစ်သားကြမ်းခင်းလုပ်ငန်းများအဓိကတည်ရှိရာ ဇီကျန်းပြည်နယ်(Zhejiang) ပြည်နယ်နန်ဇမ်မြို့ (Nanxun) ရှိ စက်ရုံများသို့ရောင်းချကြသည်။
၂၀၀၅ ခုနှစ်အစောပိုင်းကာလတွင်ထုတ်ပြန်ခဲ့သော EIA ၏တွေ့ရှိချက်များကြောင့်အင်ဒိုနီးရှားအစိုးရသည် ပါပူအာတွင် ခုတ်လှဲ ခိုးထုတ်နေသောတရားမဝင်သစ်များကိုထိရောက်သည့်ချေမှုန်းရေးတစ်ခုလုပ်ခဲ့ပြီး လအနည်းခယ်အတွင်းမှာပဲ အင်အား၁၀၀၀ ကျော် ပါဝင်သော နှိမ်နင်းရေးအဖွဲ့သည် တရုတ်နိုင်ငံသို့ တရားမဝင် Merbau သစ်များကိုတင်ပို့နေမှုကိုတားဆီးနိုင်ခဲ့သည်။ ဩဂုတ်၂၀၀၅ ခုနှစ်တွင် တရားမဝင် သစ်များတင်ပို့မှုကျဆင်းသွားသည့်အတွက်တရုတ်နို်ငငံတွင် Merbau သစ်များ၏ဈေးနှုန်းသည်သုံးဆထိုးတက်သွားပြီး ၁ ကုဗမီတာတွင် ဒေါ်လာ ၇၀၀ ထိဈေးပေါက်ခဲ့သည်။ ၂၀၀၅ နှစ်ကုန်ပိုင်းမှာတော့EIA လေ့လာစုံစမ်းစစ်မှုများတွင် တရုတ်သစ်ကုန်သည်အများအပြားသည်အင်ဒိုနီးရှားမှ တရားမဝင်ပေါချောင်ကောင်းသစ်များရရှိနိုင်မှုကျဆင်းသွားသည့်အတွက်မကျေမနပ်ဖြစ်ခဲ့ကြပြီး ပါပူအာနယူးဂီနီ နှင့် အာဖရိဈေးကွက်များသို့အာရုံစိုက်လာကြသည်။
သို့ပေမယ့်လည်း ဈေးကွက်အတွင်း merbau သစ်များဆက်လက်လိုအပ်ချက်များကြောင့် တားမြစ်ပိတ်ပင်ထားသည့် merbau သစ်များကိုစတုရန်းပုံစံပြုလုပ်ထားတံတားဆောက်လုပ်သည့်ပစ္စည်းများနှင့်ငလျင်ဒဏ်ကြောင့်ပျက်ဆီးဆုံးရှုံးမှုများအတွက် ပြည်လည်တည်ဆောက်မည့်ပစ္စည်းကိရိယာဟုအမည်တပ်ပြီးတရုတ်နို်ငငံသို့လိမ်လည်တင်ပို့နေမှုများအပါအဝင် ပိုမိုရှုပ်ထွေးနက်နဲသောမှောင်ခိုခိုးထုတ်သည့်နည်းလမ်းများဖြင့်ခိုးထုတ်လာကြသည်။ ၂၀၀၉ ခုနှစ်တွင် အင်ဒိုနီရှားအကောက်ခွန်ဌာန အရာရှိများကတရားမဝင် merbau သစ်များထည့်သွင်းတင်ဆော်ငထားသော ကွန်တိန်နာ၂၃ လုံးကိုတားဆီးရှာဖွေတွေ့ရှိခဲ့သည်။ ထိုအထဲမှအချို့အပိုင်းများကို တရုတ်အစိုးရပိုင် ဂျန်းစုစကိုင်းရန်(Jiangsu Skyrun)ကုမ္ပဏီအတွက်တင်ပို့မည့်သစ်များဖြစ်နေသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံ၏သစ်လုပ်ငန်းသည်လွန်ခဲ့သည့်ပထမဆယ်စုနှစ်ဝက်ကျော်လောက်ကအင်ဒိုနီးရှားနိုင်ငံအားရိုက်ခတ်ခဲ့သောတရားမဝင်သစ်ခုတ်လှဲထုတ်လုပ်မှုမှအကြီးအကျယ် အကျိုးအမြတ်ရရှိခဲ့သည်။ အဆုံးသတ်တွင် အင်ဒိုနီးရှားက ဥပဒေပြဠာန်း ကာအရေးယူဆောင်ရွက်မှုများတိုးတက်လာခဲ့ပြီး၎င်းတို့၏ သစ်တောအတွင်းမှ တရားမဝင်သစ်မှောင်ခို ခိုးထုတ်မှုများကို တားဆီးပိတ်ပင်ခဲ့သည်။ တရုတ်ဘက်အပိုင်းမှာတော့ ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားနှင့်ထိုပြသနများကိုဖော်ထုတ်ဖြေရှင်းရန်သဘောတူ လက်မှတ်ထိုးခဲ့သော်လည်း အင်ဒိုနီးရှားမှတရားမဝင်သစ်များဝယ်ယူတင်သွင်းမှုများနှင့်ပတ်သက်ပြီး မည့်သည့်အရေးယူဆောင်ရွက်ခြင်းမျိုးမှမပြုလုပ်ခဲ့ပေ။
စာချုပ်အရတရားမဝင်သစ်လုံးနှင့်သစ်ခွဲသားနှစ်မျိုးစလုံးပတ်သက်ပြီးရောင်းဝယ်ဖောက်ကားခြင်းတားမြစ်ပိတ်ပင်ထားသော်လည်း ကုန်သွယ်မှုစာရင်းအင်းများသည် တရုတ်နိုင်ငံသည် ထိုကုန်ပစ္စည်းများရောင်းဝယ် ဖောက်ကားခြင်းမှ ဘယ်လို အကျိုးအမြတ်များရရှိနေသည်ကိုပြသနေသည်။ ၂၀၁၁ ခုနှစ်တွင်တရုတ်အကောက်ခွန်ဌာနမှ အင်ဒိုနီးရှားမှဒေါ်လာ ၁၀ သန်းရှိ ၁၇၀၀၀ ကုဗမီတာခန့်ရှိသော သစ်များဝယ်ယူတင်သွင်းခဲ့သည်ဟုတင်ပြထားသည်။ ထိုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံသည်ဒေါ်လာသန်း ၂၃၀တန်ဖိုးရှိ ၈ သိန်းကုဗမီတာရှိသောအင်ဒိုနီးရှားမှ သစ်ခွဲသားများ ဝယ်ယူတင်သွင်းခဲ့သည်။ အင်ဒိုနီးရှားအကောက်ခွန်ဌာနကတော့ ၂၀၁၁ခုနှစ်တွင်ဒေါ်လာ ၈.၈ သန်းတန်ဖိုးမျှသာရှိသောသစ်ခွဲသားများကိုသာ တင်ပို့ခဲ့ပြီးနှင့် သစ်လုံးတင်ပို့ခြင်းနှင့်ပတ်သက်ပြီးမရှိဟုမှတ်တမ်းတင်ထားသည်။
စုပေါင်းလိုက်လျှင် တရုတ်နို်ငငံ၏ ကုန်သွယ်ရေးစာရင်းများအရ အငဒိုနီးရှားနိုင်ငံမှ သစ်လုံးတင်ပို့ခြင်းကို ဥပဒေထုတ်တားမြစ်ပိတ်ပင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှစပြီး ၆သိန်းကုဗမီတာရှိသော သစ်လုံးများကို ဝယ်ယူတင်သွင်းခဲ့သည်ဟုဖော်ပြထားသည်။ ထိုအပြင် ၂၀၀၄ ခုနှစ်တွင် တားမြစ်ပိတ်ပင်ခဲ့သောအင်ဒိုနီးရှားမှ သစ်ခွဲသားများအား တားမြစ်ထားသည့်ကြားမှ ၉ သန်းကုဗမီတာအထိဝယ်ယူ တင်သွင်းမှုများရှိခဲ့သည်။တရုတ်နိုင်ငံ၏ရပ်တည်နေသည့်အနေအထားသည် ၂၀၁၀ခုနှစ်ကအင်ဒိုနီးရှားနှင့်ပြုလုပ်ခဲ့သည့်နှစ်နိုင်ငံ အစည်းအဝေးပွဲမှတရားမဝင် သစ်ခုတ်လှဲများတားဆီးကာကွယ်ရေး သဘောတူညီချက်ကိုအလေးမထားပျက်ရယ်ပြုသည့် သဘောရှိနေသည်။ အင်ဒိုနီရှားနိုင်ငံမှ ရဲနှင့် အကောက်ခွန်အရာရှိများကို တရုတ်နိုင်ငံသို့ဥပဒေအရပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ရန်စေလွတ်ကာ ချဉ်းကပ်ခဲ့သော်လည်း တရုတ်ကိုယ်စားလှယ်အဖွဲ့ကတော့ အင်ဒိုနီးရှားအစိုးရအား သစ်ကုန်ကြမ်း တင်ပို့မှုနှင့်ပတ်သက်ပြီး တင်းကြပ်မှုများကိုလျော့ချရန်သာပိုမိုစိတ်ဝင်စားကြသည်။
ဆက်လက်ရေးသားဖော်ပြပါမည်။

0 Comments