Appetite For Destruction (China’s Trade in Illegal Timber -6)

ဖျက်ဆီးခြင်း အာသာဆန္ဒ – Appetite For Destruction
(China’s Trade in Illegal Timber – 6)
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-6)
အာရှ-ပစိဖိတ်ဒေသ
ရုရှားအရှေ့ဖျားဒေသ အပါအဝင် အာရှ-ပစိဖိတ်ဒေသသည် တရုတ်နိုင်ငံအတွက် အကြီးဆုံးသစ်ကုန်ကြမ်းတင်ပို့သည့်ဒေသဖြစ်ပြီး တရုတ်နိုင်ငံအတွက် လိုအပ်သည့်သစ်လုံးများသစ်ခွဲသားများသုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးသည်။ တရုတ်နိုင်ငံ၏ သစ်ပြင်ဆင်ထုတ်ပိုးသည့် စက်မှုလုပ်ငန်းများ အကြီးအကျယ်ထွန်းကားခဲ့သော၁၉၉၀ ပြည့်လွန်နှစ်များတွင် ဒေသတခွင်မှာ နေထိုင်ကြသော နယ်ခံတရုတ်စီးပွားရေးသမားအဆက်အသွယ်အကူအညီဖြင့် အနီးဝန်းကျင်နိုင်ငံများမှ လိုအပ်သည့်ကုန်ကြမ်းများကိုရယူခဲ့သည်။၂၀၀၂ ခုနှစ်တွင်တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းခဲ့သော၁၀.၅ သန်းကုဗမီတာ ပမာဏရှိသည့်၅၂ ရာခို်င်နှုန်းသောသစ်မာအမျိုးအစားသစ်လုံးများကို အရှေ့တောင်အာရှဒေသတစ်ခုတည်းမှ ဝယ်ယူတင်သွင်းခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကာလအတွင်းအရှေ့တော်င်အာရှဒေသမှသစ်တောများ အဖိုးတန်သစ်များသည် တရုတ်နိုင်ငံ၏ သစ်ပြင်ဆင်ထုတ်ပိုးရေးလုပ်ငန်းအတွက်ဆိုးဆိုးရွားရွား ခုတ်လှဲခံခဲ့ရသည်။ “Peak Timber” ဟုခေါ်သောအစီရင်ခံစာသစ်ခုတွင် ဒေသတွင်းနိုင်ငံများအထူးသဖြင့်အင်ဒိုနီးရှား၊ မလေးရှား၊ လာအို နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံများတွင် အဆမတန် အမြတ်ထုတ်ခုတ်လှဲမှု များကြောင့် သစ်ထုတ်လုပ်ငန်းများပျက်စီးနေသည်ဟုဆိုထားသည်။
တရုတ်နိုင်ငံ၏ အာရှ- ပစိဖိတ်ဒေသ (ရုရှားအရှေ့ဖျားဒေသအပါ)မှ သစ်ဝယ်ယူတင်သွင်းမှုသည် ၂၀၀၀- ၂၀၁၁ ကာလအတွင်း၆ သန်းကုဗမီတာရှိပြီး ရာခိုင်နှုန်းအားဖြင့်၄၉ရာခိုင်နှုန်း တိုးတက်လာချိန်တွင် ထင်ရှားသည့်သစ်တင်ပို့သည့်နိုင်င့များလည်း ပြောင်းလဲ လာခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ဝက်ကျော်လောက်က တရုတ်နိုင်ငံ၏ ဒေသတွင်း အကြီးဆုံးသစ်မာသစ်လုံးများတင်သွင်းရောင်းချသူမှာ မလေးရှားနိုင်ငံဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ၂.၇ သန်း ကုဗမီတာ အထိ ရှိ ခဲ့သည် ဟုဆိုသည်။ EIA ၏ လေ့လာဆန်းစစ်မှုတွေ့ရှိချက်များတွင် ထိုဝယ်ယူတင်သွင်းခဲ့သည့်သစ်လုံးများ၏ မူလဌာနေမှာ အမှန်တကယ်အားဖြင့်၂၀၀၁ ခုနှစ်တွင်သစ်တင်ပို့မှုကို စည်းကြပ်တားမြစ်မှုများပြုလုပ်ခဲ့သည့်အင်ဒိုနီးရှားဖြစ်သော်လည်း မလေးရှားသစ်များဖြစ်သည်ဟုတရုတ်စာရင်းဇယားများတွင် လိမ်လည််တင်ပြထားကြောင်းတွေ့ရသည်။
၂၀၀၅ ခုနှစ်တွင် အင်ဒိုနီးရှားမှာ သစ်မှောင်ခိုထုတ်လုပ်မှုကိုတားမြစ်ဆန့်ကျင်သည့်ဥပဒေ အားတင်း ကျပ်လိုက်သည့်အခါ တရုတ်စာရင်းဇယားတွေမှာ မလေးရှားမှသစ်ဝယ်တင်သွင်းမှုများသစ်ဝက်လောက်ထိုးကျသွားသည်။လှစ်ဟာသွားသည့် အင်ဒိုနီးရှားမှ တရားမဝင်သစ်များအားအစားထိုးတင်ပို့နိုင်ရန်အတွက်တရုတ်ကုန်သည်များသည်ပါပူအာနယူဂီနီနိုင်ငံနှင့်ဆော်လမွန်ကျွန်းစုနိုင်ငံများဘက်သို့ အာရုံစိုက်လာသည်။ ၂၀၀၅ မှ ၂၀၁၁ ကာလအတွင်းတရုတ်နိုင်ငံ၏ ပါပူအာနယူးဂီနီနိုင်ငံမှာ သစ်ဝယ်ယူတင်သွင်းမှုသည် ၁.၈ သန်းကုဗမတ်ထရစ်မှ ၂.၈ သန်းကုဗမီတာထိ မြင့်တက်လာခဲ့ပြီး ဆော်လမွန်ကျွန်းစုနိုင်ငံမှတယ်ယူတင်သွင်းမှုလည်း ၀.၆၅၂ သိန်းကုဗမီတာရှိခဲ့ရာမှ၁.၇ သန်းကုဗမီတာထိမြင့်တက်လာခဲ့သည်။
အာရှ – ပစိဖစ်နိုင်ငံများနှင့် တရုတ်သစ်ကုန်သွယ်မှု တွင်တရားမဝင်မှုများမှာ ဖောင်းပွများပြားသည်။ အာရှ-ပစိဖစ်ဒေသ နှင့် ပြည်တွင်းနှစ်ခုစလုံးတွင် တရားမဝင်သစ်ကူးသန်းရောင်းဝယ်ဖောက်ကားမှတစ်နှစ်ကို ဒေါ်လာ၁ဘီလီလျံရှိမည်ဟု ခန့်မှန်းနိုင်ပြီးစုစုပေါင်း သစ်ထုတ်ကုန်ကူးသန်းရောင်းဝယ်ခြင်း၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ တရုတ်နိုင်ငံသည် ဤတရားသစ်ကုန်ကူးသန်းရောင်းဝယ်ခြင်း အဓိကပါဝင်ပတ်သက်နေပြီးအင်ဒိုနီးရှား၊ မြန်မာ၊ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့်ပါပူအာနယူးဂီနီနိုင်ငံတို့မှ များပြားလှသောတရားမဝင်သစ်များကို လက်ခံဝယ်ယူနေသည်။
ထိုတရားမဝင် သစ်များကူးတန်းရောင်းဝယ်မှုပေါများနေခြင်းကြောင့် အာရှ- ပစိဖိတ်ဒေသမှ သစ်တောများနှင့် ဒေသခံလူထုကိုဆိုးရွားသည့် အကျိုးဆက်များသက်ရောက်စေသည်။ ဆော်လမွန်ကျွန်းစုနိုင်ငံတွင်တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်များသည် စဉ်ဆက်မပြတ်တည်တံ့ထိန်းသိမ်းနိုင်မည့် သစ်ခုတ်လှဲမှုနှုန်းထက် ၇ ဆ ခန့် ပိုများနေပြီး ၂၀၁၅ ခုနှစ်တွင် စီးပွားဖြစ်ထုတ်ယူခုတ်လှဲနိုင်သည့်သစ်တောများ ပြုန်းတီးကုန်တော့မည်ဖြစ်သည်။
ပါပူအာနယူးဂီနီနိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်လုံးများ တတိယအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်နေပြီး၎င်း၏သစ်တောသည်လည်း ဥပဒေအရာ ကာကွယ်ထိန်းသိမ်းမှု မရှိခြင်းနှင့်အကျင့်ပျက်ခြစားမှုများနှင့်ပြည့်နှက်နေသည်။ဥပမာအားဖြင့် ပါပူအာနယူးဂီနီသည် ၂၀၁၁ ခုနှစ်တွင်မလေးရှားသစ်ခုတ်သည့်ကုမ္ပဏီအား၎င်းတို့သတ်မှတ်ထားသည့် သစ်လုပ်ကွက် အပြင်ဘက်တွင် သစ်ခုတ်လှဲခြင်းကြောင့်ဒေါ်လာသန်း၁၀၀ ဒဏ်ရိုက်ခဲ့သည်။ ယခုလက်ရှိနှုန်းထားအတိုင်းဆိုလျှင်ဆယ်စုနှစ်၁ခုအတွင်းမှာ စီးပွားဖြစ်ထုတ်လုပ်နိုင်သောသစ်တောပြုန်းတီးသွားနိုင်သည်။
ဒေသအတွင်းမှာ သစ်ထုတ်လုပ်မှုမြင့်မားလာခြင်းသည် ရာဘာနှင့်ဆီးအုန်းစိုက်ခင်းများကဲ့သို့သော မြေယာလုပ်ပို်င ခွင့်များနှင့်ရေအားလျှပ်စစ်ဆည်တည်ဆောက်ခြင်းကဲ့သို့သော တည်ဆောက်ရေး လုပ်ငန်းများကြောင့်လည်းဖြစ်နိုင်သည်။ ထိုကဲ့သို့သော ဖွံဖြိုးရေးလုပ်ငန်းများသည်ဒေသခံပြည်သူလူနှင့် ပဋိပက္ခ ဖြစ်လာနိုင်သလို တရားမဝင် သစ်ခုတ်လှဲခြင်းအတွက် အကြောင်းပြစရာအချက်တစ်ချက်လည်းဖြစ်လာနိုင်သည်။
၂၀၁၂ ခုနှစ်တွင် ကဗ္ဘောဒီယန်းတက်ကြွလှုပ်ရှားသူချွမ်ဝပ်တီသည် တရားမဝင် မဟော်ဂနီသစ်များခုတ်လှဲသည့် ဆည်တည်ဆောက်ရေးစီမံကိန်းလုပ်နေသော တရုတ်ကုမ္ပဏီတစ်ခုကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ရဲများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
ဆက်လက်ဖော်ပြပါမည်။

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *