ဖျက်ဆီးခြင်း အာသာဆန္ဒ – Appetite For Destruction
(China’s Trade in Illegal Timber – 4)
(တရုတ်နိုင်ငံ၏ တရားမဝင်သစ်ကုန်သွယ်မှု-4)
သစ်ခွဲသားများ
မကြာသေးသော နှစ်များအတွင်းက သစ်ခွဲသားဝယ်ယူတင်သွင်းမှုများသည် သိသိသာသာမြင့်တက်လာခဲ့ပြီး၂၀၁၁ ခုနှစ်တွင် ၃၈.၈ သန်း ကုဗမီတာ (REW) ရှိခဲ့သည်။ ၂၀၁၁ခုနှစ် ကနေဒါနိုင်ငံမှ ၁၂.၃သန်းကုဗမီတာ(REW)နှင့် ရုရှား၁၀.၂သန်းကုဗမီတာ(REW)သစ်ခွဲသား၊ ပျဉ်တင်သွင်းမှုကိုအသီးသီးတင်သွင်းခဲ့ကြပြီး အမေရိကန်ပြည်ထောင်စု၊ ထိုင်းနှင့် ဥရောပသမဂ္ဂတို့ကို ဖြတ်ကျော်ကာ သစ်ခွဲသားတင်သွင်းမှုကို လွှမ်းမိုးထားခဲ့သည်။လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံသို့ သစ်တင်ပို့သည့် ထိပ်တန်း၁၀ နိုင်ငံများအနက်တရားမဝင် သစ်ခုတ်လှဲမှု အန္တရာယ် နည်းပါးသည့်နိုင်ငံများမှ သစ်ခွဲသားတင်ပို့မှုနှုန်း ၅၉ ရာခိုင်နှုန်း မြင့်တက်လာသောကြောင့် တရားမဝင်သစ်ခုတ်လှဲမှုအန္တရာယ် မြင့်မားသည့်နိုင်ငံများမှ တင်ပို့မှုနှုန်းလည်း ၄၁ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။ သို့ပါသော်လည်း သစ်တင်သွင်းမှုများ အရှိန်အဟုန်နဲ့မြင့်တက်လာသောကြောင့်၂၀၁၁ ခုနှစ်တွင် တရားမဝင် သစ်ခုတ်လှဲမှုအန္တရာယ် မြင့်မားသည့် နိုင်ငံများမှတင်ပို့မှုနှုန်းလည်း အမှန်တကယ်အားဖြင့် ၄၀၁ သန်းကုဗမီတာအထိ မြှင့်တက် လာခဲ့သည်။
အားလုံးကိုခြုံလိုက်လျှင် ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်တင်ပို့သည့်ထိပ်တန်း ၁၀ နိုင်ငံမှတင်သွင်းလာသည့် ၇၀.၄ သန်း ကုဗမီတာ(REW) သည် တရားမဝင်သစ်ခုတ်လှဲမှု အန္တရာယ်မြင့်မားသည့်နိုင်ငံများမှ တင်သွင်းခဲ့သည်။တရုတ်နိုင်ငံလက်ရှိတင်သွင်းနေသော သစ်ကုန်ကြမ်းပစ္စည်းများ၏ ထက်ဝက်ကျော်သည် တရားမဝင်သစ်ခုတ်လှဲမှုအန္တရာယ်မြင့်မားပြီး သစ်တောဆိုင်ရာစီမံအုပ်ချုပ်မှု ညံ့ဖျင်းသည့် နိုင်ငံများမှ တင်သွင်းလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ သစ်ထုတ်ကုန်တင်ပို့မှုများ
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နို်ငငံ၏ သစ်ထုတ်လုပ်တင်ပို့မှုသည် ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၄ဘီလီလျံအထိ၇ဆလောက် တိုးတက်မြင့်မားလာခဲ့ပြီးပမာဏအားဖြင့်သစ်ပျော့၊ စက္ကူ၊ သစ်ထုတ်ကုန်ပစ္စည်းများ ၇၁ သန်းကုဗမီတာ(REW) အထိရှိသည်။ စက္ကူမပါလျှင် တရုတ်နိုင်ငံ၏ ၂၀၁၀ ခုနှစ် သစ်ထုတ်ကုန်ပစ္စည်းတင်ပို့မှုမှာ ၄၈.၄ သန်းကုဗမီတာ (REW) ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လည ၂၄.၇ ဘီလီလျံရှိသည်။
သစ်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး သစ်ပရိဘောဂ ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံ၏ တန်ဖိုးအားဖြင့် အကြီးမားဆုံးသောတင်ပို့မှုအမျိုးအစားဖြစ်ပြီး ၂၀၁၀ခုနှစ်တွင်၁၉ သန်းကုဗမီတာ(REW) ပမာဏရှိသည့် သစ်များကိုအသုံးပြုခဲ့ပြီး အရောင်းတန်ဖိုးမှာ ဒေါ်လာ ၁၅ ဘီလီလျံ အထိရှိခဲ့သည်။ သစ်ကုဗမီတာ၁၆.၅သန်း အသုံးပြုထားပြီးဒေါ်လာ၃.၂၆ ဘီလီလျံတန်သည့် အထပ်သားနှင့်သစ်သားဘောင်များကျော်လွန်ကာ စက္ကူသည်တရုတ်နိုင်ငံအတွက်ဒုတိယအကြီးမားဆုံးသော တင်ပို့မှုအမျိုးအစားဖြစ်ပြီးသစ်ကုဗမီတာ ၂၃ သန်း (REW) ကိုအသုံးပြုထားကာ တန်ဖိုးအားဖြင့်ဒေါ်လာ ၉.၅၇ဘီလီယျံ ရှိသည်။အခြားကျန်ရှိသောတင်ပို့ကုန်များမှာ ကြမ်းခင်း၊ အလှဆင်ပစ္စည်းနှင့် ပြတင်းတံခါးများအပါအဝင် သစ်ထုတ်ကုန်အမျိုးမျိုးပါဝင်သည်။
တင်ပို့ကုန်များ၏ အဓိကဈေးကွက်မှအမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံအတွက်အကြီးဆုံးဈေးကွက်ဖြစ်ခဲ့ပြီးဒေါ်လာ ၇.၇ ဘီလီယျံတန်ဖိုးရှိသည့် ၁၁.၉ သန်းကုဗမီတာ (REW) ရှိသောသစ်ထုတ်ကုန်ပစ္စည်းများကိုတရုတ်နိုင်ငံမှ တင်သွင်းခဲ့သည့်အပြင် ဒေါ်လာ၁.၅ ဘီလီယျံ တန်ဖိုးရှိသည့် ၂.၉၉သန်းကုဗမီတာ(REW) ရှိသောစက္ကူဆိုင်ရာထုတ်ကုန်များကိုလည်းတင်သွင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စုနောက်မှဥရောပသမဂ္ဂကနောက်မှလိုက်နေပြီး ၈.၄၈သန်းကုဗမီတာ (REW) ရှိပြီးဒေါ်လာ၅ဘီလီယျံတန်ဖိုးရှိသည့် သစ်ထုတ်ကုန်များနှင့်ဒေါ်လာ၁.၃ ဘီလီလျံကျော်တန်သည့် ၂.၄ သန်းကုဗမီတာရှိသည့်စက္ကူဆိုင်ရာထုတ်ကုန်ကိုလည်း တရုတ်နိုင်ငံမှတင်သွင်းခဲ့သည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံအတွက် ၂၀၁၀ ခုနှစ်တွင် တတိယအကြီးမားဆုံးပြည်ပဈေးကွက်ဖြစ်ခဲ့ပြီး ဒေါ်လာ ၂.၁ ဘီလီလျံ တန်သည့်သစ်ထုတ်ကုန်ကုဗမီတာ၄ သန်းကိုတရုတ်နိုင်ငံမှမှာယူတင်သွင်းခဲ့သည့်အပြင် ဒေါ်လာ၉၂၀ တန်သော၂.၁ သန်း ကုဗမီတာရှိသည့် စက္ကူဆိုင်ရာထုတ်ကုန်များကိုလည်းတရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းသစ်ထုတ်ကုန်သုံးစွဲမှု
တရုတ်နိုင်ငံ၏ ပြည်တွင်းသစ်ထုတ်ကုန်သုံးစွဲမှုကို ယုံကြည်နိုင်လောက်သောစာရင်းဇယားရရှိရန် ခက်ခဲသော်လည်း လက်လှမ်းမီသလောက်ရရှိသောသတင်းအချက်အလက်များနှင့်သီခြားအထူးပြုထားသည့် စီးပွားရေးကဏ္ဍများ၏ စာရင်းများအရ တရုတ်နိုင်ငံသည် ပိုမိုချမ်းသာကြွယ်ဝလာပြီး ၎င်း၏သစ်သုံးစွဲမှု လိုအပ်ချက်မှာလည်းတစ်ဟုန်ထိုးမြင့်တက်လာနေသည်ဟုဆိုသည်။ယခင်ကာလများတွင်တရားမဝင်သစ်ခုတ်လှဲထားသည့်သစ်တင်သွင်းမှုများအပေါ် စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်ခဲ့ရသောအခါ တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံအနေနှင့်သစ်အတော်များများကိုအချောကိုင်ပြင်ဆင်ထုတ်ပိုးပြီးပြန်လည်တင်ပို့သည့်အတွက်ပြင်ဆင်ထုတ်ပိုးသူမျှသာဖြစ်ပြီးတန်ဖိုးအကျိုးအမြတ်အားလုံးနီးပါးသည် အမေရိကန်ပြည်ထောင်စုကဲ့သို့သော သုံးစွဲသူဈေးကွက်များအတွင်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း တုံ့ပြန်ခဲ့သည်။ ဤတုံ့ပြန်ငြင်းဆိုချက်သည် အကျုံးမဝင်တော့ဘဲ ယခုအခါ တရုတ်နိုင်ငံသည် သုံးစွဲသူဈေးကွက်တစ်ခုဖြစ်နေပေသည်။
တရုတ်နိုင်ငံ၏ပြည်တွင်း သစ်ထုတ်ကုန်သုံးစွဲမှုကိုမြင့်တက်စေခဲ့သောအဓိကတွန်းအားပေးသည့် ကဏ္ဍဖြစ်ပြီး အစိုးရ၏ငါးနှစ်စီမံကိန်းအရ ၂၀၁၆ ခုနှစ်တွင် ဈေးသက်သာသည့် အိမ်ယာ ၃၆ သန်းကိုအပြီးဆောက်ရန်ချမှတ်ထားသည်။ (၁၃) အိမ်ရာပိုင်ဆိုင်မှုနှင့်ဆောက်လုပ်ရေးကဏ္ဍတိုးတက်လာမှုသည် သစ်သားကြမ်းခင်း၊ ပရိဘောဂ၊ သစ်သားဘောင်နှင့် အထပ်သားကဲသို့ သော သစ်ထုတ်ကုန်ပစ္စည်းများလိုအပ်မှုကို တွန်းအားပေး မြှင့်တက်လာစေခဲ့သည်။
ပြည်တွင်း သစ်သားပရိဘောဂ ရောင်းအားမှာ ၂၀၀၆ခုနှစ်တွင် ဒေါ်လာ ၁၀ဘီလီလျံခန့်ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင်ဒေါ်လာ၂၉ဘီလီလျံခန့်အထိမြင့်တက်လာခဲ့ပြီးလေးနှစ်အတွင်း ၄ဆ တိုးတက်လာခဲ့ကာ တရုတ်နို်ငငံမှ ပြည်ပသို့တင်ပို့သည့်သစ်ထုတ်ကုန်အားလုံး၏ ၈၄ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသည်။ ထိုအထဲတွင် ရှားပါးပြီးတန်ဖိုးကြီးသည့်သစ်မာများနှင့် အဆင့်မြင့်ထုတ်လုပ်ထားသော သစ်ထုတ်ကုန်ပစ္စည်းများ လည်းပါဝင်သည်။ ၂၀၁၀ ခုနှစ်တွင် တရုတ်ကြမ်းခင်းသစ်သားများ၏ ရောင်းအားပမာဏမှာ ၃၉၈စတုရန်းမီတာ ရှိပြီး တစ်နှစ်အတွင်းမှာ ၂၆ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။
၂၀၀၇ခုနှစ်တွင် Deutsche ဘဏ်၏ ခန့်မှန်းချက်အရ တရုတ်နို်င်ငံသည် ၎င်း၏ ၁၆ ရာခိုင်နှုန်းသော သစ်ထုတ်ကုန်များကိုသာ ပြည်ပသို့ တင်ပို့ခဲ့ပြီး ကျန်ရှိသည့်သစ်ထုတ်ကုန်ပစ္စည်းများအားလုံးကို ပြည်တွင်းမှာသာ သုံးစွဲခဲ့သည်ဟုခန့်မှန်းထားသည်။ (၁၅) အခြားသော လေ့လာမှု အားလုံးများအရလည်း အထက်ပါ ခန့်မှန်းတွက်ချက်နှင့်နည်းတူပြည်တွင်း သစ်ထုတ်ကုန်သုံးစွဲမှုသည် ထုတ်လုပ်မှုအားလုံးစုစုပေါင်း၏ ၇၅-၈၅ ရာခို်ငနှုန်းအကြားရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ဆက်လက်ဖော်ပြပါမည်။

0 Comments