ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ Training Seminar ကျင်းပမည့်နေ့ရက် ရွှေ့ပြောင်းခြင်းကိစ္စ အသိပေးအကြောင်းကြားခြင်း
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုတက်ရေးအသင်းသည် ရန်ကုန်တက္ကသိုလ် Environment and Water Studies (EWS) ဌာနနှင့်ပူးပေါင်းကာ ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ Seminar Workshop ကို ရန်ကုန်တက္ကသိုလ် EWS ဌာနတွင် စက်တင်ဘာ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပရန်ရည်ရွယ်ထားသော်လည်း Training Seminar ကျင်းပမည့် ရက်သတ္တပတ်မှာ စာမေးပွဲကာလဖြစ်နေပါသောကြောင့် ကျင်းပမည့်နေ့ရက်ကို အောက်ပါအတိုင်းပြောင်းရွှေ့လိုက်သည်။
ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၃၀) ရက် မှ အောက်တိုဘာ (၂) ရက် နေ့
ကျင်းပမည့်အချိန်။ ။ နံနက် (၉)နာရီမှ ညနေ (၅)နာရီ
ကျင်းပမည့်နေရာ။ ။ Environment and Water Studies (EWS) ဌာန၊ ရန်ကုန်တက္ကသိုလ် ResearchCenter (စိမ်းလန်းစိုပြေ ဝင်ပေါက်ဘေး)။
မှတ်ချက်။ ။ လူဦးရေကန့်သက်ချက်ရှိသောကြောင့် တက်ရောက်လိုသူများ အနေဖြင့် စာရင်းပေးသွင်းရမည်ဖြစ်သည်။
ယခုတစ်ကြိမ် သင်တန်းဆွေးနွေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် စာရင်းမပေးသွင်းလိုက်သူများအတွက် နောင်လာမည့် လတွေမှာ ကျင်းပမည့် အလားတူသင်တန်းဆွေးနွေးပွဲ များကျင်းပသွားမည်ဖြစ်သောကြောင့် A-2၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန် သို့ ရုံးချိန်(နံနက် ၉နာရီမှ ညနေ ၅နာရီ)အတွင်း လူကိုယ်တိုင်လာရောက်၍ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
zawgyi ဖြင့်ဖတ်ရန်
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုတက်ရေးအသင်းသည် ရန်ကုန်တက္ကသိုလ် Environment and Water Studies (EWS) ဌာနနှင့်ပူးပေါင်းကာ ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ Training Seminarကို ရန်ကုန်တက္ကသိုလ် EWS ဌာနတွင် စက်တင်ဘာ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပရန်ရည်ရွယ်ထားသော်လည်း Training Seminar ကျင်းပမည့် ရက်သတ္တပတ်မှာ စာမေးပွဲကာလဖြစ်နေပါသောကြောင့် ကျင်းပမည့်နေ့ရက်ကို အောက်ပါအတိုင်းပြောင်းရွှေ့လိုက်သည်။
0 Comments